လှိုင်ဘွား(JHA)
29-6-2020
အိန ္ဒိယ-တရုတ်နယ်စပ်အရေးတင်းမာ မှု စစ်မီးတောက် ခဲ့ရင် မြေဇာ ပင် အိမ် နီးခြင်း နိုင်ငံနယ်တွေအတွက်တော့ ခြောက်ခြားစရာ အိပ်မက်ဆိုးကြီး ပါ
အိန္ဒိယ-တရုတ် နယ်စပ် အရေး တင်းမာမှု ဒီလောက် နဲ့ပြီးသွား ရင်တော့ ။ တရုတ် အတွက် သက်သာရာ ရမယ်…မပြီးရင်တော့မ လွယ်ဘူးပဲ….
စိနတွေဟာ တကမ္ဘာလုံး နဲ့ ပတ်ကိုက်နေတဲ့ ပုံစံဖြစ်မယ် သူ့ဘက်က မဟာမိတ်ဆို လို့ပြစရာသေချာ ကိုမရှိတာ ရုရှားလား…နိုးပါ၊ ငပူတင်ဟာ ငပိန်းမဟုတ်ဘူး နောက်ပြီး ရုရှားသမိုင်းကိုကြည့်၊ပီတာသယ် ဂရိတ်ခေတ်ကတည်းက ရုရှားဟာ အနောက်တိုင်း ကိုမျှော်ပြီးနေတာ အခုထိပဲ…
ကမ္ဘာစစ်2-ခုလုံးမှာလည်းမဟာ မိတ်ဘက် က အရေးအကြောင်းဆို ရုရှားက အနောက်ကို ယိမ်းပြီးရပ်မှာ aသချာတယ် အခုပဲ အိန္ဒိယ ကို S-400 တွေကို အမြန်ပို့တော့မယ်၊
အရေးအကြောင်းဆို…ရုရှားဟာတျုတ်ရဲ့ မဟာမိတ်မဖြစ်နိုင်ဘူး …
မြောက်ကိုရီးယားကလည်း တျုတ်ဘက်ကရပ်မယ် ထင်သလား တျုတ်ဟာ သမိုင်းတလျှောက်လုံး ကိုရီးယားကျွန်းဆွယ် ကို အုပ်စီးခဲ့ကြတာ ၊ကွီးယားတွေကမေ့ထားမယ် ထင်သလား ဒီတော့တျုတ်ဟာတကမ္ဘာလုံးနဲ့တျောက်ဆိုသလိုဖြစ်နေတာ ။ ပါကစ္စတန် ကိုအားကိုးလို့ရမယ် ထင်သလား…။ စိတ်ချ၊မရစေရဘူး၊ ပါကစ္စတန်ဟာယန်ကီးတွေဘက်ရပ်သလို နဲ့ အယ်ကေဒါတွေကို လက်သပ်မွေးခဲ့တာမမေ့ နဲ့ ….။မီးစတဖက်ရေမှုတ်တဖက်အတတ်ကိုတဖက်ကမ်းခတ်ပြီးသား…
အိန္ဒိယ ကိုကြည့်ရင်… အိန္ဒိယရဲ့ ကာကွယ်ရေးမူဝါဒဟာတျုတ်ကိုအသားပေးတည်ဆောက် ထားတာဗျ၊ ပါကစ္စတန်ကိုပဲရန်လိုနေတဲ့ဟန်ပဲမြင်နေရတာ အိန္ဒိယရဲ့မဟာဗျူဟာပဲ နဂိုကတည်းကအိန္ဒိယဟာ ပင်လယ်ပြာကို စိုးမိုးထားနိုင် ခဲ့တဲ့သူ ။ ဒီနေရာမှာ လူတွေသိပ်မသိသေးတဲ့ အဖွဲ့တခုရှိတယ် ။ QUAD ဆိုတဲ့ အဖွဲ့ပဲ ၊ ကျွန်တော် အရင်က တည်းကပြောနေဖူး တယ် ။ နောက်မှ အသေးစိတ်ထပ်ရေးမယ်….
QUAD-အဖွဲ့ဟာ ယန်ကီး၊ ဂျပန် ၊ဩဇီ နဲ့ အိန္ဒိယတို့ပါတဲ့ 4 နိုင်ငံမဟာမိတ် အဖွဲ့ အင်ဒိုပစိဖိတ်ဗျူဟာရဲ့ အဓိကလက်ရုံးကြီးတခု အာရှတိုက်ရဲ့နေတိုး အဖွဲ့။ ဒါဆိုသဘောပေါက်လောက်ပါပြီနော် …။ တကယ်လို့ အိန္ဒိယ တရုတ်နယ်စပ်အရေးကနေ စစ်မီးကြီးထ,တောက်လာခဲ့ရင်… အိန္ဒိယဘက်မှာအနောက်အုပ်စုကရှိနေမှာ သေချာတယ် …။
အိန္ဒိယသမုဒ္ဒရာနဲ့ပစိဖိတ်သမုဒ္ဒရာမှာက QUAD-တွေရှိနေ မယ် Containment Policy နဲ့ တျုတ်တွေ,မှဲ့လာမလား … ( ဆိုဗီယက်က သက်သေ ရှိတယ် ၊ အချိန် နဲနဲ စောင့်ဖို့တော့ လိုတယ် ) စစ်ပူကြီးဖြစ်ပြီး တျုတ် အသီးကင်း အဖြစ်စုတေသွားတာ ခံမလား …။ ဒီလိုလမ်း 2-သွယ်ရှိတယ် …။ တာကောကြီး ကလည်းငပိန်းတော့ မဟုတ်ဘူး … သိမှာသေချာ တယ် …။
နှစ်ငါးထောင်ရှိတဲ့ ယဉ်ကျေးမှု ရှိတယ် ဆိုတဲ့ ပဒေသရာဇ် အတွေး ကို နှစ် တသောင်းယဉ်ကျေးမှု ကို ပိုင်ဆိုင်တဲ့သူက ဘယ်လို Control လုပ်မလည်းဆိုတာ စိတ်ဝင်စားစရာ ပဲ။ ပတ်ဝန်းကျင်က နိုင်ငံငယ်လေးတွေ အတွက်တော့ ခြောက်ခြားစရာ အိပ်မက်ဆိုးကြီး လိုနေမှာ ပဲ စောင့်ကြည့်ကြစို့…
နိုင်ငံငယ်တွေ အတွက် ကတော့ ဒစ်ပလိုမေစီသာ ကိုးကွယ်ရာပဲ …
လှိုင်ဘွား(JHA)
29-6-2020
Add a Comment
Your email address will not be published. Required fields are marked *