ကိုဗစ္-၁၉ ကို အနမ္းျဖင့္ ကုသည့္ အိႏၵိယ ေပ်ာက္ေစဆရာ ဗိုင္းရပ္စ္ ေၾကာင့္ ေသဆုံး

လူနာရဲ႕ လက္ကိုနမ္းေပးလိုက္႐ုံ နဲ႔ ကိုဗစ္-၁၉ အပါအဝင္ ေရာဂါေတြကို ေပ်ာက္ေအာင္ကုသ ေပးႏိုင္တယ္လို႔ေႂကြးေၾကာ္ထားတဲ့ အိႏၵိယႏိုင္ငံက ေပ်ာက္ေစဆရာတဦးဟာ ကိုဗစ္-၁၉ ေရာဂါ ေၾကာင့္ ေသဆုံးခဲ့ရပါတယ္။ အတ္စ္လမ္လို႔ေခၚတဲ့ ဒီဆရာဟာ အိႏၵိယႏိုင္ငံမဟာပရာဒတ္ရွ္ျပည္နယ္ ရတ္လမ္ မွာ ေနထိုင္သူျဖစ္ၿပီးေတာ့ သူ႔ရဲ႕ “အနမ္းကုထုံး” ဟာ ေရာဂါေတြကို သက္သာေစတယ္လို႔ သူ႔ ေနာက္လိုက္ေတြကို ေျပာဆိုခဲ့ပါတယ္။

ဒါေပမယ့္ ကံမေကာင္းစြာ နဲ႔ဘဲ အတ္စ္လမ္ဟာ ဇြန္လ ၃ ရက္မွာ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ကုသမႈခံယူခဲ့ ရၿပီး ေနာက္တစ္ေန႔မွာ ေသဆုံးခဲ့ပါတယ္။သူေသဆုံးရတဲ့ သတင္းဟာ ခဏအတြင္းမွာပင္ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး နာေရးကို သူ႔ တပည့္ေနာက္လိုက္ေတြက လာေရာက္ကူညီခဲ့ပါတယ္။ဒါ့ေၾကာင့္ ဒီဆရာ ရဲ႕ အနမ္းကုထုံးဟာ ကိုဗစ္-၁၉ ေရာဂါကို မေပ်ာက္ကင္းေစခဲ့တဲ့အျပင္ ေရာဂါ ကူးစက္မႈေတြကိုလည္း ေပၚေပါက္ေစခဲ့ပါတယ္။ရတ္လမ္မွာရွိတဲ့ တာဝန္ရွိသူေတြက ေပ်ာက္ေစဆရာအတ္စ္လန္မွာ ဗိုင္းရပ္စ္ကူးစက္ခံေနရ ေၾကာင္း သိရွိၿပီးခ်ိန္ကတည္းက သူ႔ဆီမွာ ကုသမႈ ခံယူခဲ့သူေတြကို ေျခရာခံခဲ့ပါတယ္။

သူတို႔ ေဖာ္ထုတ္ႏိုင္ခဲ့တဲ့ လူအေယာက္ ၄၀ မွာ အေယာက္ ၂၀ က ဗိုင္းရပ္စ္ ပိုးကူးစက္ခံထား ရေၾကာင္း ေတြ႕ခဲ့ရပါတယ္။ရတ္လမ္မွာ ဇြန္လ ၉ ရက္တစ္ရက္အတြင္း ဗိုင္းရပ္စ္ကူးစက္ခံရသူ ၂၄ ဦးကိုေတြ႕ရွိခဲ့ရကာ အဲဒီထဲကမွ ၁၃ ဦးမွာ အတ္စ္လမ္နဲ႔ အနီးကပ္ထိေတြ႕ခဲ့သူေတြပဲျဖစ္ပါတယ္။“သူ႔မိသားစုဝင္ ခုနစ္ဦး အပါအဝင္ လူအေယာက္ ၂၀ ဟာ ဗိုင္းရပ္စ္ပိုးကူးစက္ခံခဲ့ရပါတယ္” လို႔ ျပည္နယ္ရဲ႕က်န္းမာေရးဌာနက Times of India သတင္းစာကိုေျပာပါတယ္။အိႏၵိယအာဏာပိုင္ေတြရဲ႕ ထုတ္ျပန္ခ်က္အရမ ၾကာေသးခင္အခ်ိန္အတြင္း ႏိုင္ငံတြင္းမွာ အတ္စ္လမ္လို ကုသမႈ ျပဳလုပ္ေပးႏိုင္တယ္လို႔ေျပာတဲ့ ေပ်ာက္ေစဆရာ ၂၉ ဦးအထိ ရွိခဲ့တယ္လို႔ သိရပါတယ္။ဒါေပမယ့္ အဲ့ဒီလူေတြထဲကတခ်ိဳ႕ဟာ ေရာဂါကို အမွန္တကယ္မကုသႏိုင္ဘဲ ေရာဂါကူး စက္မႈကို ပိုမိုျဖစ္ေစခဲ့တယ္ လို႔လည္း သိရပါတယ္။

crd : celechanel

unicode

ကိုဗစ်-၁၉ ကို အနမ်းဖြင့် ကုသည့် အိန္ဒိယ ပျောက်စေဆရာ ဗိုင်းရပ်စ် ကြောင့် သေဆုံး

လူနာရဲ့ လက်ကိုနမ်းပေးလိုက်ရုံ နဲ့ ကိုဗစ်-၁၉ အပါအဝင် ရောဂါတွေကို ပျောက်အောင်ကုသ ပေးနိုင်တယ်လို့ကြွေးကြော်ထားတဲ့ အိန္ဒိယနိုင်ငံက ပျောက်စေဆရာတဦးဟာ ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးခဲ့ရပါတယ်။ အတ်စ်လမ်လို့ခေါ်တဲ့ ဒီဆရာဟာ အိန္ဒိယနိုင်ငံမဟာပရာဒတ်ရှ်ပြည်နယ် ရတ်လမ် မှာ နေထိုင်သူဖြစ်ပြီးတော့ သူ့ရဲ့ “အနမ်းကုထုံး” ဟာ ရောဂါတွေကို သက်သာစေတယ်လို့ သူ့ နောက်လိုက်တွေကို ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ကံမကောင်းစွာ နဲ့ဘဲ အတ်စ်လမ်ဟာ ဇွန်လ ၃ ရက်မှာ ကိုဗစ်-၁၉ ရောဂါကြောင့် ကုသမှုခံယူခဲ့ ရပြီး နောက်တစ်နေ့မှာ သေဆုံးခဲ့ပါတယ်။သူသေဆုံးရတဲ့ သတင်းဟာ ခဏအတွင်းမှာပင် ပျံ့နှံ့သွားခဲ့ပြီး နာရေးကို သူ့ တပည့်နောက်လိုက်တွေက လာရောက်ကူညီခဲ့ပါတယ်။ဒါ့ကြောင့် ဒီဆရာ ရဲ့ အနမ်းကုထုံးဟာ ကိုဗစ်-၁၉ ရောဂါကို မပျောက်ကင်းစေခဲ့တဲ့အပြင် ရောဂါ ကူးစက်မှုတွေကိုလည်း ပေါ်ပေါက်စေခဲ့ပါတယ်။ရတ်လမ်မှာရှိတဲ့ တာဝန်ရှိသူတွေက ပျောက်စေဆရာအတ်စ်လန်မှာ ဗိုင်းရပ်စ်ကူးစက်ခံနေရ ကြောင်း သိရှိပြီးချိန်ကတည်းက သူ့ဆီမှာ ကုသမှု ခံယူခဲ့သူတွေကို ခြေရာခံခဲ့ပါတယ်။

သူတို့ ဖော်ထုတ်နိုင်ခဲ့တဲ့ လူအယောက် ၄၀ မှာ အယောက် ၂၀ က ဗိုင်းရပ်စ် ပိုးကူးစက်ခံထား ရကြောင်း တွေ့ခဲ့ရပါတယ်။ရတ်လမ်မှာ ဇွန်လ ၉ ရက်တစ်ရက်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၄ ဦးကိုတွေ့ရှိခဲ့ရကာ အဲဒီထဲကမှ ၁၃ ဦးမှာ အတ်စ်လမ်နဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေပဲဖြစ်ပါတယ်။“သူ့မိသားစုဝင် ခုနစ်ဦး အပါအဝင် လူအယောက် ၂၀ ဟာ ဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ရပါတယ်” လို့ ပြည်နယ်ရဲ့ကျန်းမာရေးဌာနက Times of India သတင်းစာကိုပြောပါတယ်။အိန္ဒိယအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရမ ကြာသေးခင်အချိန်အတွင်း နိုင်ငံတွင်းမှာ အတ်စ်လမ်လို ကုသမှု ပြုလုပ်ပေးနိုင်တယ်လို့ပြောတဲ့ ပျောက်စေဆရာ ၂၉ ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။ဒါပေမယ့် အဲ့ဒီလူတွေထဲကတချို့ဟာ ရောဂါကို အမှန်တကယ်မကုသနိုင်ဘဲ ရောဂါကူး စက်မှုကို ပိုမိုဖြစ်စေခဲ့တယ် လို့လည်း သိရပါတယ်။

crd : celechanel

Add a Comment

Your email address will not be published. Required fields are marked *