





သာဂိ

မိခင်ဖြစ် သူ ဆရာလေးသုန္ဒြာ ဂါရီ အား.. ကန်တော့ ရင်း ပီတိ မျက်ရည် ကျ ခဲ့သည်​့ “မင်းသန့်မောင်မောင်”

သ ရုပ်ဆောင် အကယ်ဒမီမေသန်းနု ဟာ ဒီနေ့မှာတော့ ဖောင်ကြီးက ဂွေးတောက်ကုန်းကျေးရွာ သာဝဓမ္မဒါယာ သီလရှင်ကျောင်း မှာ သီလရှင်ဝတ်ပြီး သာသနာ့ဘောင်ဝင်ရောက်သွားပီဖြစ်ပါတယ်။

မကြာမီအချိန်ကာကမှ ငွေကြေး အရှုပ်အရှင်းတွေကြောင့် ဒုက္ခရောက်ခဲ့ရပီနောက်၊ ယခုအခါမှာတော့ မိသားစု ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် နဲ့ ကောင်းမှု ကုသိုလ်တွေ လုပ်ကာ၊ အကယ်ဒမီမေသန်းနုဟာ သာသနာ့ဘောင်ထဲသို့ ဝင်သွားခဲ့ပါတယ်။

မိခင်ဖြစ်သူ ဆရာလေး သုန္ဒြာဂါရီ (ခ) အကယ်ဒမီမေသန်းနု အား ထိုင်ကန်တော့ရင်း သားဖြစ်သူ မင်းသန့်မောင်မောင် ဟာ ကြည်နူး ဝမ်းသာပြီး ပီတိ မျက်ရည်များ ကျခဲ့ပါတယ်။

သားဖြစ်သူမင်းသန့်မောင်မောင် မှလည်း ဗုဒ္ဓဘာသာကို အင်မတန်ယုံကြည်ကိုးကွယ်သူဖြစ်ပီး မိဘနှစ်ပါးအပေါ်မှာလည်း အရမ်း သိတတ်တဲ့ သားတစ်ယောက် ဖြစ်ပါတယ်။

မေသန်းနုတို့ မိသားစုနဲ့အတူ ကောင်းမှုကုသိုလ်တွေပွားများပီး ပရိတ်သတ်ကြီးလည်း ကြည်နူးပီတိ ဖြစ်မိမှာပါ။ တိုတောင်းလှတဲ့ ဘဝမှာ သံသရာအတွက် ကောင်းမှုကုသိုလ်တွေများများလုပ်ကြဖို့ လိုပါတယ်ဗျာ။ အားလုံး ကျန်းမာ ချမ်းသာကြပါစေ။

သာဂိ

Add a Comment

Your email address will not be published. Required fields are marked *