တတ္ႏိုင္ စြမ္းသေ႐ြ႕ အားတင္း ရင္ဆိုင္ ျဖတ္သန္းၾကရမယ့္ ျမန္မာ ျပည္ အေျခအေန…..

တတ္ႏိုင္စြမ္း သေ႐ြ႕…

ျမန္မာႏိုင္ငံဟာ လက္ရွိမွာ COVID ေရာဂါေၾကာင့္ ထိခိုက္ ေသဆုံးသူ အနည္းဆုံးႏိုင္ငံေတြထဲက တခုပါ။ အဲဒီလိုျဖစ္ေအာင္ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ျပည္သူေတြ၊ အစိုးရ အားလုံး တက္ညီလက္ညီလုပ္ေဆာင္ခဲ့ပါတယ္။ လက္ရွိမွာ ေရာဂါဘက္ပိုင္းမွာ အဆင္ေျပေနေပမယ့္ ေရာဂါေၾကာင့္ ထိခိုက္ ရတဲ့ စီးပြားေရး က႑ကေတာ့ နလန္ထူဖို႔ အေတာ္လုပ္ရမွာပါ။

နဂိုက ၂၀၂၀ မွာ ျမန္မာ့စီးပြားေရးတိုးတက္မႈႏႈန္းဟာ အေတာ္ျမင့္ ခဲ့ဖို႔ရွိေပမယ့္ အခုအခါမွာေတာ့ အေတာ္က်ဆင္းသြားပါတယ္။ စီးပြားေရးအထိခိုက္ဆုံးကာလေတြဟာ ယခုလာမယ့္ ဇူလိုင္ကေန ေနာက္ႏွစ္ဆန္းပိုင္းေလာက္ထိ ျဖစ္လာမွာပါ။ အစပိုင္းမွာ ရွိတာေတြ ထုတ္စားႏိုင္ေပမယ့္ ဒီေနာက္ပိုင္းကာလေတြကမွ အဓိက အၾကပ္အတည္း ျဖစ္လာမွာပါ။ ဒီကာလကို ျဖတ္သန္းႏိုင္ဖို႔ ႀကိဳးစားၾကရပါမယ္။ ျပည္တြင္းမွာေတာ့ အားလုံးပုံမွန္အတိုင္းျဖစ္လာေအာင္ တျဖည္းျဖည္း ခြင့္ျပဳေပးေနပါတယ္။ ႏိုင္ငံျခားတိုင္းျပည္ေတြနဲ႔ ကူးလူးဆက္ဆံမႈကေတာ့ ပုံမွန္အတိုင္း မရွိေသးပါဘူး။

သတင္းေကာင္းတခုကေတာ့ ဒီကေန႔မွာ ကမာၻ႔ေငြေၾကး ရန္ပုံေငြအဖြဲ႕ (IMF) က ျမန္မာႏိုင္ငံ ကို အေရးေပၚရန္ပုံေငြအျဖစ္ ေခ်းေငြေဒၚလာသန္းေပါင္း ၃၅၆.၅ သန္း ထုတ္ေပးလိုက္ပါတယ္။ ဒီလိုထုတ္ေပးျခင္းဟာ စီးပြားေရးက႑ျပန္လည္နလန္ထူေစဖို႔ ျဖစ္သလို အစိုးရရဲ႕ CERP ကို ေထာက္ပံ့ေပးႏိုင္ဖို႔လဲ ျဖစ္ပါတယ္။ ေဒါက္တာဆက္ေအာင္ ေခါင္းေဆာင္ ေရးသားတဲ့ CERP ဟာ အေတာ္ေကာင္းမြန္ပီး IMF ကလဲ ဒါကို သေဘာက်တယ္လို႔ သိရပါတယ္။ ဒီေငြေၾကးေတြက G-20 နဲ႔ Paris Club တို႔က ေထာက္ပံ့ထားတဲ့ DSSI ေအာက္ကေန ရရွိတာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံက ေတာင္း ဆိုတာက ေဒၚလာ သန္း ၇၀၀ ျဖစ္ပါတယ္။ IMF ကေတာ့ ျမန္မာႏိုင္ငံအေနအထားကို ဆက္လက္ေစာင့္ၾကည့္ေနပီး ထပ္မံပံ့ပိုးဖို႔လိုရင္ ပံ့ပိုးမယ္လို႔ဆိုပါတယ္။ ေတာင္းဆိုထားတဲ့ ေငြေၾကး အျပည့္အဝရရွိႏိုင္ပါတယ္။

လက္ရွိျမန္မာႏိုင္ငံရဲ႕ တုံ႔ျပန္မႈ plan အရ စီးပြားေရး လုပ္ငန္း ႀကီးေတြ တည္ၿငိမ္ေအာင္၊ အလယ္အလတ္လုပ္ငန္းေတြ ေခ်းေငြရရွိေအာင္၊ က်န္းမာေရးက႑ကို တိုးျမႇင့္ႏိုင္ေအာင္နဲ႔ Digital Money ႏွင့္ ဘဏ္စနစ္ကို တိုးတက္ေအာင္ လုပ္ဖို႔ရည္႐ြယ္ထားပါတယ္။ ဒီေငြေတြကို ဘယ္ေနရာမွာသုံးတယ္ ဆိုတာကိုလဲ ပြင့္လင္း ျမင္သာမႈရွိစြာ ေဖာ္ျပရမွာလဲျဖစ္ပါတယ္။ ဒါမွသာ ထပ္မံပီး အကူအညီေတြရရွိႏိုင္ပါလိမ့္မယ္။

ဒီေန႔မွာေတာ့ လိုအပ္ခ်က္ေတြအရ ကန႔္သတ္ခ်က္ေတြ ကို သက္တမ္း ထပ္တိုးလိုက္ပါတယ္။ ဇူလိုင္ ၁၅ ရက္ေန႔အထိပါ။ ျမန္မာျပည္မွာ ပိုးေတြ႕လူနာေတြ နည္းလာေပမယ့္လည္း ပတ္ဝန္းက်င္ႏိုင္ငံေတြမွာ အေရအတြက္က တိုးလာေနတဲ့အတြက္ ဒုတိယလႈိင္းကို ကာကြယ္ဖို႔ ပိတ္လိုက္ရတာ ျဖစ္ပါတယ္။ ေလဆိပ္ေတြကေတာ့ ျပည္တြင္းေလေၾကာင္းလိုင္းေတြ ေျပးဆြဲေနပီး ဘန္ေကာက္နဲ႔ ကုန္တင္ေလယာဥ္ေတြ ေျပးဆြဲေပးေနပါတယ္။ ႐ုပ္ရွင္႐ုံေတြ၊ ပန္းၿခံေတြ၊ ပြဲလမ္းသဘင္ေတြနဲ႔ ဘာသာေရးအေဆာက္အအုံေတြကေတာ့ ဆက္လက္ပိတ္ထားဦးမွာျဖစ္ပါတယ္။

အခုအခ်ိန္ကစပီး စီးပြားေရးထိခိုက္မႈ ဂယက္ရဲ႕ သက္ေရာက္မႈက စတင္လာ မွာျဖစ္တဲ့အတြက္ တတ္ႏိုင္သေလာက္ ေႁခြတာသုံးစြဲပီး စိတ္ဓာတ္ေကာင္းေကာင္း၊ ခံႏိုင္ရည္ျမင့္ျမင့္မားမားနဲ႔ ရင္ဆိုင္ၾကဖို႔ လိုပါတယ္။ စီးပြားေရးဟာ COVID မတိုင္ခင္ကလို အေနအထားကို ျပန္ေရာက္ဖို႔က အနည္းဆုံး ၂ ႏွစ္ၾကာျမင့္မွာ ျဖစ္လို႔ ၂၀၂၁-၂၂ ဘ႑ာေရးႏွစ္မွသာ ပုံမွန္ျပန္ျဖစ္ပါလိမ့္မယ္။

တတ္ႏိုင္စြမ္းသေ႐ြ႕ အားတင္း ရင္ဆိုင္ ျဖတ္သန္းၾကပါစို႔။

က်န္းမာအဆင္ေျပၾကပါေစ။ (Nay Thway)

unicode

တတ်နိုင် စွမ်းသရွေ့ အားတင်း ရင်ဆိုင် ဖြတ်သန်းကြရမယ့် မြန်မာ ပြည် အခြေအနေ

တတ်နိုင်စွမ်း သရွေ့…

မြန်မာနိုင်ငံဟာ လက်ရှိမှာ COVID ရောဂါကြောင့် ထိခိုက် သေဆုံးသူ အနည်းဆုံးနိုင်ငံတွေထဲက တခုပါ။ အဲဒီလိုဖြစ်အောင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူတွေ၊ အစိုးရ အားလုံး တက်ညီလက်ညီလုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာ ရောဂါဘက်ပိုင်းမှာ အဆင်ပြေနေပေမယ့် ရောဂါကြောင့် ထိခိုက် ရတဲ့ စီးပွားရေး ကဏ္ဍကတော့ နလန်ထူဖို့ အတော်လုပ်ရမှာပါ။

နဂိုက ၂၀၂၀ မှာ မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းဟာ အတော်မြင့် ခဲ့ဖို့ရှိပေမယ့် အခုအခါမှာတော့ အတော်ကျဆင်းသွားပါတယ်။ စီးပွားရေးအထိခိုက်ဆုံးကာလတွေဟာ ယခုလာမယ့် ဇူလိုင်ကနေ နောက်နှစ်ဆန်းပိုင်းလောက်ထိ ဖြစ်လာမှာပါ။ အစပိုင်းမှာ ရှိတာတွေ ထုတ်စားနိုင်ပေမယ့် ဒီနောက်ပိုင်းကာလတွေကမှ အဓိက အကြပ်အတည်း ဖြစ်လာမှာပါ။ ဒီကာလကို ဖြတ်သန်းနိုင်ဖို့ ကြိုးစားကြရပါမယ်။ ပြည်တွင်းမှာတော့ အားလုံးပုံမှန်အတိုင်းဖြစ်လာအောင် တဖြည်းဖြည်း ခွင့်ပြုပေးနေပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေနဲ့ ကူးလူးဆက်ဆံမှုကတော့ ပုံမှန်အတိုင်း မရှိသေးပါဘူး။

သတင်းကောင်းတခုကတော့ ဒီကနေ့မှာ ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က မြန်မာနိုင်ငံ ကို အရေးပေါ်ရန်ပုံငွေအဖြစ် ချေးငွေဒေါ်လာသန်းပေါင်း ၃၅၆.၅ သန်း ထုတ်ပေးလိုက်ပါတယ်။ ဒီလိုထုတ်ပေးခြင်းဟာ စီးပွားရေးကဏ္ဍပြန်လည်နလန်ထူစေဖို့ ဖြစ်သလို အစိုးရရဲ့ CERP ကို ထောက်ပံ့ပေးနိုင်ဖို့လဲ ဖြစ်ပါတယ်။ ဒေါက်တာဆက်အောင် ခေါင်းဆောင် ရေးသားတဲ့ CERP ဟာ အတော်ကောင်းမွန်ပီး IMF ကလဲ ဒါကို သဘောကျတယ်လို့ သိရပါတယ်။ ဒီငွေကြေးတွေက G-20 နဲ့ Paris Club တို့က ထောက်ပံ့ထားတဲ့ DSSI အောက်ကနေ ရရှိတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက တောင်း ဆိုတာက ဒေါ်လာ သန်း ၇၀၀ ဖြစ်ပါတယ်။ IMF ကတော့ မြန်မာနိုင်ငံအနေအထားကို ဆက်လက်စောင့်ကြည့်နေပီး ထပ်မံပံ့ပိုးဖို့လိုရင် ပံ့ပိုးမယ်လို့ဆိုပါတယ်။ တောင်းဆိုထားတဲ့ ငွေကြေး အပြည့်အဝရရှိနိုင်ပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ တုံ့ပြန်မှု plan အရ စီးပွားရေး လုပ်ငန်း ကြီးတွေ တည်ငြိမ်အောင်၊ အလယ်အလတ်လုပ်ငန်းတွေ ချေးငွေရရှိအောင်၊ ကျန်းမာရေးကဏ္ဍကို တိုးမြှင့်နိုင်အောင်နဲ့ Digital Money နှင့် ဘဏ်စနစ်ကို တိုးတက်အောင် လုပ်ဖို့ရည်ရွယ်ထားပါတယ်။ ဒီငွေတွေကို ဘယ်နေရာမှာသုံးတယ် ဆိုတာကိုလဲ ပွင့်လင်း မြင်သာမှုရှိစွာ ဖော်ပြရမှာလဲဖြစ်ပါတယ်။ ဒါမှသာ ထပ်မံပီး အကူအညီတွေရရှိနိုင်ပါလိမ့်မယ်။

ဒီနေ့မှာတော့ လိုအပ်ချက်တွေအရ ကန့်သတ်ချက်တွေ ကို သက်တမ်း ထပ်တိုးလိုက်ပါတယ်။ ဇူလိုင် ၁၅ ရက်နေ့အထိပါ။ မြန်မာပြည်မှာ ပိုးတွေ့လူနာတွေ နည်းလာပေမယ့်လည်း ပတ်ဝန်းကျင်နိုင်ငံတွေမှာ အရေအတွက်က တိုးလာနေတဲ့အတွက် ဒုတိယလှိုင်းကို ကာကွယ်ဖို့ ပိတ်လိုက်ရတာ ဖြစ်ပါတယ်။ လေဆိပ်တွေကတော့ ပြည်တွင်းလေကြောင်းလိုင်းတွေ ပြေးဆွဲနေပီး ဘန်ကောက်နဲ့ ကုန်တင်လေယာဉ်တွေ ပြေးဆွဲပေးနေပါတယ်။ ရုပ်ရှင်ရုံတွေ၊ ပန်းခြံတွေ၊ ပွဲလမ်းသဘင်တွေနဲ့ ဘာသာရေးအဆောက်အအုံတွေကတော့ ဆက်လက်ပိတ်ထားဦးမှာဖြစ်ပါတယ်။

အခုအချိန်ကစပီး စီးပွားရေးထိခိုက်မှု ဂယက်ရဲ့ သက်ရောက်မှုက စတင်လာ မှာဖြစ်တဲ့အတွက် တတ်နိုင်သလောက် ခြွေတာသုံးစွဲပီး စိတ်ဓာတ်ကောင်းကောင်း၊ ခံနိုင်ရည်မြင့်မြင့်မားမားနဲ့ ရင်ဆိုင်ကြဖို့ လိုပါတယ်။ စီးပွားရေးဟာ COVID မတိုင်ခင်ကလို အနေအထားကို ပြန်ရောက်ဖို့က အနည်းဆုံး ၂ နှစ်ကြာမြင့်မှာ ဖြစ်လို့ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်မှသာ ပုံမှန်ပြန်ဖြစ်ပါလိမ့်မယ်။

တတ်နိုင်စွမ်းသရွေ့ အားတင်း ရင်ဆိုင် ဖြတ်သန်းကြပါစို့။

ကျန်းမာအဆင်ပြေကြပါစေ။ (Nay Thway)

Add a Comment

Your email address will not be published. Required fields are marked *