








KS

နောက်နှစ် မှာ မင်္ဂလာ​ဆောင် မယ့် အ​ကြောင်း အရိပ်အမြွက်​ပြောလို က်တဲ့ အမွန်း

Me & Ma Girls မိန်းက​လေးအဖွဲ့ရဲ့အဖွဲ့ဝင်အဖြစ် ဂီတ​​လောကထဲကို စတင်​ခြေချခဲ့တဲ့ အမွန်းဟာ အဖွဲ့ဖျက်သိမ်းပြီး​နောက်မှာ တစ်ကိုယ်​တော်လှုပ်ရှားမှု​တွေပြုလုပ်ခဲ့သူပါ။

မြန်မာပြည်ဖွား ကချင်တိုင်းရင်းသူ အဆို​​တော်ဖြစ်တဲ့ သူမက​တော့ ပြည်တွင်းမှာသာမက ပြည်ပအထိကို အင်္ဂလိပ်သီချင်း​တွေနဲ့ ထိုး​ဖောက်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဒါ့အပြင် သူမရဲ့ ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ” ဒုဌဝတီကို​ကျော်လွန်၍ ” ဇာတ်ကားဟာလည်း ပြည်တွင်း ပြည်ပမှာပါ အနုပညာအရ​ရော ၊ စီးပွား​ရေး အရပါ ​အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

အနုပညာဘက်ရှင်ဘဝမှာ ​အောင်မြင်မှု​တွေရယူထားနိုင်တဲ့ အမွန်းက သူမရဲ့ ​personal life မှာလည်း အများက အားကျရတဲ့ relationship တစ်ခုကို ပိုင်ဆိုင်ထားသူပါ။

အမွန်းဟာ သူမရဲ့ နိုင်ငံခြားသား ချစ်သူနဲ့ တွဲခုတ်​နေတဲ့အ​ကြောင်းကို ပရိသတ်​တွေ သိ​အောင် ပွင့်ပွင့်လင်းလင်း အသိ​ပေးထားခဲ့ပြီး လူကြီးစုံရာ ​ရှေ့မှာ ​စေ့စပ်​ကြောင်းလမ်းထားခဲ့ကြတာဖြစ်ပါတယ်။

အခုအခါမှာ​တော့ အမွန်း နဲ့ သူမ ချစ်သူ တို့ဟာ ချစ်သူသက်တမ်း ၅ နှစ်ပြည့်သွားခဲ့ပြီလို့သိရပါတယ်။

ဒီအ​​ကြောင်းကို အမွန်းက သူမရဲ့ ​ဖေ့စ်ဘွတ်မှာ Cheers mon amour ! 5 years down, forever to go !! ချစ်သူသက်တမ်း ငါးနှစ်ပြည့်ပီချစ်သူ ! ချစ်တယ်နော် , ဒါပဲ , ဂွပ် !” ဆိုပြီး ​ရေးသား​ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် “နောက်နှစ်ဒီချိန်ဆို နှစ်ယောက်သား စတေးတပ်စ်ပြောင်းပြီ” လို့လည်း ​ရေးသား​ဖော်ပြခဲ့ကာ ​နောက်နှစ်မှာ မင်္ဂလာ​ဆောင်​တော့မယ့်အ​ကြောင်းကိုလည်း ပရိသတ်​တွေကို အရိပ်အမြွက် အသိ​ပေးခဲ့ပါ​သေးတယ်။

KS

Add a Comment

Your email address will not be published. Required fields are marked *