၇ရက္ သား သမီး တစ္ပတ္စာေ ဟာစာ တမ္း (9.7.2020 မွ 15.7.2020 အ ထိ)

တနဂၤေႏြ

ဒီ ကာလအတြင္းယုံၾကည္အားကိုးရေသာ တပည့္ေကာင္းမ်ား ရရွိမည္။ ေဆြမ်ိဳးမ်ားႏွင့္ စပ္၍လည္း ေကာင္း က်ိဳး ရေသာအခ်ိန္ျဖစ္သည္။ လုံ႔လ၊ ဝီရိယနည္းေနမည္။ အေဝးေရာက္ေနသူမ်ား၏ ခ်စ္ျမတ္နိုးမႈကို ခံရတတ္သည္။

ပတ္ဝန္းက်င္ရွိ ရြယ္တူမ်ား၏ အထင္ေသးမႈကို ခံရတတ္သည္။ အထီးက်န္ေသာအခ်ိန္ျဖစ္သည္။စီးပြားေရး ကံေကာင္း ေသာ အခ်ိန္ကာလျဖစ္သည္။ လုပ္ငန္းရွင္မ်ား၊ ေငြရွင္မ်ား၏ ယုံၾကည္အားကိုးမႈ၊ လက္လႊဲခံရမႈရေသာ အခ်ိန္ကာလျဖစ္သည္။

စက္မႈဆိုင္ရာအလုပ္မ်ား၊ လၽွပ္စစ္စြမ္းအင္အလုပ္မ်ား၊ ဆက္သြယ္ေရးအလုပ္မ်ား အစစ အရာရာေကာင္းမြန္ေနမည္။ ေဆးစားမွားမည္။ အလွဆီမ်ားကို လြန္ကဲမွားယြင္းစြာ သုံးမႈေၾကာင့္ အေရျပား ယားယံမည္။ ဒူးနာ၊ ခါးနာမည္။

အိမ္ေထာင္ဖက္၏ ေျပာဆိုမႈကို သည္းခံနိုင္မွ သို႔မဟုတ္လၽွင္ စကားမ်ား ရန္ျဖစ္ရတတ္သည္။ ေျပာသမၽွ အင္းလိုက္၍ ကိုယ့္အလုပ္ကိုယ္ လုပ္ေနပါက အိမ္ေထာင္ဖက္၏ ခ်စ္ခင္အားကိုးမႈကိုရရွိမည္။

အခ်စ္ေရးတြင္ ခ်စ္သူကကိုယ့္အေပၚအရာရာအားကိုးေနတတ္သည္။ပညာေရးတြင္ နားလည္သလိုလိုနဲ႔ မသိဘဲျဖစ္ ေနရတတ္သည္။ နားလည္ၿပီးသားမ်ား ေမ့ေပ်ာက္ သြားမည္။ ပညာေရးႏွင့္ ပတ္သက္၍ ဆူပူမႈ ခံရတတ္သည္။ အေရး၊ အဖတ္၊ အတြက္မ်ားေတာ္မည္။

အက်ိဳးေပးဂဏန္း ၁/၄/၃ အထူးေဟာ အိမ္တြင္းေရးအနည္းငယ္အားနည္းမည္။ ယၾတာ ဝက္သားနဲ႔အာလူးဟင္း ခ်က္ၿပီး ရဟန္းသံဃာေတြကိုဆြမ္းေလာင္းပါ။

တနလၤာ

ဒီကာလအတြင္းေငြေၾကးကိစၥ၊ လုပ္ငန္းကိစၥမ်ားတြင္ေကာင္းေသာတိုးတတ္မႈမ်ား အခိုင္အမာျဖစ္ထြန္းျခင္း၊ မူလဆက္ဆံမႈမရွိေသာ သူမ်ားႏွင့္ဆက္ဆံရျခင္းမ်ားရွိမည္။ အၿပိဳင္အဆိုင္အားလုံးကို ေက်ာ္လႊားနိုင္မည္။

အဆက္ အသြယ္ျပတ္ေတာက္မႈမ်ား၊ စာရင္းရႈပ္ေထြးမႈ၊ ေငြေၾကးလြဲမွားမႈ၊ စာခ်ဳပ္ရက္လြန္မႈ စေသာ အခက္အခဲမ်ားၾကဳံၿပီး မၾကာမီျပန္ေကာင္းလာမည္။ ျမဳပ္ကြယ္ေနေသာအရာမ်ား ျပန္လည္ထြက္ေပၚလာမည္။

ရင္းႏွီးျမႇပ္ႏွံမႈမ်ားမွ အက်ိဳးအျမတ္ရလာမည္။ ကိုယ္တိုင္ဆုံးျဖတ္မႈထက္ ဆရာမ်ား၊ အႀကီးအကဲမ်ား၏ ညႊန္ၾကားမႈအတိုင္း ျပဳလုပ္ပါ။ ေအာင္ျမင္ျဖစ္ထြန္းမည္။ အိမ္ေထာင္ေရးတြင္ နားလည္မႈလြဲတတ္သည္။ စြပ္စြဲခံရတတ္သည္။

အိမ္ေထာင္ဖက္အား ကတိအမ်ိဳးမ်ိဳး ေပးရတတ္သည္။ စကားနည္း၊ ရန္စဲေသာကာလ ျဖစ္သည္။ ပညာရွာေနသူမ်ားသူစိမ္းတစ္ရံမ်ား၏ ပညာေရးေထာက္ပံ့မႈမ်ား ၾကဳံရမည္။ ေအးခ်မ္းစြာ ပညာသင္ျဖစ္မည္။ နိုင္ငံရပ္ျခား ဘာသာစာေပတြင္ ပိုမိုထူးခၽြန္ မည္။

အခ်စ္ေရးနားမလည္ေအာင္ျဖစ္ေနမည္။ ေအးစက္ေနမည္။ ဖူးစာေရးနတ္ အိပ္ေပ်ာ္ေနသလားထင္ရမည္။ ႏွလုံးေရာဂါရွိသူမ်ားအနားရွိ မသိနားမလည္သူတို႔၏ အေနအထိုင္မတတ္မႈေၾကာင့္ ႏွလုံးေရာဂါတိုးနိုင္သည္။ က်န္းမာေရးေၾကာင့္စိတ္မတည္ၿငိမ္၊ စိတ္ဆင္းရဲမႈ ခံရတတ္သည္။

အက်ိဳးေပးဂဏန္း ၄/၅/၉ အထူးေဟာ အခက္အခဲမ်ားၾကားက ေအာင္ျမင္မႈေတြရတတ္ပါတယ္။ ယၾတာ ေျပာင္းဖူးေလးေၾကာ္ၿပီး ဘုရားကပ္လႉလိုက္ပါ။

အဂၤါ

ယခုကာလအတြင္း နိုင္ငံရပ္ျခားႏွင့္ ပူးေပါင္းလုပ္ငန္းမ်ား ေအာင္ျမင္မည္။ ဆရာမ်ားႏွင့္ နားလည္မႈလြဲေန မည္။ မိဘမ်ား၏ ဂ႐ုစိုက္မႈခံရမည္။ ကံေကာင္းေသာအခ်ိန္ျဖစ္သည္။ ႀကိဳးစားလၽွင္ ႀကိဳးစားသေလာက္ အခြင့္ အေရးရ ေသာအခ်ိန္ျဖစ္သည္။

သင္သည္အလုပ္ အရမ္းရႈပ္ေနမည္။ စက္ပစၥည္းမ်ား၊ တပည့္အလုပ္သမားမ်ား အတြက္ ရင္းႏွီးျမႇပ္ႏွံျဖစ္မည္။ ဌာနဆိုင္ရာမ်ားႏွင့္ အက်ိဳးတူလုပ္ငန္းမ်ား ေအာင္ျမင္မည္။ ေက်ာက္မ်က္ရတနာ မ်ား ႏွင့္ ယာဥ္၊ကားမ်ားအတြက္ အရင္းအႏွီးမ်ား၍ ေငြျမဳပ္ေနမည္။

ဝန္ထမ္းဆို ႀကိဳးစားမႈေၾကာင့္ရာထူးတူမ်ားကို ေက်ာ္တတ္သြားမည္။ မိမိ ႀကိဳးစားမႈအတြက္ ဂုဏ္ျပဳခံရမည္။ ခါးအနည္းငယ္နာ႐ုံမွတပါး က်န္းမာေရးေကာင္းေသာကာလျဖစ္သည္။ အစားလြန္ကဲ၍ ရင္ျပည့္ရင္ကယ္ ျဖစ္မည္။

ေအးတိေအးစက္နိုင္ေသာ အိမ္ေထာင္ေရး ကာလ ျဖစ္ေသာ္လည္း နားလည္မႈရွိေနမည္။ မိသားစု၊ ေဆြမ်ိဳးကိစၥမ်ား တိုင္ပင္ျပဳလုပ္ၿပီးမွေဆာင္ရြက္ပါ။ ႏွစ္ဖက္ ေသာမိဘမ်ား၏ က်န္းမာေရးအတြက္ ပူပန္ရမည္။

အခ်စ္ေရးထက္ စီးပြားေရး၊ ပညာေရးတို႔ကို ဂ႐ုစိုက္ေန၍ တိုးတိုးတိတ္တိတ္သာ ခ်စ္ေနရမည္။ မ်က္လုံးခ်င္းစကားေျပာၿပီး အတူတူ စားေသာက္ေနရေသာ္လည္း ရင္ထဲက အခ်စ္ကို ထုတ္မေျပာမိ၊ လၽွို႔ဝွက္ေနျဖစ္မည္။ ပညာေရးအေပၚ ႀကိဳးစားမႈေတြကို ဒီထက္ပိုဝီရိယထားလိုက္ပါ။

အက်ိဳးေပးဂဏန္း ၆/၅/၃ အထူးေဟာ အေျပာင္းအလဲျဖင့္ တိုးတတ္မည္။ ယၾတာ ေပါက္ဆီဘုရားကပ္လႉလိုက္ပါ။

ဗုဒၶဟူး/ရာဟု

ဒီကာလမွာခရီးသြားလုပ္ငန္းေအာင္ျမင္မည္။ကုန္သြယ္စီးပြားေတြ သိသိသာသာအျမတ္အစြန္းမ်ားလာတတ္ သည္။ အိမ္ေထာင္ဖက္သည္ သူ႔အလုပ္ႏွင့္သူ အလြန္အလုပ္မ်ားေန မည္။ အိမ္မွာရွိစဥ္ ဆူဆူပူပူႏွင့္ အစစအရာရာသည္း ခံေနရမည္။

တစ္ေလာကလုံး သူ႔လုပ္စာထိုင္စားေနသူတို႔ကဲ့သို႔ ပါဝါ အာဏာျပေနမည္။ သို႔ေသာ္အစစ တာဝန္ ေက်ပြန္ေနသူျဖစ္၍ တင့္တယ္ေသာ အိမ္ေထာင္ေရးျဖစ္သည္။ အလုပ္ မ်ိဳးစုံ ကို ခ်ိန္ရြယ္လုပ္ကိုင္ေနျဖစ္မည္။

သို႔ေသာ္ ဘာလုပ္ငန္းကို အဓိကလုပ္သည္ဟု ေခါင္းစဥ္တပ္မရ၊ ဘာလုပ္ ရမွန္းမသိျဖစ္တတ္သည္။ ကံစမ္းတဲ့ အလုပ္မ်ား၊ေလာင္းကစားအလုပ္မ်ား ေရွာင္သင့္သည္။ အထက္လူႀကီး၊ ဆရာမိဘတို႔၏ ၿငိဳျငင္မႈ ဆူပူမႈခံရ တတ္သည္။

၎တို႔ႏွင့္ ဆိုင္ေသာအလုပ္မ်ားကို သတိထားလုပ္ကိုင္သင့္သည္။ ပညာေရးတြင္ ဝါသနာပါေသာ အႏုပညာဆိုင္ရာမ်ားကို ပိုမိုေလ့လာျဖစ္မည္။ ေက်ာင္းစာ၊ သင္တန္းစာ အားနည္း မည္။ အခ်စ္ေရးတြင္အရမ္းခ်စ္ ခ်င္ေနမည္။

မိမိကို ႏွစ္ႏွစ္ကာကာ အသည္းထိ စြဲၿငိေအာင္ခ်စ္တတ္သူကို အရမ္း ေမၽွာ္ေန မိမည္။ အခြင့္အေရး သမားေတြသာ ပတ္ခ်ာဝိုင္းေနၿပီး အခ်စ္တုမ်ားႏွင့္ ေတြ႕တတ္သည္။ ခၽြန္ထက္ေသာ အရာမ်ား၏ ထိခိုက္မႈေၾကာင့္ ေသြးထြက္သံယိုျဖစ္တတ္သည္။ ယာဥ္ကားေပၚမွ ျပဳတ္က်တတ္သည္။ ေျခေထာက္ ကြဲရွမႈ ၾကဳံနိုင္ပါသည္။

အက်ိဳးေပးဂဏန္း ၀/၆/၈ အထူးေဟာ ကံအညံ့အဆိုးေလးေတြေရာပါေနတတ္ပါတယ္။ ယၾတာ နာနတ္သီးဘုရားကပ္လႉလိုက္ပါ။

ၾကာသပေတး

ဒီကာလအတြင္း လူမ်ိဳးျခား ေသြးေႏွာသူတို႔၏ ဂ႐ုစိုက္မႈ၊ ခ်စ္ခင္မႈကို ရရွိမည္။ ကိုယ္တိုင္ဦးေဆာင္ လုပ္ေသာအလုပ္မ်ား အရႈံးေပၚတတ္သည္။ သူတစ္ပါးကို မွီခို၍ စီးပြား ရွာေနရမည္။လူေပါင္းမွား၊ ဆုံးျဖတ္ခ်က္ မွားတတ္၍

သူတစ္ပါးေၾကာင့္ နာမည္သိကၡာထိခိုက္တတ္ျခင္း၊ အလုပ္ထိခိုက္ျခင္းမ်ားျဖစ္မည္။ ပူးတြဲလုပ္သူတို႔၏ အေႏွာက္ အယွက္ေပးျခင္းမ်ားၾကဳံမည္။ မည္မၽွပင္က်ယ္ျပန႔္ေသာ ပတ္ဝန္းက်င္ရွိေစကာမူ တစ္သီး တစ္သန႔္ ျဖစ္ေနမည္။ ႏႈတ္ေျပာေကာင္း၍ အခြင့္အေရးအသစ္မ်ားရမည္။

ဆက္ဆံေရးေကာင္းမြန္ ေနမည္။ ဆရာမ်ား၊ ပညာရွင္မ်ား၊ ေငြရွင္မ်ားႏွင့္ အက်ိဳးတူ ပူးေပါင္းလုပ္ကိုင္ျဖစ္မည္။ သာသာယာယာ အိမ္တြင္းေရးျဖစ္ေနမည္။ မိသားစုတာဝန္ မ်ားကို ေက်နပ္ေပ်ာ္ရႊင္စြာ ထမ္းေဆာင္ေပးျခင္းျဖစ္မည္။

စားေကာင္းေသာက္ဖြယ္မ်ားကို မိသားစုစုံလင္စြာ စားေသာက္ ျဖစ္မည္။ အေဝး ေရာက္ သားသမီးေတြဆီကအေထာက္အပံ့မ်ားရမည္။ ေလးနက္ ခက္ခဲေသာ ပညာရပ္မ်ားကို ေလ့လာျဖစ္မည္။ ဘာသာျခားစကားမ်ား သင္လၽွင္ လြယ္ကူစြာတတ္ေျမာက္မည္။

ေက်ာင္းစာအားနည္းေနမည္။ ခ်စ္သူ၏ ခ်စ္ခင္ ယုယမႈကို ခံရေပမယ့္ မိဘမ်ား သေဘာမတူမႈေၾကာင့္ ခိုးေတြ႕ေန ျဖစ္မည္။ က်န္းမာေရးဒူးေခါင္းနာတတ္သည္။ အျမင့္တတ္လၽွင္ သတိထားသင့္သည္။

အက်ိဳးေပးဂဏန္း ၁/၇/၅ အထူးေဟာ ကံအေကာင္းအဆိုး ဒြန္တြဲေနမည္။ ယၾတာ အုန္းနို႔ ဆန္ျပဳတ္ ဘုရားကပ္လႉေပးပါ။

ေသာၾကာ

ဒီကာလအတြင္းအလကားေနရင္း စိတ္ညစ္ညဴးေနမည္။ အလုပ္အကိုင္ အဆင္ေျပေသာ္လည္း အပိုကိစၥ မ်ားေၾကာင့္ စိတ္တိုင္းမက်ျဖစ္ေနမည္။ အေဆာက္အဦး၊ အိမ္၊ ၿခံ၊ ေျမ၊ စိုက္ပ်ိဳးေရး လုပ္ငန္းမ်ား အက်ိဳးျဖစ္ထြန္း မည္။ အခါခပ္သိမ္း စိတ္မတိုပါႏွင့္။

အေသးအဖြဲ႕ကိစၥမ်ားေၾကာင့္ စိတ္ပူပန္ေနရမည္။ စိတ္ရွည္သည္းခံ၍ လုပ္ကိုင္ ပါက မုခ်ေအာင္ျမင္ မည္။ ပတ္ဝန္းက်င္ကို စိတ္ကုန္ေနမည္။ ငယ္သူမ်ားအတြက္ စိတ္ပူပန္ေနရမည္။ အျပင္ သြားရင္း ပစၥည္းတစ္ခုခုေမ့က်န္တတ္သည္။ ပညာေရးတြင္ သင္ယူလိုစိတ္မ်ား အျပည့္အဝရွိေနမည္။

အဆင့္ျမင့္ စာေမးပြဲ မ်ား ေအာင္ျမင္မည္။ တရားထိုင္ျခင္း၊ အဓိဌာန္ဝင္ျခင္းမ်ား ၾကဳံရမည္။ က်န္းမာေရး ေကာင္းေနမည္။ ေဘး အႏၲရာယ္ႀကီးေတြမရွိပါ။ ေလေအာင့္ျခင္း၊ ဝမ္းပ်က္ျခင္း၊ တစ္ႀကိမ္တစ္ခါရွိမည္။

အိမ္တြင္ေနေသာ္ အေကာင္း ခရီးသြားကာမွ လမ္းတြင္ ေနမေကာင္းျဖစ္တတ္သည္။ ခ်စ္သူႏွင့္ ဆုံေတြ႕ခ်ိန္ အျခားတစ္ပါးသို႔ စိတ္ေရာက္ေနေသာ ေၾကာင့္ ခ်စ္သူကျငဴစူ မည္။ အခ်စ္ေရးထက္ အျခားကိစၥမ်ားကို အခ်ိန္ေပးေနရမည္။

အိမ္ေထာင္ရွင္မ်ား မတည့္ အတူေန ပူညံပူညံ ျဖစ္ေနမည္။ သူစိမ္းတစ္ဦးအေၾကာင္းကို ေျပာဆိုျခင္းမွ အစျပဳ၍ အေျခအတင္ျဖစ္မည္။

အက်ိဳးေပးဂဏန္း ၁/၂/၆ အထူးေဟာ စိတ္ညစ္တာေတြေျဖေလ်ာ့ၿပီး အလုပ္အာ႐ုံစိုက္ပါ။ ယၾတာ ဘုရားေက်ာင္းေဆာင္အား သန႔္ရွင္းေရးေဆာင္ရြက္ပါ။

စေန

ဒီကာလအတြင္းယာဥ္၊ ကား၊ စက္ပစၥည္းမ်ား နစ္နာခ်ိဳ႕ယြင္းမႈရွိမည္။ ေငြကစားေသာလုပ္ငန္းမ်ား၊ စာအုပ္၊ စာေပလုပ္ငန္းမ်ားမွ အက်ိဳးအျမတ္ျဖစ္ထြန္းမည္။ လုပ္ငန္းကိစၥျဖင့္ ခရီးထြက္ရမည္။ လူမ်ိဳးျခားတစ္ဦးက ပစၥည္း တစ္ခုခု လက္ေဆာင္ေပးလိမ့္မည္။

အေပါင္းအသင္း၊ အိမ္နီးနားခ်င္းတို႔က မိမိအတင္းေျပာလိမ့္မည္။ လုပ္ေဖၚကိုင္ ဖက္ မ်ားေၾကာင့္ လုပ္ငန္းထိခိုက္လိမ့္မည္။ ခ်စ္သူေဟာင္း(သို႔မဟုတ္) လူယုံ၏မရိုးသားမႈ ေၾကာင့္ နစ္နာမည္။ သို႔ေသာ္မိမိ၏ကၽြမ္းက်င္မႈေၾကာင့္ စီးပြားေရးပုံမွန္ျပန္ျဖစ္မည္။

ဆုံးရႈံးမႈေနာက္ကြယ္မွ အက်ိဳးအျမတ္ျပန္ရမည္။ ပညာေရးတြင္ ႀကိဳးစားသေလာက္ အက်ိဳးခံစားရမည္။ မေရာက္ဖူး ေသာအရပ္ေဒသမ်ား၌ မသင္ဖူးေသာပညာ ရပ္မ်ား သြားေရာက္သင္ၾကားရမည္။ ရပ္ေဝးခရီးႏွင့္သက္ဆိုင္ေသာ အင္တာဗ်ဴးေျဖဆိုျခင္းမ်ား ေအာင္ျမင္လိမ့္ မည္။

က်န္းမာေရးတြင္ အခ်ဥ္၊ အစပ္၊ လြန္ကဲစြာစားမိျခင္းေၾကာင့္ ဝမ္းပ်က္လိမ့္မည္။ မေတာ္တဆ ထိခိုက္မႈၾကဳံနိုင္သည္။ အခ်စ္ ေရးတြင္ ယုံမွတ္မိခဲ့သည္ႏွင့္ ကြဲလြဲေနေသာေၾကာင့္ ခ်စ္သူခ်င္း လမ္းခြဲရျခင္းၾကဳံမည္။

ႏွစ္ဦးသား သံသယမ်ားႏွင့္ ရႈတ္ေထြးေနမည္။ အိမ္ေထာင္ရွင္မ်ား အိမ္တြင္းေရးေသာကၾကဳံမည္။ တစ္ဦးႏွင့္တစ္ဦး အျပစ္ရွာေနသလို ၾကဳံေနရမည္။ အေနေဝးေသာ အိမ္ေထာင္ရွင္မ်ား ျပႆနာမရွိပါ။

အက်ိဳးေပးဂဏန္း ၂/၃/၇ အထူးေဟာ က်န္းမာေရး အနည္းငယ္ဂ႐ုစိုက္ပါ ယၾတာ ၾကာဆံေၾကာ္ၿပီး အိမ္နီးနားခ်င္းေတြေဝေပးပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695 09 44 5555 695

ရရက် သား သမီး တစ်ပတ်စာေ ဟာစာ တမ်း (9.7.2020 မှ 15.7.2020 အ ထိ)

တနင်္ဂနွေ

ဒီ ကာလအတွင်းယုံကြည်အားကိုးရသော တပည့်ကောင်းများ ရရှိမည်။ ဆွေမျိုးများနှင့် စပ်၍လည်း ကောင်း ကျိုး ရသောအချိန်ဖြစ်သည်။ လုံ့လ၊ ဝီရိယနည်းနေမည်။ အဝေးရောက်နေသူများ၏ ချစ်မြတ်နိုးမှုကို ခံရတတ်သည်။ ပ

တ်ဝန်းကျင်ရှိ ရွယ်တူများ၏ အထင်သေးမှုကို ခံရတတ်သည်။ အထီးကျန်သောအချိန်ဖြစ်သည်။စီးပွားရေး ကံကောင်း သော အချိန်ကာလဖြစ်သည်။ လုပ်ငန်းရှင်များ၊ ငွေရှင်များ၏ ယုံကြည်အားကိုးမှု၊ လက်လွှဲခံရမှုရသော အချိန်ကာလဖြစ်သည်။

စက်မှုဆိုင်ရာအလုပ်များ၊ လျှပ်စစ်စွမ်းအင်အလုပ်များ၊ ဆက်သွယ်ရေးအလုပ်များ အစစ အရာရာကောင်းမွန်နေမည်။ ဆေးစားမှားမည်။ အလှဆီများကို လွန်ကဲမှားယွင်းစွာ သုံးမှုကြောင့် အရေပြား ယားယံမည်။ ဒူးနာ၊ ခါးနာမည်။

အိမ်ထောင်ဖက်၏ ပြောဆိုမှုကို သည်းခံနိုင်မှ သို့မဟုတ်လျှင် စကားများ ရန်ဖြစ်ရတတ်သည်။ ပြောသမျှ အင်းလိုက်၍ ကိုယ့်အလုပ်ကိုယ် လုပ်နေပါက အိမ်ထောင်ဖက်၏ ချစ်ခင်အားကိုးမှုကိုရရှိမည်။

အချစ်ရေးတွင် ချစ်သူကကိုယ့်အပေါ်အရာရာအားကိုးနေတတ်သည်။ပညာရေးတွင် နားလည်သလိုလိုနဲ့ မသိဘဲဖြစ် နေရတတ်သည်။ နားလည်ပြီးသားများ မေ့ပျောက် သွားမည်။ ပညာရေးနှင့် ပတ်သက်၍ ဆူပူမှု ခံရတတ်သည်။ အရေး၊ အဖတ်၊ အတွက်များတော်မည်။

အကျိုးပေးဂဏန်း ၁/၄/၃ အထူးဟော အိမ်တွင်းရေးအနည်းငယ်အားနည်းမည်။ ယတြာ ဝက်သားနဲ့အာလူးဟင်း ချက်ပြီး ရဟန်းသံဃာတွေကိုဆွမ်းလောင်းပါ။

တနင်္လာ

ဒီကာလအတွင်းငွေကြေးကိစ္စ၊ လုပ်ငန်းကိစ္စများတွင်ကောင်းသောတိုးတတ်မှုများ အခိုင်အမာဖြစ်ထွန်းခြင်း၊ မူလဆက်ဆံမှုမရှိသော သူများနှင့်ဆက်ဆံရခြင်းများရှိမည်။ အပြိုင်အဆိုင်အားလုံးကို ကျော်လွှားနိုင်မည်။

အဆက် အသွယ်ပြတ်တောက်မှုများ၊ စာရင်းရှုပ်ထွေးမှု၊ ငွေကြေးလွဲမှားမှု၊ စာချုပ်ရက်လွန်မှု စသော အခက်အခဲများကြုံပြီး မကြာမီပြန်ကောင်းလာမည်။ မြုပ်ကွယ်နေသောအရာများ ပြန်လည်ထွက်ပေါ်လာမည်။

ရင်းနှီးမြှပ်နှံမှုများမှ အကျိုးအမြတ်ရလာမည်။ ကိုယ်တိုင်ဆုံးဖြတ်မှုထက် ဆရာများ၊ အကြီးအကဲများ၏ ညွှန်ကြားမှုအတိုင်း ပြုလုပ်ပါ။ အောင်မြင်ဖြစ်ထွန်းမည်။ အိမ်ထောင်ရေးတွင် နားလည်မှုလွဲတတ်သည်။ စွပ်စွဲခံရတတ်သည်။

အိမ်ထောင်ဖက်အား ကတိအမျိုးမျိုး ပေးရတတ်သည်။ စကားနည်း၊ ရန်စဲသောကာလ ဖြစ်သည်။ ပညာရှာနေသူများသူစိမ်းတစ်ရံများ၏ ပညာရေးထောက်ပံ့မှုများ ကြုံရမည်။ အေးချမ်းစွာ ပညာသင်ဖြစ်မည်။ နိုင်ငံရပ်ခြား ဘာသာစာပေတွင် ပိုမိုထူးချွန် မည်။

အချစ်ရေးနားမလည်အောင်ဖြစ်နေမည်။ အေးစက်နေမည်။ ဖူးစာရေးနတ် အိပ်ပျော်နေသလားထင်ရမည်။ နှလုံးရောဂါရှိသူများအနားရှိ မသိနားမလည်သူတို့၏ အနေအထိုင်မတတ်မှုကြောင့် နှလုံးရောဂါတိုးနိုင်သည်။ ကျန်းမာရေးကြောင့်စိတ်မတည်ငြိမ်၊ စိတ်ဆင်းရဲမှု ခံရတတ်သည်။

အကျိုးပေးဂဏန်း ၄/၅/၉ အထူးဟော အခက်အခဲများကြားက အောင်မြင်မှုတွေရတတ်ပါတယ်။ ယတြာ ပြောင်းဖူးလေးကြော်ပြီး ဘုရားကပ်လှူလိုက်ပါ။

အင်္ဂါ

ယခုကာလအတွင်း နိုင်ငံရပ်ခြားနှင့် ပူးပေါင်းလုပ်ငန်းများ အောင်မြင်မည်။ ဆရာများနှင့် နားလည်မှုလွဲနေ မည်။ မိဘများ၏ ဂရုစိုက်မှုခံရမည်။ ကံကောင်းသောအချိန်ဖြစ်သည်။ ကြိုးစားလျှင် ကြိုးစားသလောက် အခွင့် အရေးရ သောအချိန်ဖြစ်သည်။

သင်သည်အလုပ် အရမ်းရှုပ်နေမည်။ စက်ပစ္စည်းများ၊ တပည့်အလုပ်သမားများ အတွက် ရင်းနှီးမြှပ်နှံဖြစ်မည်။ ဌာနဆိုင်ရာများနှင့် အကျိုးတူလုပ်ငန်းများ အောင်မြင်မည်။ ကျောက်မျက်ရတနာ များ နှင့် ယာဉ်၊ကားများအတွက် အရင်းအနှီးများ၍ ငွေမြုပ်နေမည်။

ဝန်ထမ်းဆို ကြိုးစားမှုကြောင့်ရာထူးတူများကို ကျော်တတ်သွားမည်။ မိမိ ကြိုးစားမှုအတွက် ဂုဏ်ပြုခံရမည်။ ခါးအနည်းငယ်နာရုံမှတပါး ကျန်းမာရေးကောင်းသောကာလဖြစ်သည်။ အစားလွန်ကဲ၍ ရင်ပြည့်ရင်ကယ် ဖြစ်မည်။

အေးတိအေးစက်နိုင်သော အိမ်ထောင်ရေး ကာလ ဖြစ်သော်လည်း နားလည်မှုရှိနေမည်။ မိသားစု၊ ဆွေမျိုးကိစ္စများ တိုင်ပင်ပြုလုပ်ပြီးမှဆောင်ရွက်ပါ။ နှစ်ဖက် သောမိဘများ၏ ကျန်းမာရေးအတွက် ပူပန်ရမည်။

အချစ်ရေးထက် စီးပွားရေး၊ ပညာရေးတို့ကို ဂရုစိုက်နေ၍ တိုးတိုးတိတ်တိတ်သာ ချစ်နေရမည်။ မျက်လုံးချင်းစကားပြောပြီး အတူတူ စားသောက်နေရသော်လည်း ရင်ထဲက အချစ်ကို ထုတ်မပြောမိ၊ လျှို့ဝှက်နေဖြစ်မည်။ ပညာရေးအပေါ် ကြိုးစားမှုတွေကို ဒီထက်ပိုဝီရိယထားလိုက်ပါ။

အကျိုးပေးဂဏန်း ၆/၅/၃ အထူးဟော အပြောင်းအလဲဖြင့် တိုးတတ်မည်။ ယတြာ ပေါက်ဆီဘုရားကပ်လှူလိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလမှာခရီးသွားလုပ်ငန်းအောင်မြင်မည်။ကုန်သွယ်စီးပွားတွေ သိသိသာသာအမြတ်အစွန်းများလာတတ် သည်။ အိမ်ထောင်ဖက်သည် သူ့အလုပ်နှင့်သူ အလွန်အလုပ်များနေ မည်။ အိမ်မှာရှိစဉ် ဆူဆူပူပူနှင့် အစစအရာရာသည်း ခံနေရမည်။

တစ်လောကလုံး သူ့လုပ်စာထိုင်စားနေသူတို့ကဲ့သို့ ပါဝါ အာဏာပြနေမည်။ သို့သော်အစစ တာဝန် ကျေပွန်နေသူဖြစ်၍ တင့်တယ်သော အိမ်ထောင်ရေးဖြစ်သည်။ အလုပ် မျိုးစုံ ကို ချိန်ရွယ်လုပ်ကိုင်နေဖြစ်မည်။

သို့သော် ဘာလုပ်ငန်းကို အဓိကလုပ်သည်ဟု ခေါင်းစဉ်တပ်မရ၊ ဘာလုပ် ရမှန်းမသိဖြစ်တတ်သည်။ ကံစမ်းတဲ့ အလုပ်များ၊လောင်းကစားအလုပ်များ ရှောင်သင့်သည်။ အထက်လူကြီး၊ ဆရာမိဘတို့၏ ငြိုငြင်မှု ဆူပူမှုခံရ တတ်သည်။

၎င်းတို့နှင့် ဆိုင်သောအလုပ်များကို သတိထားလုပ်ကိုင်သင့်သည်။ ပညာရေးတွင် ဝါသနာပါသော အနုပညာဆိုင်ရာများကို ပိုမိုလေ့လာဖြစ်မည်။ ကျောင်းစာ၊ သင်တန်းစာ အားနည်း မည်။ အချစ်ရေးတွင်အရမ်းချစ် ချင်နေမည်။

မိမိကို နှစ်နှစ်ကာကာ အသည်းထိ စွဲငြိအောင်ချစ်တတ်သူကို အရမ်း မျှော်နေ မိမည်။ အခွင့်အရေး သမားတွေသာ ပတ်ချာဝိုင်းနေပြီး အချစ်တုများနှင့် တွေ့တတ်သည်။ ချွန်ထက်သော အရာများ၏ ထိခိုက်မှုကြောင့် သွေးထွက်သံယိုဖြစ်တတ်သည်။ ယာဉ်ကားပေါ်မှ ပြုတ်ကျတတ်သည်။ ခြေထောက် ကွဲရှမှု ကြုံနိုင်ပါသည်။

အကျိုးပေးဂဏန်း ၀/၆/၈ အထူးဟော ကံအညံ့အဆိုးလေးတွေရောပါနေတတ်ပါတယ်။ ယတြာ နာနတ်သီးဘုရားကပ်လှူလိုက်ပါ။

ကြာသပတေး

ဒီကာလအတွင်း လူမျိုးခြား သွေးနှောသူတို့၏ ဂရုစိုက်မှု၊ ချစ်ခင်မှုကို ရရှိမည်။ ကိုယ်တိုင်ဦးဆောင် လုပ်သောအလုပ်များ အရှုံးပေါ်တတ်သည်။ သူတစ်ပါးကို မှီခို၍ စီးပွား ရှာနေရမည်။လူပေါင်းမှား၊ ဆုံးဖြတ်ချက် မှားတတ်၍

သူတစ်ပါးကြောင့် နာမည်သိက္ခာထိခိုက်တတ်ခြင်း၊ အလုပ်ထိခိုက်ခြင်းများဖြစ်မည်။ ပူးတွဲလုပ်သူတို့၏ အနှောက် အယှက်ပေးခြင်းများကြုံမည်။ မည်မျှပင်ကျယ်ပြန့်သော ပတ်ဝန်းကျင်ရှိစေကာမူ တစ်သီး တစ်သန့် ဖြစ်နေမည်။ နှုတ်ပြောကောင်း၍ အခွင့်အရေးအသစ်များရမည်။

ဆက်ဆံရေးကောင်းမွန် နေမည်။ ဆရာများ၊ ပညာရှင်များ၊ ငွေရှင်များနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ဖြစ်မည်။ သာသာယာယာ အိမ်တွင်းရေးဖြစ်နေမည်။ မိသားစုတာဝန် များကို ကျေနပ်ပျော်ရွှင်စွာ ထမ်းဆောင်ပေးခြင်းဖြစ်မည်။

စားကောင်းသောက်ဖွယ်များကို မိသားစုစုံလင်စွာ စားသောက် ဖြစ်မည်။ အဝေး ရောက် သားသမီးတွေဆီကအထောက်အပံ့များရမည်။ လေးနက် ခက်ခဲသော ပညာရပ်များကို လေ့လာဖြစ်မည်။ ဘာသာခြားစကားများ သင်လျှင် လွယ်ကူစွာတတ်မြောက်မည်။

ကျောင်းစာအားနည်းနေမည်။ ချစ်သူ၏ ချစ်ခင် ယုယမှုကို ခံရပေမယ့် မိဘများ သဘောမတူမှုကြောင့် ခိုးတွေ့နေ ဖြစ်မည်။ ကျန်းမာရေးဒူးခေါင်းနာတတ်သည်။ အမြင့်တတ်လျှင် သတိထားသင့်သည်။

အကျိုးပေးဂဏန်း ၁/၇/၅ အထူးဟော ကံအကောင်းအဆိုး ဒွန်တွဲနေမည်။ ယတြာ အုန်းနို့ ဆန်ပြုတ် ဘုရားကပ်လှူပေးပါ။

သောကြာ

ဒီကာလအတွင်းအလကားနေရင်း စိတ်ညစ်ညူးနေမည်။ အလုပ်အကိုင် အဆင်ပြေသော်လည်း အပိုကိစ္စ များကြောင့် စိတ်တိုင်းမကျဖြစ်နေမည်။ အဆောက်အဦး၊ အိမ်၊ ခြံ၊ မြေ၊ စိုက်ပျိုးရေး လုပ်ငန်းများ အကျိုးဖြစ်ထွန်း မည်။ အခါခပ်သိမ်း စိတ်မတိုပါနှင့်။

အသေးအဖွဲ့ကိစ္စများကြောင့် စိတ်ပူပန်နေရမည်။ စိတ်ရှည်သည်းခံ၍ လုပ်ကိုင် ပါက မုချအောင်မြင် မည်။ ပတ်ဝန်းကျင်ကို စိတ်ကုန်နေမည်။ ငယ်သူများအတွက် စိတ်ပူပန်နေရမည်။ အပြင် သွားရင်း ပစ္စည်းတစ်ခုခုမေ့ကျန်တတ်သည်။ ပညာရေးတွင် သင်ယူလိုစိတ်များ အပြည့်အဝရှိနေမည်။

အဆင့်မြင့် စာမေးပွဲ များ အောင်မြင်မည်။ တရားထိုင်ခြင်း၊ အဓိဌာန်ဝင်ခြင်းများ ကြုံရမည်။ ကျန်းမာရေး ကောင်းနေမည်။ ဘေး အန္တရာယ်ကြီးတွေမရှိပါ။ လေအောင့်ခြင်း၊ ဝမ်းပျက်ခြင်း၊ တစ်ကြိမ်တစ်ခါရှိမည်။

အိမ်တွင်နေသော် အကောင်း ခရီးသွားကာမှ လမ်းတွင် နေမကောင်းဖြစ်တတ်သည်။ ချစ်သူနှင့် ဆုံတွေ့ချိန် အခြားတစ်ပါးသို့ စိတ်ရောက်နေသော ကြောင့် ချစ်သူကငြူစူ မည်။ အချစ်ရေးထက် အခြားကိစ္စများကို အချိန်ပေးနေရမည်။

အိမ်ထောင်ရှင်များ မတည့် အတူနေ ပူညံပူညံ ဖြစ်နေမည်။ သူစိမ်းတစ်ဦးအကြောင်းကို ပြောဆိုခြင်းမှ အစပြု၍ အခြေအတင်ဖြစ်မည်။

အကျိုးပေးဂဏန်း ၁/၂/၆ အထူးဟော စိတ်ညစ်တာတွေဖြေလျော့ပြီး အလုပ်အာရုံစိုက်ပါ။ ယတြာ ဘုရားကျောင်းဆောင်အား သန့်ရှင်းရေးဆောင်ရွက်ပါ။

စနေ

ဒီကာလအတွင်းယာဉ်၊ ကား၊ စက်ပစ္စည်းများ နစ်နာချို့ယွင်းမှုရှိမည်။ ငွေကစားသောလုပ်ငန်းများ၊ စာအုပ်၊ စာပေလုပ်ငန်းများမှ အကျိုးအမြတ်ဖြစ်ထွန်းမည်။ လုပ်ငန်းကိစ္စဖြင့် ခရီးထွက်ရမည်။ လူမျိုးခြားတစ်ဦးက ပစ္စည်း တစ်ခုခု လက်ဆောင်ပေးလိမ့်မည်။

အပေါင်းအသင်း၊ အိမ်နီးနားချင်းတို့က မိမိအတင်းပြောလိမ့်မည်။ လုပ်ဖေါ်ကိုင် ဖက် များကြောင့် လုပ်ငန်းထိခိုက်လိမ့်မည်။ ချစ်သူဟောင်း(သို့မဟုတ်) လူယုံ၏မရိုးသားမှု ကြောင့် နစ်နာမည်။ သို့သော်မိမိ၏ကျွမ်းကျင်မှုကြောင့် စီးပွားရေးပုံမှန်ပြန်ဖြစ်မည်။

ဆုံးရှုံးမှုနောက်ကွယ်မှ အကျိုးအမြတ်ပြန်ရမည်။ ပညာရေးတွင် ကြိုးစားသလောက် အကျိုးခံစားရမည်။ မရောက်ဖူး သောအရပ်ဒေသများ၌ မသင်ဖူးသောပညာ ရပ်များ သွားရောက်သင်ကြားရမည်။ ရပ်ဝေးခရီးနှင့်သက်ဆိုင်သော အင်တာဗျူးဖြေဆိုခြင်းများ အောင်မြင်လိမ့် မည်။

ကျန်းမာရေးတွင် အချဉ်၊ အစပ်၊ လွန်ကဲစွာစားမိခြင်းကြောင့် ဝမ်းပျက်လိမ့်မည်။ မတော်တဆ ထိခိုက်မှုကြုံနိုင်သည်။ အချစ် ရေးတွင် ယုံမှတ်မိခဲ့သည်နှင့် ကွဲလွဲနေသောကြောင့် ချစ်သူချင်း လမ်းခွဲရခြင်းကြုံမည်။

နှစ်ဦးသား သံသယများနှင့် ရှုတ်ထွေးနေမည်။ အိမ်ထောင်ရှင်များ အိမ်တွင်းရေးသောကကြုံမည်။ တစ်ဦးနှင့်တစ်ဦး အပြစ်ရှာနေသလို ကြုံနေရမည်။ အနေဝေးသော အိမ်ထောင်ရှင်များ ပြဿနာမရှိပါ။

အကျိုးပေးဂဏန်း ၂/၃/၇ အထူးဟော ကျန်းမာရေး အနည်းငယ်ဂရုစိုက်ပါ ယတြာ ကြာဆံကြော်ပြီး အိမ်နီးနားချင်းတွေဝေပေးပါ။

ရရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695

Add a Comment

Your email address will not be published. Required fields are marked *