ကမာၻ႔ အႀကီးမားဆုံး ေက်ာက္ စိမ္း ရတနာသိုက္ တည္ရာ ဖားကန႔္ (သို႔မဟုတ္) ျမန္မာျပည္ ေျမာက္ဖ်ား က သခ်ႋဳင္းေျမ▪️

ဖားကန႔္တဲ့။ျမန္မာႏိုင္ငံရဲ႕ ေက်ာက္စိမ္းရတနာသိုက္တည္ရာလို႔ ကမာၻက လူသိမ်ားတယ္။ ကမာၻ႔အႀကီးမားဆုံး ေက်ာက္စိမ္းထြက္တဲ့ ေဒသမို႔ ကမာၻကအားက်ရတဲ့ ျမန္မာ့ေက်ာက္စိမ္းနယ္ေျမေပါ့။ကမာၻမွာ လူသိမမ်ားတဲ့အေၾကာင္းက အဲဒီနယ္ေျမဟာ လူအေတာ္မ်ားမ်ားရဲ႕ သခ်ႋဳင္းေျမဆိုတာပါပဲ..။အရွင္လတ္လတ္ ေျမျမႇဳပ္ခံရတဲ့ သခ်ႋဳင္းဆိုပိုမွန္မလား…။ဖားကန႔္ဟာ သခ်ိဳင္းေျမႀကီးတစ္ခုျဖစ္သြားခဲ့..။ျမန္မာႏိုင္ငံ ေျမာက္ပိုင္း၊ ကခ်င္ျပည္နယ္၊ ဖားကန႔္ေဒသ၊ ေဝွခါေက်ာက္စိမ္း လုပ္ကြက္ျဖစ္ပါတယ္။မၾကာေသးခင္ရက္ပိုင္းအတြင္း (၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္လ ၂ ရက္ေန႔) ေျမၿပိဳက်ၿပီး လူေတြအစုလိုက္ အၿပဳံလိုက္ ေသသြားၾကေပါ့..။ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ရဲ႕ သတင္းအရဆို ဖားကန႔္ေျမၿပိဳမူေၾကာင့္ ေသဆုံးသူ ၁၇၀ ေက်ာ္ေနၿပီ..။ကယ္ဆယ္ေရးအဖြဲ႕က ဒဏ္ရာ ရတဲ့သူေတြကို ဖားကန႔္ေဆး႐ုံနဲ႔ ေဝွခါတိုက္နယ္ေဆး႐ုံကို ခြဲပို႔လိုက္ၾကတယ္။အားလုံး ၅၄ ေယာက္..။၂၀၁၅ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၂ ရက္ေန႔တုန္းကလည္း လုံးခင္းေက်း႐ြာ အုပ္စုက ေက်ာက္စိမ္းတူးေဖာ္တဲ့ေနရာမွာ အဲဒီလိုျဖစ္ခဲ့ေသးတယ္။ စြန႔္ပစ္ေျမစာပုံႀကီး ၿပိဳက်ခဲ့။လူေပါင္း ၁၁၆ ေယာက္ ေသဆုံးၿပီး ၁၀၀ ေက်ာ္ခန႔္ ေပ်ာက္ဆုံးခဲ့တယ္။ဆိုေတာ့ လူေပါင္း ၂၀၀ ေက်ာ္ပါပဲ..အရွင္လတ္လတ္ ေျမျမႇဳပ္ခံခဲ့ရတာ..။အဲ့ဒီတုန္းက အခ်ိန္က မနက္ ေလးနာရီေပါ့။ေက်ာက္မ်က္ကုမၸဏီေတြက စြန႔္ပစ္ထားတဲ့ ေျမစာပုံႀကီးဟာ ႐ုတ္တရက္ၿပိဳက်ခဲ့..။ေတာင္ႀကီးေလာက္ရွိတဲ့ ေျမစာပုံ အႀကီးႀကီးရဲ႕ေအာက္ေျခမွာ ေရမေဆးေက်ာက္ ရွာေဖြတဲ့သူေတြေနတဲ့ ယာယီ တဲအိမ္ေလးေတြ ၂၀၀ ေက်ာ္ေလာက္ရွိတယ္။အိမ္အလုံး ၅၀ ထဲက အိပ္ေနတဲ့လူေတြ ႐ုတ္တရက္ေျမျမႇဳပ္ၿပီးသားျဖစ္သြားတယ္။အဲဒီတုန္းက ျမန္မာႏိုင္ငံၾကက္ေျခနီအသင္းက ကယ္လိုက္ႏိုင္တာ လူတစ္ေယာက္ တည္းရယ္။

အဲ့ဒီလူလည္း ဒဏ္ရာေတြနဲ႔ ေသဆုံးခဲ့တာပါပဲ..။အေလာင္း ၁၁၆ ေလာင္းကို ျပန္ရွာႏိုင္ခဲ့ၿပီး လူအေယာက္ ၁၀၀ ေက်ာ္ေပ်ာက္ဆုံးတယ္ဆိုတာ တိက်တဲ့ကိန္းဂဏန္းေတြလား..။အဲ့ဒီမွာေနတဲ့ လူဦးေရ ဘယ္ေလာက္လဲ။“မသိ”ဒါဆို ေျမစာပုံၿပိဳက်ရျခင္း အေၾကာင္းရင္းကေရာဘာလဲ..?“မသိ”ဒီလို လူဘယ္ ႏွစ္ေယာက္ရွိလဲ၊ ဘယ္ကလာသလဲေတာင္မသိတဲ့ေနရာမွာ လူသတ္မႈေတြျဖစ္ရင္ေရာ..။“မသိ”ဘာဆိုဘာမွ ဘယ္သူမွ တိတိက်က်မသိ။ တာဝန္ယူမယ့္သူလည္းမရွိ..။မင္းမဲ့စ႐ိုက္..။ဖားကန႔္လို ေနရာမ်ိဳးမွာ လက္ရွိအစိုးရအဖြဲ႕က အာဏာသက္ေရာက္မႈမရွိပါ။လက္နက္ကိုင္ထားၾကတဲ့စစ္တပ္၊ရဲ၊KIA နဲ႔ အျခားလက္နက္ကိုင္အဖြဲ႕ေတြမွာ အာဏာရွိပါတယ္။ဒီ ၅ ႏွစ္အခ်ိန္အတြင္းမွာလည္း လူေတြ လူမသိ သူမသိ ဆက္တိုက္ ေသေနၾကတာ..။အခုလို အစုလိုက္ အၿပဳံလိုက္ေသေတာ့မွ သတင္းမီဒီယာထဲပါလာတာေပါ့။ဒါပဲလား..၂၀၁၅ ခုႏွစ္ မတိုင္ခင္ ကေရာ..? လူေတြေသေနၾကတယ္။ေျမစာပုံၿပိဳက်မွေသၾကတာမဟုတ္ပါဘူး။ေဆးစြဲၿပီးေသ၊AIDS နဲ႔ေသ၊ငွက္ဖ်ားေၾကာင့္ေသ၊အေဝမတည့္လို႔ အခ်င္းခ်င္းသတ္ၾကျဖတ္ၾက..။လက္နက္ကိုင္ေတြ၊အဖြဲ႕အစည္းေတြနဲ႔ အဆင္မေျပရင္လည္း အသတ္ခံရတာပဲ..။ဖားကန႔္ဆိုတဲ့ စကားဟာ ရွမ္းဘာသာစကား (ဖာ − ေက်ာက္ဖ်ာ၊ ကန႔္ − ၿပိဳက်ျခင္း) လို႔ အဓိပၸါယ္ရတယ္။“ေက်ာက္ဖ်ာၿပိဳက်သည့္ေနရာ”တဲ့.။ဟုတ္ပါတယ္။

၁၈၃၂ ခုႏွစ္မွာ ဦးပူလြယ္ဟိန္းနဲ႔ အဖြဲ႕သား (၆) ေယာက္ ေမ်ာက္ျဖဴေခ်ာင္း ေပါက္ဝမွာ ႐ြာတည္တယ္။ဖားကန႔္ရဲ႕ ပထမဆုံး႐ြာေပါ့။ နာမည္ကေအာင္မဂၤလာ႐ြာတဲ့။အဲ့ဒီ ေမ်ာက္ျဖဴေခ်ာင္း အေပါက္ဝမွာ ေက်ာက္ဖ်ာေတာင္ ဆိုတာရွိတယ္။ေအာင္မဂၤလာ ႐ြာတည္ၿပီး မၾကာပါဘူး။ ေက်ာက္ဖ်ာေတာင္ ၿပိဳက်တာပဲ..။ဒါေၾကာင့္ ဖားကန႔္လို႔ အမည္တြင္သြားသတဲ့..။ေတာင္ၿပိဳၿပီးေတာ့ ဖားကန႔္ကို ၁၈၃၆ ခုႏွစ္မွာ ဒုတိယအႀကိမ္ ထပ္ၿပီးတည္ေထာင္ၾကျပန္တယ္။ကခ်င္တိုင္းရင္းသားေတြ ဥ႐ုေခ်ာင္းႀကီးမွာ ငါးရွာ၊ ဖားရွာ သာသာယာယာ ျဖစ္ေနရာကေန ေက်ာက္စိမ္းကိုပဲရွာခ်င္လာၾကတဲ့အခါ..၊လူေတြ စေသတာပဲ..။ျမန္မာတို႔ရဲ႕ ေက်ာက္စိမ္းသိုက္က ဖားကန႔္မွာကိုး..။႐ြာေတြတည္ၾက၊ ေက်ာက္စိမ္းတူးၾက..။“ဖားကန႔္ရတနာေျမ” ရယ္လို႔ ၁၃ ရာစုကတည္းက ကမာၻေက်ာ္ခဲ့တာ။ရတနာေျမလို႔ သတ္မွတ္ထားတာ ဖားကန႔္ၿမိဳ႕နဲ႔ ဥ႐ုေခ်ာင္း တစ္ေလွ်ာက္ေပါ့..။ဥ႐ုေခ်ာင္းက သိပ္လွၿပီး သာယာေပ်ာ္႐ႊင္ဖြယ္ရာေကာင္းသတဲ့။ ေခ်ာင္းနံေဘးက ေတာေတြ ထဲမွာ တိရစာၦန္ေတြ ေပ်ာ္ျမဴးေနခဲ့၊ ေမ်ာက္ေတြဆို ဟိုေျပး ဒီေျပးနဲ႔ ..။

ေရေတြက စိမ္းျမၾကည္လင္ေနလို႔ ငါးေ႐ြးႀကီးေတြ အစုလိုက္ အၿပဳံလိုက္ ေရးကူးေနတာကို ေတြ႕ရတတ္သတဲ့..။အခုေတာ့ သစ္ေတာေတြခုတ္၊ ေတာင္ေတြၿဖိဳ၊ ဥ႐ုေခ်ာင္းႀကီးထဲကို ေျမႀကီးတယ္ပစ္ေတာ့ ေျမဖို႔ပစ္လိုက္သလို ပ်က္စီးတဲ့ ေျမာင္းႀကီးျဖစ္သြားေပါ့။မိုးသည္းလာရင္ စီးစရာေနရာ မရွိေအာင္ပိတ္ဆို႔ေနတာ ေရေတြႀကီး..။၁၉၂၉ ခုႏွစ္က ေဂ်ာ့ခ္်ေအာ္ဝဲလ္ (George Orwell) က Le Progres Civique ဆိုတဲ့ ျပင္သစ္မဂၢဇင္းမွာ ျမန္မာႏိုင္ငံအေၾကာင္း ေဆာင္းပါးတစ္ပုဒ္ေရးခဲ့တယ္..။” ဗမာဆိုတဲ့ အဲ့ဒီႏိုင္ငံ ဟာ ကမာၻေပၚမွာအခ်မ္းသာဆုံးႏိုင္ငံပဲ။ လူဦးေရအခ်ိဳးအဆနဲ႔ သူတို႔ရဲ႕ ခ်မ္းသာမႈေတြျဖစ္တဲ့ သံျဖဴျဒပ္စင္၊အၿဖိဳက္နက္၊ေက်ာက္စိမ္းနဲ႔ ပတၱျမားေတြ တြက္လိုက္ရင္ ကမာၻ႔ထိတ္တန္းဝင္ေနတဲ့ ႏိုင္ငံ….”သဘာဝဓာတ္ေငြ႕၊ ေရနံ၊ သစ္နဲ႔ ေ႐ႊ၊သံျဖဴ၊ပတၱျမား၊ေက်ာက္စိမ္း စတဲ့ သဘာဝသယံဇာတ ေတြေပါႂကြယ္ဝတဲ့ ျမန္မာဆိုတဲ့ ေကာင္းသတင္းဟာ ျမန္မာျပည္က လူမ်ားစုအတြက္ေတာ့ ဒ႑ာရီတစ္ပုဒ္လိုပါပဲ..။ လူတစ္စုအတြက္ပဲ မွန္ခဲ့တာ..။“သယံဇာတ က်ိန္စာ” တဲ့။သဘာဝ သယံဇာတကရတဲ့ ႂကြယ္ဝမႈေတြေၾကာင့္ ခ်မ္းသာရမယ့္ ႏိုင္ငံေတြမွာ အံ့ဩစရာေကာင္းေလာက္ေအာင္ဆိုးဝါးတဲ့ အက်ိဳးဆက္ေတြ ရႏိုင္တယ္ဆိုတာပဲ။ အဲ့ဒီလို သဘာဝ သယံဇာတေပါႂကြယ္ဝတဲ့ ႏိုင္ငံေတြဟာ အိမ္နီးခ်င္းႏိုင္ငံေတြထက္ ဆိုးဆိုး႐ြား႐ြား ျပႆနာေတြ၊ မတည္ၿငိမ္မႈေတြပိုမိုမ်ားျပားတတ္တယ္တဲ့။ၿပီးေတာ့ ဖြံ႕ၿဖိဳးတိုးတက္ျခင္းမရွိဘဲ စိတ္ဆင္းရဲစရာေတြျပည့္ေနတတ္။

(📖 Macartan Humphreys, Jeffrey D. Sachs, and Joseph E. Stiglitz. Foreword by George Soros)

ေလာဘရဲ႕ အက်ိဳးဆက္ေတြ..။အခုေတာ့ ဆင္းရဲမြဲေတမႈ၊ ျပည္သူ႔က်န္းမာေရး က်ဆင္းမႈ၊ပညာေရးနိမ့္က်မႈ၊လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ စတဲ့နာမည္ဆိုးေတြနဲ႔ ျမန္မာ..။အတင္းအဓမၼ ေနရာေ႐ႊ႕ေျပာင္းျခင္း၊မတရားဖမ္းဆီးျခင္း၊မုဒိမ္းက်င့္၊ မတရား ညႇဥ္းပန္းႏွိပ္စက္၊အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ …ဒါေတြက အဖြဲ႕အစည္းတခ်ိဳ႕နဲ႔ လူတခ်ိဳ႕အတြက္ေတာ့ သမား႐ိုးက်အလုပ္တစ္ခုလို..။၁၉၈၈ ခုႏွစ္ ဒီမိုကေရစီဆႏၵျပပြဲမွာၾကည့္.. လက္နက္မဲ့ဆႏၵျပသူ ၃၀၀၀ ေက်ာ္ကို ျမန္မာစစ္တပ္က သတ္ျဖတ္ခဲ့တယ္..။( 📖Human Rights Watch, 1989 စာတမ္းအရ )လူေတြအသက္ေပးခဲ့ေပမဲ့ စစ္အာဏာရွင္စနစ္ေအာက္မွာ တိုင္းျပည္ရဲ႕သဘာဝသယံဇာတေတြ၊စီးပြားေရးနဲ႔ လူ႔အဖြဲ႕အစည္းအားလုံးအေပၚ တင္းက်ပ္စြာ ဆက္ၿပီးထိန္းခ်ဳပ္ျခင္းခံခဲ့ရ..။ စစ္အစိုးရရဲ႕ ညႇဥ္းပန္းႏွိပ္စက္မႈ၊ မုဒိမ္းမႈနဲ႔တရားမဝင္သတ္ျဖတ္မႈေတြအပါအဝင္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြေၾကာင့္ ျမန္မာႏိုင္ငံအႏွံ႔အျပားျပည္သူေတြ ဒုကၡေရာက္ေနခဲ့၊ ဒုကၡေရာက္ေနဆဲ..။သစ္ေတာျပဳန္းတီးျခင္း၊ေတာင္ၿဖိဳ၊ေျမဆီလႊာပ်က္စီးေလထုညစ္ညမ္းျခင္း..ဒါေတြလည္း ဂ႐ုမစိုက္ခဲ့တာလည္းၾကာေပါ့။အေမရိကန္ဗဟိုေထာက္လွမ္းေရးေအဂ်င္စီ (စီအိုင္ေအ) ရဲ႕ အဆိုအရျမန္မာႏိုင္ငံရဲ႕စစ္ေရးအသုံးစရိတ္ စုစုေပါင္းဘတ္ဂ်က္ဟာ အေမရိကန္ေဒၚလာသန္း ၉၀၀ ခန႔္တဲ့။အဲဒီေငြေတြဘယ္ကရလဲဆိုေတာ့ ရတနာစီမံကိန္းေတြကပဲ..။ဝင္ေငြ ရဲ႕ ၅၀% ဟာ စစ္အစိုးရလက္ထဲကို တိုက္႐ိုက္ေရာက္တာပဲ။( 📖 CIA Factbook ERI 2008 မွာေဖာ္ျပထား)စစ္အစိုးရဟာ ျမန္မာျပည္က ကြၽန္းသစ္နဲ႔ အျခားသစ္အမ်ိဳးမ်ိဳးကို အလြန္အမင္းအသုံးခ်ေရာင္းစားထားတာေၾကာင့္ သစ္ေတာေတြလည္း ျပဳန္းခဲ့ၿပီ..။၁၉၄၈ ခုႏွစ္ လြတ္လပ္ေရးရတုန္းက ျမန္မာႏိုင္ငံ စုစုေပါင္းေျမဧရိယာရဲ႕ ၇၀% က သစ္ပင္၊သစ္ေတာေတြရယ္လို႔ ၿဗိတိသွ်တို႔က မွတ္တမ္းတင္ခဲ့..။ဒါဟာ အိမ္မက္တစ္ခုေလလား။

၁၉၉၈ ခုႏွစ္ေရာက္ေတာ့ သစ္ေတာေတြရဲ႕ ထက္ဝက္ေက်ာ္က ခုတ္ထစ္လို႔ ကုန္ေနၿပီ။ဒါေတြျဖစ္ေတာ့..သစ္ေတာေတြျပဳန္းေတာ့ ေျမဆီလႊာတိုက္စား၊အပူခ်ိန္ျမင့္တက္၊ေရႀကီး.. လူေတြ ေသၾကျပန္..။သစ္ေတာျပဳန္းတီး၊ဥဳ႐ုေခ်ာင္းႀကီး ပ်က္စီး၊အခုေတာ့ ေျမစာပုံႀကီးၿပိဳက်..။သစ္ေတာျပဳန္းတီးတာဟာ ဌာေန တိုင္းရင္းသားေတြရဲ႕ ဘာသာေရးယုံၾကည္မႈ၊ ဓေလ့ထုံးတမ္းေတြထိခိုက္၊ စိတ္နာစရာေတြျဖစ္လာတယ္။ဥပမာ-ကရင္လူမ်ိဳးမွာ သစ္ေတာနဲ႔ပတ္သက္တဲ့ ႐ိုးရာယုံၾကည္မႈေတြအမ်ားႀကီးရွိတယ္။အေထြေထြေရာဂါကု သမားေတာ္ႀကီး ေဒါက္တာေနဝင္းေရးသလို ဖားကန႔္မွာ ေလာပန္ေလာင္းေတြရဲ႕တူ႐ြင္းသံ တစ္ညံညံ၊ေသနတ္သံ တစ္ၿခိမ္းၿခိမ္း။ေသြးေတြနဲ႔ အေလာင္းေကာင္ေတြလည္း ဟိုေနရာ ဒီေနရာေပါ့။အလုပ္သမားေတြက ပထမေတာ့ ခ်မ္းသာခ်င္လို႔ အႏၲရာယ္ၾကားက ေက်ာက္ရွာ တဲ့ အလုပ္လာလုပ္ၾကတာ။ေနာက္ပိုင္းက်ေတာ့အမ်ားစုက ဘိန္းစားေတြျဖစ္လာၾကၿပီး ဖာကန႔္ကိုပိုခ်စ္သြားၾကတာ မခြဲႏိုင္ မခြာရက္..။အဲ့ဒီေတာ့ ခ႐ိုနီေတြ ပိုၿပီးေငြ႐ႊင္လာတယ္။မူးယစ္ေဆးဝါးကလည္း ဖားကန႔္မွာေပါမွေပါ.. ဒိုင္က တစ္ခု၊ ႏွစ္ခုပဲရွိေပမဲ့ ဆိုင္ခြဲေတြက အမ်ားႀကီး။ညေနဖက္ဆို လာပို႔ေပးေနတာ၊ ဟိုေနရာ ဘိန္းထိုး၊ ဒီေနရာာ ဘိန္းရႈနဲ႔ ..ဒါေတြဟာတရားဝင္ သာမာန္ျဖစ္စဥ္တစ္ခုလို..။ဘိန္းစားေတြျဖစ္လာေတာ့ အသက္ေသေသ မေသေသ ဘိန္းစား ရဖို႔ အေရးႀကီးလာတယ္။ေလာပန္းေလာင္းေတြလို႔ သူတို႔ကိုယ္ သူတို႔ ေအာ္ဟစ္ခဲ့တဲ့ ေရမေဆးေက်ာက္ရွာမယ့္သူေတြဟာ အဲဒီလိုနဲ႔ ရည္႐ြယ္ခ်က္ေတြေပ်ာက္တာပဲ။ဘိန္းစားရဖို႔ အလုပ္ေတြႀကိဳးစားလုပ္ၾက..။အဲ့ဒီေတာ့ ခ႐ိုနီေတြ ပိုၿပီးေငြ႐ႊင္လာတယ္။အလုပ္သမား ၇၀% ကဘိန္းစြဲေနသတဲ့..။အလုပ္သမားေတြ ၄ သိန္းေက်ာ္တယ္ဆိုေတာ့..။

ဒီ့မတိုင္ခင္ ဇြန္လ ၂၃ ရက္ေန႔ ညေနပိုင္းက က ဖားကန႔္ၿမိဳ႕နယ္ ဆိတ္မူေက်း႐ြာမွာ ေျမၿပိဳလို႔ လူ ၁၅ ေယာက္ေလာက္ေသဆုံးခဲ့ေသး။ ( BBC News )ေျမၿပိဳလို႔ တစ္ေယာက္၊ ႏွစ္ေယာက္ေသတာမ်ိဳး အဆန္းမဟုတ္ေတာ့ၿပီ။ ခ႐ိုနီႀကီးေတြက ေနရာဝင္ယူၾကေတာ့ တူ႐ြင္းသံ မဟုတ္ေတာ့ဘူး။ ကရိန္းကားေတြ၊ ေျမတူးစက္ေတြ၊ ေျမသယ္ကားေတြ..။ဒါေပမဲ့ မေျပာင္းလဲတဲ့ အသံတစ္ခုက်န္ခဲ့။ေသနတ္သံ..။အရင္က ဘိန္းခန္းေတြေလာက္ပဲရွိခဲ့ေပမဲ့ ဒီမိုကေရစီဆိုေတာ့ KTV တို႔ မာဆက္ အခန္းတို႔ ဟိုေနရာ၊ ဒီေနရာေပါ့..။ (ဆရာ ေနဝင္း ကဗ်ာမွ- )ေပ်ာ္စရာလိုလိုပါပဲ..။အရွင္လတ္လတ္ ေျမျမႇဳပ္မခံရေသးတဲ့အထိေပါ့..။“လုပ္ကြက္” တစ္ခုေတြ႕ထားတယ္ဆို..ေနာက္တစ္ေန႔ ေတာင္ၿဖိဳ ၾကၿပီ..။ေတာင္ႀကီးက ေျခဖဝါးေအာက္ ေနခ်င္းညခ်င္းေရာက္..။

ၿငိမ္းခ်မ္းေရးလား…။ၿငိမ္းခ်မ္းေရးကို သူတို႔ မလိုခ်င္ပါ။ ၿငိမ္းခ်မ္းေရးရရင္ ေငြလမ္းေၾကာင္းေတြပိတ္သြားမွာတစ္ပုံႀကီးေလ..။ဆင္းရဲသားေတြကိုလည္း အႏိုင္က်င့္အုပ္ခ်ဳပ္၊ မုဒိမ္းက်င့္လို႔ မရေတာ့ဘူးေလ။ၿငိမ္းခ်မ္းေရး မလိုပါဘူး။ ေသနတ္ရွိရင္ ၿပီးတာပဲ။ဥပေဒနဲ႔ အာဏာ ဆိုတာ ေသနတ္ေတြရဲ႕ ထိပ္ဝမွာပဲရွိတယ္။ကမာၻ႔အရွည္ဆုံးျပည္တြင္းစစ္ဟာ ျမန္မာႏိုင္ငံမွာ ျဖစ္ေနတယ္ဆိုတာ သင္သိပါသလား။ကရင္ပဋိပကၡ (Karen Conflict) ဟာ ကမာၻေပၚမွာ အရွည္ဆုံးျပည္တြင္းစစ္ ျဖစ္တယ္။ ၁၉၄၉ ခုႏွစ္က စခဲ့တာ ဒီေန႔အထိ..။တိုင္းရင္းသားေတြနဲ႔ စစ္တပ္ရန္ျဖစ္ၾက၊ အေပးအယူလုပ္ၾက..သံသရာလည္ေန..။ဆင္းရဲသားေတြေသၾကရတဲ့ပြဲ…။ဆရာေနဝင္းေျပာသလို ဥ႐ုေခ်ာင္းႀကီးဟာလည္း ျမန္မာျပည္သား ဆင္းရဲသားေတြ နဲ႔အတူ ေန႔ခ်င္းညခ်င္း ဘယ္က ဘယ္ကိုဘယ္လို စီးဆင္းရမယ္မသိ.. မ်က္ေစ့သူငယ္၊ နားသူငယ္ျဖစ္ခဲ့ရ..။

Credit မေ႐ႊမိုး (ကိုရီးယား)July 7th,2020.(🚫(လိုတာရွိရင္ ဝင္ ေဆြးေႏြးၿပီး ထပ္ ျဖည့္ေပးသြားၾကပါရွင့္ ။ ေက်းဇူးတင္ပါတယ္။)

ကမ္ဘာ့ အကြီးမားဆုံး ကျောက် စိမ်း ရတနာသိုက် တည်ရာ ဖားကန့် (သို့မဟုတ်) မြန်မာပြည် မြောက်ဖျား က သချႋုင်းမြေ▪️

ဖားကန့်တဲ့။မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းရတနာသိုက်တည်ရာလို့ ကမ္ဘာက လူသိများတယ်။ ကမ္ဘာ့အကြီးမားဆုံး ကျောက်စိမ်းထွက်တဲ့ ဒေသမို့ ကမ္ဘာကအားကျရတဲ့ မြန်မာ့ကျောက်စိမ်းနယ်မြေပေါ့။ကမ္ဘာမှာ လူသိမများတဲ့အကြောင်းက အဲဒီနယ်မြေဟာ လူအတော်များများရဲ့ သချႋုင်းမြေဆိုတာပါပဲ..။အရှင်လတ်လတ် မြေမြှုပ်ခံရတဲ့ သချႋုင်းဆိုပိုမှန်မလား…။ဖားကန့်ဟာ သချိုင်းမြေကြီးတစ်ခုဖြစ်သွားခဲ့..။မြန်မာနိုင်ငံ မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ ဝှေခါကျောက်စိမ်း လုပ်ကွက်ဖြစ်ပါတယ်။မကြာသေးခင်ရက်ပိုင်းအတွင်း (၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂ ရက်နေ့) မြေပြိုကျပြီး လူတွေအစုလိုက် အပြုံလိုက် သေသွားကြပေါ့..။မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ သတင်းအရဆို ဖားကန့်မြေပြိုမူကြောင့် သေဆုံးသူ ၁၇၀ ကျော်နေပြီ..။ကယ်ဆယ်ရေးအဖွဲ့က ဒဏ်ရာ ရတဲ့သူတွေကို ဖားကန့်ဆေးရုံနဲ့ ဝှေခါတိုက်နယ်ဆေးရုံကို ခွဲပို့လိုက်ကြတယ်။အားလုံး ၅၄ ယောက်..။၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တုန်းကလည်း လုံးခင်းကျေးရွာ အုပ်စုက ကျောက်စိမ်းတူးဖော်တဲ့နေရာမှာ အဲဒီလိုဖြစ်ခဲ့သေးတယ်။ စွန့်ပစ်မြေစာပုံကြီး ပြိုကျခဲ့။လူပေါင်း ၁၁၆ ယောက် သေဆုံးပြီး ၁၀၀ ကျော်ခန့် ပျောက်ဆုံးခဲ့တယ်။ဆိုတော့ လူပေါင်း ၂၀၀ ကျော်ပါပဲ..အရှင်လတ်လတ် မြေမြှုပ်ခံခဲ့ရတာ..။အဲ့ဒီတုန်းက အချိန်က မနက် လေးနာရီပေါ့။ကျောက်မျက်ကုမ္ပဏီတွေက စွန့်ပစ်ထားတဲ့ မြေစာပုံကြီးဟာ ရုတ်တရက်ပြိုကျခဲ့..။တောင်ကြီးလောက်ရှိတဲ့ မြေစာပုံ အကြီးကြီးရဲ့အောက်ခြေမှာ ရေမဆေးကျောက် ရှာဖွေတဲ့သူတွေနေတဲ့ ယာယီ တဲအိမ်လေးတွေ ၂၀၀ ကျော်လောက်ရှိတယ်။အိမ်အလုံး ၅၀ ထဲက အိပ်နေတဲ့လူတွေ ရုတ်တရက်မြေမြှုပ်ပြီးသားဖြစ်သွားတယ်။အဲဒီတုန်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကယ်လိုက်နိုင်တာ လူတစ်ယောက် တည်းရယ်။

အဲ့ဒီလူလည်း ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာပါပဲ..။အလောင်း ၁၁၆ လောင်းကို ပြန်ရှာနိုင်ခဲ့ပြီး လူအယောက် ၁၀၀ ကျော်ပျောက်ဆုံးတယ်ဆိုတာ တိကျတဲ့ကိန်းဂဏန်းတွေလား..။အဲ့ဒီမှာနေတဲ့ လူဦးရေ ဘယ်လောက်လဲ။“မသိ”ဒါဆို မြေစာပုံပြိုကျရခြင်း အကြောင်းရင်းကရောဘာလဲ..?“မသိ”ဒီလို လူဘယ် နှစ်ယောက်ရှိလဲ၊ ဘယ်ကလာသလဲတောင်မသိတဲ့နေရာမှာ လူသတ်မှုတွေဖြစ်ရင်ရော..။“မသိ”ဘာဆိုဘာမှ ဘယ်သူမှ တိတိကျကျမသိ။ တာဝန်ယူမယ့်သူလည်းမရှိ..။မင်းမဲ့စရိုက်..။ဖားကန့်လို နေရာမျိုးမှာ လက်ရှိအစိုးရအဖွဲ့က အာဏာသက်ရောက်မှုမရှိပါ။လက်နက်ကိုင်ထားကြတဲ့စစ်တပ်၊ရဲ၊KIA နဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေမှာ အာဏာရှိပါတယ်။ဒီ ၅ နှစ်အချိန်အတွင်းမှာလည်း လူတွေ လူမသိ သူမသိ ဆက်တိုက် သေနေကြတာ..။အခုလို အစုလိုက် အပြုံလိုက်သေတော့မှ သတင်းမီဒီယာထဲပါလာတာပေါ့။ဒါပဲလား..၂၀၁၅ ခုနှစ် မတိုင်ခင် ကရော..? လူတွေသေနေကြတယ်။မြေစာပုံပြိုကျမှသေကြတာမဟုတ်ပါဘူး။ဆေးစွဲပြီးသေ၊AIDS နဲ့သေ၊ငှက်ဖျားကြောင့်သေ၊အဝေမတည့်လို့ အချင်းချင်းသတ်ကြဖြတ်ကြ..။လက်နက်ကိုင်တွေ၊အဖွဲ့အစည်းတွေနဲ့ အဆင်မပြေရင်လည်း အသတ်ခံရတာပဲ..။ဖားကန့်ဆိုတဲ့ စကားဟာ ရှမ်းဘာသာစကား (ဖာ − ကျောက်ဖျာ၊ ကန့် − ပြိုကျခြင်း) လို့ အဓိပ္ပါယ်ရတယ်။“ကျောက်ဖျာပြိုကျသည့်နေရာ”တဲ့.။ဟုတ်ပါတယ်။

၁၈၃၂ ခုနှစ်မှာ ဦးပူလွယ်ဟိန်းနဲ့ အဖွဲ့သား (၆) ယောက် မျောက်ဖြူချောင်း ပေါက်ဝမှာ ရွာတည်တယ်။ဖားကန့်ရဲ့ ပထမဆုံးရွာပေါ့။ နာမည်ကအောင်မင်္ဂလာရွာတဲ့။အဲ့ဒီ မျောက်ဖြူချောင်း အပေါက်ဝမှာ ကျောက်ဖျာတောင် ဆိုတာရှိတယ်။အောင်မင်္ဂလာ ရွာတည်ပြီး မကြာပါဘူး။ ကျောက်ဖျာတောင် ပြိုကျတာပဲ..။ဒါကြောင့် ဖားကန့်လို့ အမည်တွင်သွားသတဲ့..။တောင်ပြိုပြီးတော့ ဖားကန့်ကို ၁၈၃၆ ခုနှစ်မှာ ဒုတိယအကြိမ် ထပ်ပြီးတည်ထောင်ကြပြန်တယ်။ကချင်တိုင်းရင်းသားတွေ ဥရုချောင်းကြီးမှာ ငါးရှာ၊ ဖားရှာ သာသာယာယာ ဖြစ်နေရာကနေ ကျောက်စိမ်းကိုပဲရှာချင်လာကြတဲ့အခါ..၊လူတွေ စသေတာပဲ..။မြန်မာတို့ရဲ့ ကျောက်စိမ်းသိုက်က ဖားကန့်မှာကိုး..။ရွာတွေတည်ကြ၊ ကျောက်စိမ်းတူးကြ..။“ဖားကန့်ရတနာမြေ” ရယ်လို့ ၁၃ ရာစုကတည်းက ကမ္ဘာကျော်ခဲ့တာ။ရတနာမြေလို့ သတ်မှတ်ထားတာ ဖားကန့်မြို့နဲ့ ဥရုချောင်း တစ်လျှောက်ပေါ့..။ဥရုချောင်းက သိပ်လှပြီး သာယာပျော်ရွှင်ဖွယ်ရာကောင်းသတဲ့။ ချောင်းနံဘေးက တောတွေ ထဲမှာ တိရစ္ဆာန်တွေ ပျော်မြူးနေခဲ့၊ မျောက်တွေဆို ဟိုပြေး ဒီပြေးနဲ့ ..။

ရေတွေက စိမ်းမြကြည်လင်နေလို့ ငါးရွေးကြီးတွေ အစုလိုက် အပြုံလိုက် ရေးကူးနေတာကို တွေ့ရတတ်သတဲ့..။အခုတော့ သစ်တောတွေခုတ်၊ တောင်တွေဖြို၊ ဥရုချောင်းကြီးထဲကို မြေကြီးတယ်ပစ်တော့ မြေဖို့ပစ်လိုက်သလို ပျက်စီးတဲ့ မြောင်းကြီးဖြစ်သွားပေါ့။မိုးသည်းလာရင် စီးစရာနေရာ မရှိအောင်ပိတ်ဆို့နေတာ ရေတွေကြီး..။၁၉၂၉ ခုနှစ်က ဂျော့ခ်ျအော်ဝဲလ် (George Orwell) က Le Progres Civique ဆိုတဲ့ ပြင်သစ်မဂ္ဂဇင်းမှာ မြန်မာနိုင်ငံအကြောင်း ဆောင်းပါးတစ်ပုဒ်ရေးခဲ့တယ်..။” ဗမာဆိုတဲ့ အဲ့ဒီနိုင်ငံ ဟာ ကမ္ဘာပေါ်မှာအချမ်းသာဆုံးနိုင်ငံပဲ။ လူဦးရေအချိုးအဆနဲ့ သူတို့ရဲ့ ချမ်းသာမှုတွေဖြစ်တဲ့ သံဖြူဒြပ်စင်၊အဖြိုက်နက်၊ကျောက်စိမ်းနဲ့ ပတ္တမြားတွေ တွက်လိုက်ရင် ကမ္ဘာ့ထိတ်တန်းဝင်နေတဲ့ နိုင်ငံ….”သဘာဝဓာတ်ငွေ့၊ ရေနံ၊ သစ်နဲ့ ရွှေ၊သံဖြူ၊ပတ္တမြား၊ကျောက်စိမ်း စတဲ့ သဘာဝသယံဇာတ တွေပေါကြွယ်ဝတဲ့ မြန်မာဆိုတဲ့ ကောင်းသတင်းဟာ မြန်မာပြည်က လူများစုအတွက်တော့ ဒဏ္ဍာရီတစ်ပုဒ်လိုပါပဲ..။ လူတစ်စုအတွက်ပဲ မှန်ခဲ့တာ..။“သယံဇာတ ကျိန်စာ” တဲ့။သဘာဝ သယံဇာတကရတဲ့ ကြွယ်ဝမှုတွေကြောင့် ချမ်းသာရမယ့် နိုင်ငံတွေမှာ အံ့ဩစရာကောင်းလောက်အောင်ဆိုးဝါးတဲ့ အကျိုးဆက်တွေ ရနိုင်တယ်ဆိုတာပဲ။ အဲ့ဒီလို သဘာဝ သယံဇာတပေါကြွယ်ဝတဲ့ နိုင်ငံတွေဟာ အိမ်နီးချင်းနိုင်ငံတွေထက် ဆိုးဆိုးရွားရွား ပြဿနာတွေ၊ မတည်ငြိမ်မှုတွေပိုမိုများပြားတတ်တယ်တဲ့။ပြီးတော့ ဖွံ့ဖြိုးတိုးတက်ခြင်းမရှိဘဲ စိတ်ဆင်းရဲစရာတွေပြည့်နေတတ်။

(📖 Macartan Humphreys, Jeffrey D. Sachs, and Joseph E. Stiglitz. Foreword by George Soros)

လောဘရဲ့ အကျိုးဆက်တွေ..။အခုတော့ ဆင်းရဲမွဲတေမှု၊ ပြည်သူ့ကျန်းမာရေး ကျဆင်းမှု၊ပညာရေးနိမ့်ကျမှု၊လူ့အခွင့်အရေးချိုးဖောက်မှု စတဲ့နာမည်ဆိုးတွေနဲ့ မြန်မာ..။အတင်းအဓမ္မ နေရာရွှေ့ပြောင်းခြင်း၊မတရားဖမ်းဆီးခြင်း၊မုဒိမ်းကျင့်၊ မတရား ညှဉ်းပန်းနှိပ်စက်၊အစုလိုက်အပြုံလိုက် သတ်ဖြတ် …ဒါတွေက အဖွဲ့အစည်းတချို့နဲ့ လူတချို့အတွက်တော့ သမားရိုးကျအလုပ်တစ်ခုလို..။၁၉၈၈ ခုနှစ် ဒီမိုကရေစီဆန္ဒပြပွဲမှာကြည့်.. လက်နက်မဲ့ဆန္ဒပြသူ ၃၀၀၀ ကျော်ကို မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့တယ်..။( 📖Human Rights Watch, 1989 စာတမ်းအရ )လူတွေအသက်ပေးခဲ့ပေမဲ့ စစ်အာဏာရှင်စနစ်အောက်မှာ တိုင်းပြည်ရဲ့သဘာဝသယံဇာတတွေ၊စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းအားလုံးအပေါ် တင်းကျပ်စွာ ဆက်ပြီးထိန်းချုပ်ခြင်းခံခဲ့ရ..။ စစ်အစိုးရရဲ့ ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှုနဲ့တရားမဝင်သတ်ဖြတ်မှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံအနှံ့အပြားပြည်သူတွေ ဒုက္ခရောက်နေခဲ့၊ ဒုက္ခရောက်နေဆဲ..။သစ်တောပြုန်းတီးခြင်း၊တောင်ဖြို၊မြေဆီလွှာပျက်စီးလေထုညစ်ညမ်းခြင်း..ဒါတွေလည်း ဂရုမစိုက်ခဲ့တာလည်းကြာပေါ့။အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) ရဲ့ အဆိုအရမြန်မာနိုင်ငံရဲ့စစ်ရေးအသုံးစရိတ် စုစုပေါင်းဘတ်ဂျက်ဟာ အမေရိကန်ဒေါ်လာသန်း ၉၀၀ ခန့်တဲ့။အဲဒီငွေတွေဘယ်ကရလဲဆိုတော့ ရတနာစီမံကိန်းတွေကပဲ..။ဝင်ငွေ ရဲ့ ၅၀% ဟာ စစ်အစိုးရလက်ထဲကို တိုက်ရိုက်ရောက်တာပဲ။( 📖 CIA Factbook ERI 2008 မှာဖော်ပြထား)စစ်အစိုးရဟာ မြန်မာပြည်က ကျွန်းသစ်နဲ့ အခြားသစ်အမျိုးမျိုးကို အလွန်အမင်းအသုံးချရောင်းစားထားတာကြောင့် သစ်တောတွေလည်း ပြုန်းခဲ့ပြီ..။၁၉၄၈ ခုနှစ် လွတ်လပ်ရေးရတုန်းက မြန်မာနိုင်ငံ စုစုပေါင်းမြေဧရိယာရဲ့ ၇၀% က သစ်ပင်၊သစ်တောတွေရယ်လို့ ဗြိတိသျှတို့က မှတ်တမ်းတင်ခဲ့..။ဒါဟာ အိမ်မက်တစ်ခုလေလား။

၁၉၉၈ ခုနှစ်ရောက်တော့ သစ်တောတွေရဲ့ ထက်ဝက်ကျော်က ခုတ်ထစ်လို့ ကုန်နေပြီ။ဒါတွေဖြစ်တော့..သစ်တောတွေပြုန်းတော့ မြေဆီလွှာတိုက်စား၊အပူချိန်မြင့်တက်၊ရေကြီး.. လူတွေ သေကြပြန်..။သစ်တောပြုန်းတီး၊ဥုရုချောင်းကြီး ပျက်စီး၊အခုတော့ မြေစာပုံကြီးပြိုကျ..။သစ်တောပြုန်းတီးတာဟာ ဌာနေ တိုင်းရင်းသားတွေရဲ့ ဘာသာရေးယုံကြည်မှု၊ ဓလေ့ထုံးတမ်းတွေထိခိုက်၊ စိတ်နာစရာတွေဖြစ်လာတယ်။ဥပမာ-ကရင်လူမျိုးမှာ သစ်တောနဲ့ပတ်သက်တဲ့ ရိုးရာယုံကြည်မှုတွေအများကြီးရှိတယ်။အထွေထွေရောဂါကု သမားတော်ကြီး ဒေါက်တာနေဝင်းရေးသလို ဖားကန့်မှာ လောပန်လောင်းတွေရဲ့တူရွင်းသံ တစ်ညံညံ၊သေနတ်သံ တစ်ခြိမ်းခြိမ်း။သွေးတွေနဲ့ အလောင်းကောင်တွေလည်း ဟိုနေရာ ဒီနေရာပေါ့။အလုပ်သမားတွေက ပထမတော့ ချမ်းသာချင်လို့ အန္တရာယ်ကြားက ကျောက်ရှာ တဲ့ အလုပ်လာလုပ်ကြတာ။နောက်ပိုင်းကျတော့အများစုက ဘိန်းစားတွေဖြစ်လာကြပြီး ဖာကန့်ကိုပိုချစ်သွားကြတာ မခွဲနိုင် မခွာရက်..။အဲ့ဒီတော့ ခရိုနီတွေ ပိုပြီးငွေရွှင်လာတယ်။မူးယစ်ဆေးဝါးကလည်း ဖားကန့်မှာပေါမှပေါ.. ဒိုင်က တစ်ခု၊ နှစ်ခုပဲရှိပေမဲ့ ဆိုင်ခွဲတွေက အများကြီး။ညနေဖက်ဆို လာပို့ပေးနေတာ၊ ဟိုနေရာ ဘိန်းထိုး၊ ဒီနေရာာ ဘိန်းရှုနဲ့ ..ဒါတွေဟာတရားဝင် သာမာန်ဖြစ်စဉ်တစ်ခုလို..။ဘိန်းစားတွေဖြစ်လာတော့ အသက်သေသေ မသေသေ ဘိန်းစား ရဖို့ အရေးကြီးလာတယ်။လောပန်းလောင်းတွေလို့ သူတို့ကိုယ် သူတို့ အော်ဟစ်ခဲ့တဲ့ ရေမဆေးကျောက်ရှာမယ့်သူတွေဟာ အဲဒီလိုနဲ့ ရည်ရွယ်ချက်တွေပျောက်တာပဲ။ဘိန်းစားရဖို့ အလုပ်တွေကြိုးစားလုပ်ကြ..။အဲ့ဒီတော့ ခရိုနီတွေ ပိုပြီးငွေရွှင်လာတယ်။အလုပ်သမား ၇၀% ကဘိန်းစွဲနေသတဲ့..။အလုပ်သမားတွေ ၄ သိန်းကျော်တယ်ဆိုတော့..။

ဒီ့မတိုင်ခင် ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်းက က ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာမှာ မြေပြိုလို့ လူ ၁၅ ယောက်လောက်သေဆုံးခဲ့သေး။ ( BBC News )မြေပြိုလို့ တစ်ယောက်၊ နှစ်ယောက်သေတာမျိုး အဆန်းမဟုတ်တော့ပြီ။ ခရိုနီကြီးတွေက နေရာဝင်ယူကြတော့ တူရွင်းသံ မဟုတ်တော့ဘူး။ ကရိန်းကားတွေ၊ မြေတူးစက်တွေ၊ မြေသယ်ကားတွေ..။ဒါပေမဲ့ မပြောင်းလဲတဲ့ အသံတစ်ခုကျန်ခဲ့။သေနတ်သံ..။အရင်က ဘိန်းခန်းတွေလောက်ပဲရှိခဲ့ပေမဲ့ ဒီမိုကရေစီဆိုတော့ KTV တို့ မာဆက် အခန်းတို့ ဟိုနေရာ၊ ဒီနေရာပေါ့..။ (ဆရာ နေဝင်း ကဗျာမှ- )ပျော်စရာလိုလိုပါပဲ..။အရှင်လတ်လတ် မြေမြှုပ်မခံရသေးတဲ့အထိပေါ့..။“လုပ်ကွက်” တစ်ခုတွေ့ထားတယ်ဆို..နောက်တစ်နေ့ တောင်ဖြို ကြပြီ..။တောင်ကြီးက ခြေဖဝါးအောက် နေချင်းညချင်းရောက်..။

ငြိမ်းချမ်းရေးလား…။ငြိမ်းချမ်းရေးကို သူတို့ မလိုချင်ပါ။ ငြိမ်းချမ်းရေးရရင် ငွေလမ်းကြောင်းတွေပိတ်သွားမှာတစ်ပုံကြီးလေ..။ဆင်းရဲသားတွေကိုလည်း အနိုင်ကျင့်အုပ်ချုပ်၊ မုဒိမ်းကျင့်လို့ မရတော့ဘူးလေ။ငြိမ်းချမ်းရေး မလိုပါဘူး။ သေနတ်ရှိရင် ပြီးတာပဲ။ဥပဒေနဲ့ အာဏာ ဆိုတာ သေနတ်တွေရဲ့ ထိပ်ဝမှာပဲရှိတယ်။ကမ္ဘာ့အရှည်ဆုံးပြည်တွင်းစစ်ဟာ မြန်မာနိုင်ငံမှာ ဖြစ်နေတယ်ဆိုတာ သင်သိပါသလား။ကရင်ပဋိပက္ခ (Karen Conflict) ဟာ ကမ္ဘာပေါ်မှာ အရှည်ဆုံးပြည်တွင်းစစ် ဖြစ်တယ်။ ၁၉၄၉ ခုနှစ်က စခဲ့တာ ဒီနေ့အထိ..။တိုင်းရင်းသားတွေနဲ့ စစ်တပ်ရန်ဖြစ်ကြ၊ အပေးအယူလုပ်ကြ..သံသရာလည်နေ..။ဆင်းရဲသားတွေသေကြရတဲ့ပွဲ…။ဆရာနေဝင်းပြောသလို ဥရုချောင်းကြီးဟာလည်း မြန်မာပြည်သား ဆင်းရဲသားတွေ နဲ့အတူ နေ့ချင်းညချင်း ဘယ်က ဘယ်ကိုဘယ်လို စီးဆင်းရမယ်မသိ.. မျက်စေ့သူငယ်၊ နားသူငယ်ဖြစ်ခဲ့ရ..။

Credit မရွှေမိုး (ကိုရီးယား)July 7th,2020.(🚫(လိုတာရှိရင် ဝင် ဆွေးနွေးပြီး ထပ် ဖြည့်ပေးသွားကြပါရှင့် ။ ကျေးဇူးတင်ပါတယ်။)

Add a Comment

Your email address will not be published. Required fields are marked *