လူေ တာ္ေတာ္ မ်ားမ်ား မသိ လိုက္ၾက တဲ့ ဖား ကန႔္ ေျမၿပိဳမႈ ရဲ႕ အခ်က္ေပး ေခါင္းေလာင္း သံ

ဖားကန႔္ ျဖရပ္ဆိုးႀကီး ဟာ ၂-၇-၂၀၂၀ ရက္ေန႔ မွာ ျဖစ္ပြားခဲ့ ပါ တယ္ ။ အဲဒီျဖစ္ရပ္ဆိုးႀကီး မွာ လူေပါင္း ၁၇၀ ေက်ာ္ ေသဆုံးခဲ့ၿပီး ရွာေဖြမႈ မျပဳလုပ္ႏိုင္ လို႔ ေပ်ာက္ဆုံးေနတဲ့ လူေတြလည္း အမ်ားအျပား က်န္ရွိေနပါေသး တယ္။

ဒီ လို စိတ္မေကာင္းစရာ အျဖစ္ဆိုးႀကီး ရဲ႕ အခ်က္ေပးေခါင္းေလာင္းသံ က ဇြန္လ လယ္ပိုင္းေလာက္ ထဲက ေပၚထြက္လာခဲ့ ပါတယ္။ ‌‌‌ေဒသခံေတြ နဲ႔ တာဝန္ရွိသူေတြ ပူး‌ေပါင္းၿပီး သတိေပးခဲ့ေပမယ့္ စိတ္မေကာင္းစြာ နဲ႔ပဲ ဒီသတိေပးခ်က္ ကို လူအမ်ားအျပားက ဂ႐ုမစိုက္ခဲ့ၾက ပါဘူး။ စားဝတ္ေနေရးဆိုတဲ့ အခ်က္က ဘယ္အႏၲရာယ္ကို မွ ဂ႐ုမစိုက္ႏိုင္ခဲ့ၾက ပါဘူး။

ဒီသတိေပးခ်က္ ကို ေစာေစာစီးစီး သာ လိုက္နာခဲ့ ၾကမယ္ ဆိုရင္ ထိခိုက္မႈ အနည္းဆုံး ျဖစ္သြားႏိုင္ပါတယ္။ အခုေတာ့ ဝမ္းနည္းစရာ အျဖစ္အပ်က္တခုအေနနဲ႔ပဲ မွတ္တမ္း တင္ထား ႏိုင္ပါေတာ့ တယ္ ။ ဖားကန႔္လႊတ္ေတာ္ ကိုယ္စားလွယ္ေရးသား ခဲ့တဲ့ ၂၀-၆-၂၀၂၀ ရက္ေန႔ ေဝွခါပင္မက်င္းႀကီး ရဲ႕ ေျမၿပိဳမႈ အေျခအေနအေၾကာင္းေရးသား ထားမႈကို ေဖာ္ျပလိုက္ ပါတယ္။

“ ၂၀-၆-၂၀၂၀ မြန္းလြဲ ၂းဝဝ နာရီမွ ၆း၁၅ အထိ​ ေဝွခါခရီး သုံး​ေလးရက္ ဆက္တိုက္သည္း ထန္စြာ ႐ြာတဲ့ မိုး​ေၾကာင့္​ေဝွခါ​ေက်း႐ြာ​ေစ်း တန္းအစြန္ ရွိ​ ေနအိမ္တခ်ိဳ႕နဲ႔​​ ေဝွခါပင္မက်င္းႀကီး ရဲ႕​ေတာင္ထိပ္ဖက္ ခက်န္ ႐ြာလမ္းမ​ေဘးအိမ္မ်ား​ေျမလႊာ​နိမ့္ေလွ်ာ က်ျခင္း၊ ျပတ္က်ျခင္းတို႔​ေၾကာင့္​ ေနထိုင္ ရန္လုံးဝ မသင့္​ေတာ့ဘဲ​ ေဘးအႏၲရာယ္ ႀကဳံ​ေတြ႕ႏိုင္သည့္ အ​ေျခအ​ေနသို႔​ေရာက္ ရွိ​ေနသျဖင့္ အမ်ိဳးလႊတ္​ေတာ္ ကိုယ္စားလွယ္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး၊ဌာနဆိုင္ရာမ်ား ၿမိဳ႕မိၿမိဳ႕ဖမ်ား ႏွင့္ အတူ သြား​ေရာက္ကြင္း ဆင္းၾကည့္ရႈၿပီး လိုအပ္​ေသာ​ ေဆာင္႐ြက္ရန္ ကိစၥမ်ား ကို ညႇိႏႈိင္း​ေပါင္းစပ္​ေဆာင္႐ြက္ ခဲ့ၾက ပါတယ္။ ”

(Tint Soe)

လူေ တာ်တော် များများ မသိ လိုက်ကြ တဲ့ ဖား ကန့် မြေပြိုမှု ရဲ့ အချက်ပေး ခေါင်းလောင်း သံ

ဖားကန့် ဖြရပ်ဆိုးကြီး ဟာ ၂-၇-၂၀၂၀ ရက်နေ့ မှာ ဖြစ်ပွားခဲ့ ပါ တယ် ။ အဲဒီဖြစ်ရပ်ဆိုးကြီး မှာ လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ပြီး ရှာဖွေမှု မပြုလုပ်နိုင် လို့ ပျောက်ဆုံးနေတဲ့ လူတွေလည်း အများအပြား ကျန်ရှိနေပါသေး တယ်။

ဒီ လို စိတ်မကောင်းစရာ အဖြစ်ဆိုးကြီး ရဲ့ အချက်ပေးခေါင်းလောင်းသံ က ဇွန်လ လယ်ပိုင်းလောက် ထဲက ပေါ်ထွက်လာခဲ့ ပါတယ်။ ‌‌‌ဒေသခံတွေ နဲ့ တာဝန်ရှိသူတွေ ပူး‌ပေါင်းပြီး သတိပေးခဲ့ပေမယ့် စိတ်မကောင်းစွာ နဲ့ပဲ ဒီသတိပေးချက် ကို လူအများအပြားက ဂရုမစိုက်ခဲ့ကြ ပါဘူး။ စားဝတ်နေရေးဆိုတဲ့ အချက်က ဘယ်အန္တရာယ်ကို မှ ဂရုမစိုက်နိုင်ခဲ့ကြ ပါဘူး။

ဒီသတိပေးချက် ကို စောစောစီးစီး သာ လိုက်နာခဲ့ ကြမယ် ဆိုရင် ထိခိုက်မှု အနည်းဆုံး ဖြစ်သွားနိုင်ပါတယ်။ အခုတော့ ဝမ်းနည်းစရာ အဖြစ်အပျက်တခုအနေနဲ့ပဲ မှတ်တမ်း တင်ထား နိုင်ပါတော့ တယ် ။ ဖားကန့်လွှတ်တော် ကိုယ်စားလှယ်ရေးသား ခဲ့တဲ့ ၂၀-၆-၂၀၂၀ ရက်နေ့ ဝှေခါပင်မကျင်းကြီး ရဲ့ မြေပြိုမှု အခြေအနေအကြောင်းရေးသား ထားမှုကို ဖော်ပြလိုက် ပါတယ်။

“ ၂၀-၆-၂၀၂၀ မွန်းလွဲ ၂းဝဝ နာရီမှ ၆း၁၅ အထိ​ ဝှေခါခရီး သုံး​လေးရက် ဆက်တိုက်သည်း ထန်စွာ ရွာတဲ့ မိုး​ကြောင့်​ဝှေခါ​ကျေးရွာ​စျေး တန်းအစွန် ရှိ​ နေအိမ်တချို့နဲ့​​ ဝှေခါပင်မကျင်းကြီး ရဲ့​တောင်ထိပ်ဖက် ခကျန် ရွာလမ်းမ​ဘေးအိမ်များ​မြေလွှာ​နိမ့်လျှော ကျခြင်း၊ ပြတ်ကျခြင်းတို့​ကြောင့်​ နေထိုင် ရန်လုံးဝ မသင့်​တော့ဘဲ​ ဘေးအန္တရာယ် ကြုံ​တွေ့နိုင်သည့် အ​ခြေအ​နေသို့​ရောက် ရှိ​နေသဖြင့် အမျိုးလွှတ်​တော် ကိုယ်စားလှယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ဌာနဆိုင်ရာများ မြို့မိမြို့ဖများ နှင့် အတူ သွား​ရောက်ကွင်း ဆင်းကြည့်ရှုပြီး လိုအပ်​သော​ ဆောင်ရွက်ရန် ကိစ္စများ ကို ညှိနှိုင်း​ပေါင်းစပ်​ဆောင်ရွက် ခဲ့ကြ ပါတယ်။ ”

(Tint Soe)

Add a Comment

Your email address will not be published. Required fields are marked *