အျမင့္ ဆုံးစိုးရိမ္ေရမွတ္ေရာက္ ရွိရန္ အနည္းငယ္ သာ လိုေတာ့ တဲ့ မႏၲေလးၿမိဳ႕ ဧရာဝ တီျမစ္ေရ

ယခု သတင္း ကို ( TheFifthWave ) စာမ်က္ႏွာမွ တစ္ဆင့္ ျပန္လည္ မၽွေဝ တင္ဆက္ျခင္း ျဖစ္ပါသည္

မႏၲေလးၿမိဳ႕တြင္ ဧရာဝတီျမစ္ေရ အျမင့္ဆုံးစိုးရိမ္ေရမွတ္ေရာက္ရွိရန္ ၈ ေပသာလို ( ဇူလွိုင္ ၈ )

မႏၲေလးၿမိဳ႕တြင္ ဧရာဝတီျမစ္ေရသည္ တစ္ရက္လၽွင္ တစ္ေပခြဲ ျမင့္တက္ေနၿပီး လာမည့္ ဇူလိုင္ ဒုတိယအပတ္အတြင္း အျမင့္ဆုံးစိုးရိမ္ေရမွတ္ေရာက္ရွိနိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန(အထက္ျမန္မာျပည္ ) မႏၲေလးဌာနခြဲမွ သိရသည္။

လက္ရွိ ဧရာဝတီျမစ္အထက္ပိုင္း ျမစ္ႀကီးနားၿမိဳ႕တြင္ ဧရာဝတီ ျမစ္ေရသည္ တစ္ရက္အတြင္း ေပဝက္ေလာက္ေနၿပီး မႏၲေလးၿမိဳ႕တြင္ ျမစ္ေရမ်ားဆက္လက္ျမင့္တက္လာနိုင္ကာအျမင့္ဆုံးစိုးရိမ္ေရမွတ္ေရာက္ရွိနိုင္ေၾကာင္းသိရသည္ ။

” စိုးရိမ္ေရမွတ္ကိုေရာက္ဖို႔ ရွစ္ေပသာလိုေတာ့တယ္ ၊ မႏၲေလးၿမိဳ႕မွာ ဇူလိုင္လရဲ့ဒုတိယအပတ္အကုန္ တတိယအပတ္အကုန္ေလာက္မွာဆိုရင္ႏွစ္စဥ္နီးပါး စိုးရိမ္ေရမွတ္ကို ေက်ာ္လြန္ၿပီး ေရာက္ရွိတယ္ ” ဟု အဆိုပါဌာနညႊန္ၾကား ေရးမႉး ဦးေက်ာ္လြင္ဦးက ေျပာသည္။

မႏၲေလးတိုင္းေဒသႀကီးတြင္ မိုးကာလ၌ ေရႀကီးေရလၽွံမႈ စသည့္သဘာဝေဘးအႏၲရာယ္မ်ား ၾကဳံေတြ႕ရပါက ကူညီပံ့ပိုးေပးနိုင္ရန္ ေဗာကြင္း၊ အကၤ်ီ စသည့္အေရးေပၚ အသက္ကယ္ပစၥည္းမ်ား၊ ဒန္အိုး၊ ဒန္ခြက္၊ ေစာင္၊ ျခင္ေထာင္၊ အိပ္ရာ၊ မိုးကာတဲ စသည့္မိသားစုအသုံးအေဆာင္ ပစၥည္းမ်ား၊ သန္႔ရွင္းေရးသုံးပစၥည္းမ်ား၊ ေရသန္႔ဘူး၊ ေရသန္႔စင္ေဆး စသည့္ပံ့ပိုးေရးပစၥည္းမ်ားကို အဆင္သင့္ျပင္ဆင္ထားေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ျမန္မာနိုင္ငံ ၾကက္ေျခနီအသင္းသိရသည္ ။

မႏၲေလးၿမိဳ႕တြင္ ဧရာဝတီျမစ္ေရမွာ ၂၀၁၆၊ ၂၀၁၇ ၊ ၂၀၁၈ ၊ ၂၀၁၉ ခုႏွစ္တို႔တြင္ စိုးရိမ္ ေရမွတ္အထက္ကို ေက်ာ္လြန္ခဲ့ၿပီး မႏၲေလးၿမိဳ႕တြင္ ဧရာဝတီျမစ္ေရ အျမင့္ဆုံးေရမွတ္ ေရာက္ရွိခဲ့သည့္ႏွစ္မ်ားမွာ ပထမအႀကိမ္ အျဖစ္ ၁၉၇၄ခုႏွစ္တြင္ ၁၃၄၂စင္တီမီတာ၊ ဒုတိယအႀကိမ္အျဖစ္ ၂၀ဝ၄ခုႏွစ္တြင္ ၁၃၈၂စင္တီမီတာ၊ တတိယအႀကိမ္အျဖစ္ ၂၀၁၆ခုႏွစ္တြင္ ၁၃၂၅စင္တီမီတာျဖင့္ အျမင့္ဆုံးေရမွတ္မ်ားသို႔ ေရာက္ရွိခဲ့သည္။

ေနသူရိန္လင္း TheFifthWave

အမြင့် ဆုံးစိုးရိမ်ရေမှတ်ရောက် ရှိရန် အနည်းငယ် သာ လိုတော့ တဲ့ မန္တလေးမြို့ ဧရာဝ တီမြစ်ရေ

ယခု သတင်း ကို ( TheFifthWave ) စာမျက်နှာမှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်

မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေ အမြင့်ဆုံးစိုးရိမ်ရေမှတ်ရောက်ရှိရန် ၈ ပေသာလို ( ဇူလှိုင် ၈ )

မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေသည် တစ်ရက်လျှင် တစ်ပေခွဲ မြင့်တက်နေပြီး လာမည့် ဇူလိုင် ဒုတိယအပတ်အတွင်း အမြင့်ဆုံးစိုးရိမ်ရေမှတ်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည် ) မန္တလေးဌာနခွဲမှ သိရသည်။

လက်ရှိ ဧရာဝတီမြစ်အထက်ပိုင်း မြစ်ကြီးနားမြို့တွင် ဧရာဝတီ မြစ်ရေသည် တစ်ရက်အတွင်း ပေဝက်လောက်နေပြီး မန္တလေးမြို့တွင် မြစ်ရေများဆက်လက်မြင့်တက်လာနိုင်ကာအမြင့်ဆုံးစိုးရိမ်ရေမှတ်ရောက်ရှိနိုင်ကြောင်းသိရသည် ။

” စိုးရိမ်ရေမှတ်ကိုရောက်ဖို့ ရှစ်ပေသာလိုတော့တယ် ၊ မန္တလေးမြို့မှာ ဇူလိုင်လရဲ့ဒုတိယအပတ်အကုန် တတိယအပတ်အကုန်လောက်မှာဆိုရင်နှစ်စဉ်နီးပါး စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီး ရောက်ရှိတယ် ” ဟု အဆိုပါဌာနညွှန်ကြား ရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် မိုးကာလ၌ ရေကြီးရေလျှံမှု စသည့်သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရပါက ကူညီပံ့ပိုးပေးနိုင်ရန် ဗောကွင်း၊ အင်္ကျီ စသည့်အရေးပေါ် အသက်ကယ်ပစ္စည်းများ၊ ဒန်အိုး၊ ဒန်ခွက်၊ စောင်၊ ခြင်ထောင်၊ အိပ်ရာ၊ မိုးကာတဲ စသည့်မိသားစုအသုံးအဆောင် ပစ္စည်းများ၊ သန့်ရှင်းရေးသုံးပစ္စည်းများ၊ ရေသန့်ဘူး၊ ရေသန့်စင်ဆေး စသည့်ပံ့ပိုးရေးပစ္စည်းများကို အဆင်သင့်ပြင်ဆင်ထားကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသိရသည် ။

မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေမှာ ၂၀၁၆၊ ၂၀၁၇ ၊ ၂၀၁၈ ၊ ၂၀၁၉ ခုနှစ်တို့တွင် စိုးရိမ် ရေမှတ်အထက်ကို ကျော်လွန်ခဲ့ပြီး မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေ အမြင့်ဆုံးရေမှတ် ရောက်ရှိခဲ့သည့်နှစ်များမှာ ပထမအကြိမ် အဖြစ် ၁၉၇၄ခုနှစ်တွင် ၁၃၄၂စင်တီမီတာ၊ ဒုတိယအကြိမ်အဖြစ် ၂ဝဝ၄ခုနှစ်တွင် ၁၃၈၂စင်တီမီတာ၊ တတိယအကြိမ်အဖြစ် ၂၀၁၆ခုနှစ်တွင် ၁၃၂၅စင်တီမီတာဖြင့် အမြင့်ဆုံးရေမှတ်များသို့ ရောက်ရှိခဲ့သည်။

နေသူရိန်လင်း TheFifthWave

Add a Comment

Your email address will not be published. Required fields are marked *