ကိုဗစ်တိုက်ဖျက်ရေး အတွက် မွန်မြတ် တဲ့ အလှူဒါန တခုကို ပြုလုပ် လိုက်တဲ့ ဖိုက်တာကြီး အောင်လအန်ဆန်

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်ကူးစက်ခံရပြီး ပြန်လည် သက်သာ ပျောက်ကင်းလာသော MMA ကစားသမားအောင်လအန်ဆန်သည် ကိုဗစ်ရောဂါစမ်းသပ်ကုသမှုများပြုလုပ်နိုင်ရန်အတွက် သွေးရည်ကြည်နမူနာကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံး ဖြစ်ပွားနေသော အမေရိကန်တွင် နေထိုင်လျက်ရှိနေသော အောင်လအန်ဆန်သည် ဇူလိုင်လ ၃ရက်က ကိုရိုနာဗိုင်းရပ်စ်ရှိနေကြောင်းဆေးစစ်ချက် အဖြေထွက်ရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် အောင်လအန်ဆန်သည် နေအိမ်တွင်ပင် အသွားအလာ ကန့်သတ်နေထိုင်၍ ဆေးဝါး ကုသမှုများပြုလုပ်ခဲ့ပြီး ၁၄ရက်အကြာ ဇူလိုင်လ ၁၇ရက်တွင် ကိုဗစ်ရောဂါပိုး ကင်းစင်ပျောက်ကင်းသွားခဲ့ခြင်းဖြစ်သည်။

ကျွန်တော့် အချင်းချင်းပြောဆိုတဲ့ စကားတွေကို၊ ကျွန်တော်တို့ရဲ့ ဖုန်းတွေကတဆင့်၊ နားထောင်နေတယ်ဆိုတာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ သတင်းတွေမှာ၊ သုတေသီတွေက ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် ပြန်လည်သက်သာပျောက်ကင်း သွားတဲ့လူတွေရဲ့ သွေးနမူနာတွေကို လိုအပ်နေတယ် ဆိုတဲ့ အကြောင်းပြောနေတာကို တွေ့မိပါတယ်။ ပြီးတော့၊ဆိုရှယ်မီဒီယာမှာ၊ ကျွန်တော်တို့ဒေသက သွေးလှူဘဏ်ရဲ့ ကြေညာတခုပေါ်လာတာကိုလည်း တွေ့မိတဲ့အတွက် အခုကျွန်တော်ဒီမှာထိုင်ပြီး ကျွန်တော့်သွေးရည်ကြည်နမှုနာကို လှူဒါန်းနေပါတယ်။

အားလုံးကိုပြောပြချင်တဲ့ သတင်း ကတော့၊ ကျွန်တော့်(မြန်မာ့စပါးအုံး)လို၊ ကိုဗစ်-၁၉ရောဂါကူးစက် ခံရပြီး ပြန်လည်ပျောက်ကင်းသက်သာသွားတဲ့လူတွေရဲ့ သွေးနမှူနာတွေကို စမ်းသပ်အဖြေရှာပြီး၊ ကိုရိုနာဗိုင်းရပ်စ်ကပ် ရောဂါပျောက်ကင်းအောင် ကုသဖို့အတွက်ဆေးဝါးတွေကို သိပ်မကြာခင် မှာ ပညာရှင်တွေရှာဖွေတွေ့ရှိတော့မှာပါ´´ ဟု အောင်လအန်ဆန်က လူမှုစာမျက်နှာတွင် အသိပေးဖော်ပြထားသည်။

ကိုယ်ခံပညာသိုင်းပေါင်းစုံ တိုက်ခိုက်ရေးပြိုင်ပွဲ( ONE MMA ) တွင် မစ်ဒယ်ဝိတ်တန်း နှင့် လိုက်ဟဲဗီး ဝိတ်တန်းတို့၏ ကမ္ဘာ့ချန်ပီယံခါးပတ် နှစ်ခုရရှိထားသော ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် ယခုနှစ်အတွင်း၌ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲကို လေးကြိမ်မြောက် ယှဉ်ပြိုင် ထိုးသတ်သွားရန်ရှိနေသည်။ ထိုပွဲစဉ်အတွက် အောင်လအန်ဆန်သည် ကိုဗစ်ရောဂါပိုးကင်းစင် ပျောက်ကင်းခဲ့ပြီးနောက် အသင်းဖော်များနှင့် ပူးတွဲလေ့ကျင့်မှုများကို ပြန်လည်ပြုလုပ်လျက် ရှိနေသည်

crd

Add a Comment

Your email address will not be published. Required fields are marked *