တရုတ္ တြင္ ေတြ႕ရွိ လာေသာ တုပ္ေကြး ပိုးသစ္ ကူးစက္ ကပ္ေရာ ဂါ အျဖစ္ က မာၻ ကိုျခိမ္းေျခာက္လာႏိုင္ဟု သိပၸံပညာရွင္မ်ားေျပာၿပီ

တ႐ုတ္ မွာ ေတြ႕ရတဲ့ ဝက္တုပ္ေကြး ဗိုင္းရပ္စ္သစ္ တစ္မ်ိဳး က ကပ္ေရာဂါ အသြင္ ျဖစ္လာနိုင္ တဲ့ အလားအလာ ရွိမႈကို သုေတသီေတြက ေတြ႕ရွိခဲ့ေၾကာင္း ဇြန္ ၂၉ ရက္ေန႕က အေမရိကန္ သိပၸံပညာဂ်ာနယ္ Proceedings of the National Academy of Sciences ( PNAS ) မွာ ေဖာ္ျပထားတဲ့ ေလ့လာမႈတစ္ခုအရ သိရွိရ ပါတယ္။

ကမာၻ႔ကူးစက္ကပ္ေရာဂါျဖစ္လာနိုင္တဲ့ တုပ္ေကြးပိုးသစ္တစ္မ်ိဳးကို သိပၸံပညာရွင္ေတြက တ႐ုတ္နိုင္ငံမွာ ရွာေတြ႕ခဲ့ပါတယ္ ။ ဒီပိုးက အခုတေလာမွာမွ ထြက္ေပၚလာတာ ျဖစ္ၿပီး ဝက္ေတြ မွာ ဒီပိုးသယ္ေဆာင္ထား ျဖစ္ပါတယ္။ အဲဒီပိုးက လူေတြကိုလည္း ကူးစက္လာနိုင္တယ္လို႔ သိပၸံပညာရွင္ေတြက ေျပာပါတယ္။

အဲဒီပိုးသစ္ဟာ မ်ိဳးဗီဇ ထပ္ေျပာင္း လဲသြားနိုင္လို႔ လူခ်င္း လြယ္လြယ္ကူကူ ကူးစက္ရာက တစ္ကမာၻလုံးကူးစက္ေရာဂါ ျဖစ္သြားမွာ ကို သုေတသနသမားေတြက စိုးရိမ္ေနၾကပါတယ္။

အဲဒါက ခ်က္ခ်င္းျဖစ္လာမယ့္ ျပႆနာ မဟုတ္ေပမဲ့ လူေတြကို ကူးစက္နိုင္မယ့္ လကၡဏာအျပည့္ရွိလို႔ အနီးကပ္ ေစာင့္ၾကည့္ဖို႔ လိုအပ္ပါတယ္။ၿပီးေတာ့ အဲဒီပိုးက အသစ္ျဖစ္လို႔ လူေတြက ဒီပိုးကို ခုခံအား နည္းနည္းပဲရွိတာ ဒါမွမဟုတ္ လုံးဝ မခုခံနိုင္တာေတြ ျဖစ္နိုင္ပါတယ္။

တရုတ္တြင္ ေတြ႕ရွိလာေသာ တုပ္ေကြးပိုးသစ္ ကူးစက္ကပ္ေရာဂါအျဖစ္ ကမာၻကိုျခိမ္းေျခာက္လာႏိုင္ဟု သိပၸံပညာရွင္မ်ားေျပာ

ဝက္ေတြမွာေတြ႕ရတဲ့ ပိုးကို ထိန္းခ်ဳပ္ဖို႔နဲ႕ ဝက္ထုတ္လုပ္ေရးက လုပ္သားေတြကို ေသခ်ာေစာင့္ၾကည့္တာေတြ ျမန္ျမန္ဆန္ဆန္လုပ္ဖို႔ Proceedings of the National Academy of Sciences ဂ်ာနယ္မွာ သိပၸံပညာရွင္ေတြက ေရးထားပါတယ္။

ကမာၻ႔ကူးစက္ေရာဂါ ၿခိမ္းေျခာက္မႈ

လက္ရွိ ကိုရိုနာ ကူးစက္ေရာဂါ ကို တိုက္ဖ်က္ေနတုန္းမွာပဲ အခု အသစ္ေတြ႕ရတဲ့ တုပ္ေကြးပိုးသစ္ဟာ ပညာရွင္ေတြ ထိပ္ဆုံးက ေစာင့္ၾကည့္ ရတဲ့ ေရာဂါၿခိမ္းေျခာက္မႈေတြထဲ က တစ္ခု ျဖစ္လာ ပါတယ္ ။

အခုကူးစက္မႈ မတိုင္ခင္ ကမာၻ မွာ ေနာက္ဆုံးႀကဳံခဲ့ရတဲ့ ကပ္အသြင္ တုပ္ေကြးကူးစက္မႈက ၂၀၀၉ ခုႏွစ္က ဝက္တုပ္ေကြး ျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီတုန္းက ထင္ထားထက္ လူေသဆုံးမႈ နည္းခဲ့ ပါတယ္ ။

အဲဒီလို ေသဆုံးမႈ နည္းတာက ဒီပိုး ကို အသက္ႀကီးရင့္သူေတြက ခံနိုင္ရည္ရွိၾကတာက အဓိက ျဖစ္တဲ့ အျပင္ အဲဒီပိုးက အရင္ႏွစ္ေတြက ျဖစ္ခဲ့ဖူးတဲ့ တျခား တုပ္ေကြးပိုးေတြနဲ႕ ဆင္တူတာေၾကာင့္လည္း ျဖစ္နိုင္ ပါတယ္။

တရုတ္တြင္ ေတြ႕ရွိလာေသာ တုပ္ေကြးပိုးသစ္ ကူးစက္ကပ္ေရာဂါအျဖစ္ ကမာၻကိုျခိမ္းေျခာက္လာႏိုင္ဟု သိပၸံပညာရွင္မ်ားေျပာ

ဝက္တုပ္ေကြး A/ H1N1pdm09 လို႔ ေခၚတဲ့ ဗိုင္းရပ္စ္ ကို အခုအခါ မွာ ႏွစ္စဥ္ ကာကြယ္ေဆး နဲ႕ လူေတြ ကို ကာကြယ္ထား ပါတယ္။

အခု တ႐ုတ္ မွာ အသစ္ေတြ႕ရတဲ့ တုပ္ေကြးပိုးဟာ ၂၀၀၉ ဝက္တုပ္ေကြး နဲ႕ ဆင္တူပါတယ္ ။ ဒါေပမဲ့ သူ႕မွာ အေျပာင္းအလဲ အသစ္ တခ်ိဳ႕ေတာ့ ရွိပါတယ္။ အခုထိေတာ့ ဒီပိုးသစ္က ၿခိမ္းေျခာက္မႈ ႀကီးႀကီးမားမား မရွိေသးေပမဲ့ ေစာင့္ၾကည့္ရမယ့္ ပိုးျဖစ္တယ္ လို႔ အဲဒီပိုး ကို ေလ့လာေနတဲ့ ပါေမာကၡ ကင္ေခ်ာင္ခ်န္နဲ႕ အဖြဲ႕က ေျပာပါတယ္။

ဘယ္ေလာက္စိုးရိမ္သင့္လဲ

G4 EA H1N1 လို႔ သုေတသီေတြက နာမည္ေပးထားတဲ့ အဲဒီပိုးသစ္က လူေတြရဲ႕ အသက္ရႉလမ္းေၾကာင္းက ဆဲလ္ေတြထဲမွာ ျပန့္ပြားနိုင္ပါတယ္။

တ႐ုတ္က သားသတ္႐ုံနဲ႕ ဝက္ထုတ္လုပ္ေရးမွာ လုပ္တဲ့ လူေတြရဲ႕ ၂၀၁၁ ကေန ၂၀၁၈ ခုႏွစ္အတြင္း အခ်က္အလက္ေတြအရ ဒီပိုး လူေတြမွာ လတ္တေလာ ကူးစက္တဲ့ အေထာက္အထားကို သုေတသီေတြက ေတြ႕ခဲ့တာပါ။

ကိုဗစ္က ေနာက္ဆုံးကပ္ေရာဂါ မဟုတ္ေသး

လက္ရွိ ရွိေနတဲ့ ကာကြယ္ေဆးေတြက ဒီပိုးကို ကာကြယ္နိုင္ေျခ မရွိပါဘူး။ ဒါေပမဲ့ လိုအပ္လာရင္ ေျပာင္းထုတ္နိုင္ေျခ ရွိေကာင္း ရွိနိုင္ပါတယ္။

အ ခုေတာ့ ကြၽန္ေတာ္ တို႔ ကိုရိုနာဗိုင္းရပ္စ္ နဲ႕ အလုပ္မ်ားေန ပါတယ္ ။ ဒါေပမဲ့ အႏၲရာယ္ ျဖစ္လာနိုင္ေျခရွိတဲ့ ပိုးသစ္ေတြ ကို ေမ့မထားသင့္ဘူး လို႔ ယူေက ေနာ္တင္ဂမ္ တကၠသိုလ္က ပါေမာကၡ ကင္ေခ်ာင္ခ်န္က ေျပာ ပါ တယ္ ။

သီအိုရီ အရ တုပ္ေကြး ကပ္ေရာဂါက အခ်ိန္မေ႐ြး ျဖစ္လာနိုင္ေပမဲ့ ျဖစ္ေတာင့္ ျဖစ္ခဲ အေျခအေနပါ။

တုပ္ေကြး ဗိုင္းရပ္စ္ေတြက မ်ိဳးဗီဇ အၿမဲတမ္းေျပာင္းလဲေန လို႔ တုပ္ေကြး ကာကြယ္ေဆးေတြ ကို လည္း လိုက္ေျပာင္း ထုတ္ေနရေပမဲ့ အမ်ား အားျဖင့္ ကပ္ေရာဂါ အသြင္ေတာ့ အၿမဲျဖစ္လာေလ့ မရွိပါဘူး။

Source; BBC

တရုတ် တွင် တွေ့ရှိ လာသော တုပ်ကွေး ပိုးသစ် ကူးစက် ကပ်ရော ဂါ အဖြစ် က မ္ဘာ ကိုခြိမ်းခြောက်လာနိုင်ဟု သိပ္ပံပညာရှင်များပြောပြီ

တရုတ် မှာ တွေ့ရတဲ့ ဝက်တုပ်ကွေး ဗိုင်းရပ်စ်သစ် တစ်မျိုး က ကပ်ရောဂါ အသွင် ဖြစ်လာနိုင် တဲ့ အလားအလာ ရှိမှုကို သုတေသီတွေက တွေ့ရှိခဲ့ကြောင်း ဇွန် ၂၉ ရက်နေ့က အမေရိကန် သိပ္ပံပညာဂျာနယ် Proceedings of the National Academy of Sciences ( PNAS ) မှာ ဖော်ပြထားတဲ့ လေ့လာမှုတစ်ခုအရ သိရှိရ ပါတယ်။

ကမ္ဘာ့ကူးစက်ကပ်ရောဂါဖြစ်လာနိုင်တဲ့ တုပ်ကွေးပိုးသစ်တစ်မျိုးကို သိပ္ပံပညာရှင်တွေက တရုတ်နိုင်ငံမှာ ရှာတွေ့ခဲ့ပါတယ် ။ ဒီပိုးက အခုတလောမှာမှ ထွက်ပေါ်လာတာ ဖြစ်ပြီး ဝက်တွေ မှာ ဒီပိုးသယ်ဆောင်ထား ဖြစ်ပါတယ်။ အဲဒီပိုးက လူတွေကိုလည်း ကူးစက်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အဲဒီပိုးသစ်ဟာ မျိုးဗီဇ ထပ်ပြောင်း လဲသွားနိုင်လို့ လူချင်း လွယ်လွယ်ကူကူ ကူးစက်ရာက တစ်ကမ္ဘာလုံးကူးစက်ရောဂါ ဖြစ်သွားမှာ ကို သုတေသနသမားတွေက စိုးရိမ်နေကြပါတယ်။

အဲဒါက ချက်ချင်းဖြစ်လာမယ့် ပြဿနာ မဟုတ်ပေမဲ့ လူတွေကို ကူးစက်နိုင်မယ့် လက္ခဏာအပြည့်ရှိလို့ အနီးကပ် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ပြီးတော့ အဲဒီပိုးက အသစ်ဖြစ်လို့ လူတွေက ဒီပိုးကို ခုခံအား နည်းနည်းပဲရှိတာ ဒါမှမဟုတ် လုံးဝ မခုခံနိုင်တာတွေ ဖြစ်နိုင်ပါတယ်။

တရုတ်တွင် တွေ့ရှိလာသော တုပ်ကွေးပိုးသစ် ကူးစက်ကပ်ရောဂါအဖြစ် ကမ္ဘာကိုခြိမ်းခြောက်လာနိုင်ဟု သိပ္ပံပညာရှင်များပြော

ဝက်တွေမှာတွေ့ရတဲ့ ပိုးကို ထိန်းချုပ်ဖို့နဲ့ ဝက်ထုတ်လုပ်ရေးက လုပ်သားတွေကို သေချာစောင့်ကြည့်တာတွေ မြန်မြန်ဆန်ဆန်လုပ်ဖို့ Proceedings of the National Academy of Sciences ဂျာနယ်မှာ သိပ္ပံပညာရှင်တွေက ရေးထားပါတယ်။

ကမ္ဘာ့ကူးစက်ရောဂါ ခြိမ်းခြောက်မှု

လက်ရှိ ကိုရိုနာ ကူးစက်ရောဂါ ကို တိုက်ဖျက်နေတုန်းမှာပဲ အခု အသစ်တွေ့ရတဲ့ တုပ်ကွေးပိုးသစ်ဟာ ပညာရှင်တွေ ထိပ်ဆုံးက စောင့်ကြည့် ရတဲ့ ရောဂါခြိမ်းခြောက်မှုတွေထဲ က တစ်ခု ဖြစ်လာ ပါတယ် ။

အခုကူးစက်မှု မတိုင်ခင် ကမ္ဘာ မှာ နောက်ဆုံးကြုံခဲ့ရတဲ့ ကပ်အသွင် တုပ်ကွေးကူးစက်မှုက ၂၀၀၉ ခုနှစ်က ဝက်တုပ်ကွေး ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ထင်ထားထက် လူသေဆုံးမှု နည်းခဲ့ ပါတယ် ။

အဲဒီလို သေဆုံးမှု နည်းတာက ဒီပိုး ကို အသက်ကြီးရင့်သူတွေက ခံနိုင်ရည်ရှိကြတာက အဓိက ဖြစ်တဲ့ အပြင် အဲဒီပိုးက အရင်နှစ်တွေက ဖြစ်ခဲ့ဖူးတဲ့ တခြား တုပ်ကွေးပိုးတွေနဲ့ ဆင်တူတာကြောင့်လည်း ဖြစ်နိုင် ပါတယ်။

တရုတ်တွင် တွေ့ရှိလာသော တုပ်ကွေးပိုးသစ် ကူးစက်ကပ်ရောဂါအဖြစ် ကမ္ဘာကိုခြိမ်းခြောက်လာနိုင်ဟု သိပ္ပံပညာရှင်များပြော

ဝက်တုပ်ကွေး A/ H1N1pdm09 လို့ ခေါ်တဲ့ ဗိုင်းရပ်စ် ကို အခုအခါ မှာ နှစ်စဉ် ကာကွယ်ဆေး နဲ့ လူတွေ ကို ကာကွယ်ထား ပါတယ်။

အခု တရုတ် မှာ အသစ်တွေ့ရတဲ့ တုပ်ကွေးပိုးဟာ ၂၀၀၉ ဝက်တုပ်ကွေး နဲ့ ဆင်တူပါတယ် ။ ဒါပေမဲ့ သူ့မှာ အပြောင်းအလဲ အသစ် တချို့တော့ ရှိပါတယ်။ အခုထိတော့ ဒီပိုးသစ်က ခြိမ်းခြောက်မှု ကြီးကြီးမားမား မရှိသေးပေမဲ့ စောင့်ကြည့်ရမယ့် ပိုးဖြစ်တယ် လို့ အဲဒီပိုး ကို လေ့လာနေတဲ့ ပါမောက္ခ ကင်ချောင်ချန်နဲ့ အဖွဲ့က ပြောပါတယ်။

ဘယ်လောက်စိုးရိမ်သင့်လဲ

G4 EA H1N1 လို့ သုတေသီတွေက နာမည်ပေးထားတဲ့ အဲဒီပိုးသစ်က လူတွေရဲ့ အသက်ရှူလမ်းကြောင်းက ဆဲလ်တွေထဲမှာ ပြန့်ပွားနိုင်ပါတယ်။

တရုတ်က သားသတ်ရုံနဲ့ ဝက်ထုတ်လုပ်ရေးမှာ လုပ်တဲ့ လူတွေရဲ့ ၂၀၁၁ ကနေ ၂၀၁၈ ခုနှစ်အတွင်း အချက်အလက်တွေအရ ဒီပိုး လူတွေမှာ လတ်တလော ကူးစက်တဲ့ အထောက်အထားကို သုတေသီတွေက တွေ့ခဲ့တာပါ။

ကိုဗစ်က နောက်ဆုံးကပ်ရောဂါ မဟုတ်သေး

လက်ရှိ ရှိနေတဲ့ ကာကွယ်ဆေးတွေက ဒီပိုးကို ကာကွယ်နိုင်ခြေ မရှိပါဘူး။ ဒါပေမဲ့ လိုအပ်လာရင် ပြောင်းထုတ်နိုင်ခြေ ရှိကောင်း ရှိနိုင်ပါတယ်။

အ ခုတော့ ကျွန်တော် တို့ ကိုရိုနာဗိုင်းရပ်စ် နဲ့ အလုပ်များနေ ပါတယ် ။ ဒါပေမဲ့ အန္တရာယ် ဖြစ်လာနိုင်ခြေရှိတဲ့ ပိုးသစ်တွေ ကို မေ့မထားသင့်ဘူး လို့ ယူကေ နော်တင်ဂမ် တက္ကသိုလ်က ပါမောက္ခ ကင်ချောင်ချန်က ပြော ပါ တယ် ။

သီအိုရီ အရ တုပ်ကွေး ကပ်ရောဂါက အချိန်မရွေး ဖြစ်လာနိုင်ပေမဲ့ ဖြစ်တောင့် ဖြစ်ခဲ အခြေအနေပါ။

တုပ်ကွေး ဗိုင်းရပ်စ်တွေက မျိုးဗီဇ အမြဲတမ်းပြောင်းလဲနေ လို့ တုပ်ကွေး ကာကွယ်ဆေးတွေ ကို လည်း လိုက်ပြောင်း ထုတ်နေရပေမဲ့ အများ အားဖြင့် ကပ်ရောဂါ အသွင်တော့ အမြဲဖြစ်လာလေ့ မရှိပါဘူး။

Source; BBC

Add a Comment

Your email address will not be published. Required fields are marked *