ဘဝ တိုးတက် စေမည့် နည်းလမ်း (၁၁) ချက် (အ ရမ်း ကောင်း ပါ တယ်)….

“ဘဝ တိုးတက်စေမည့် နည်းလမ်း (၁၁) ချက်”

၁။ ဘာလုပ်မလဲ အရင် စဉ်းစားပါ၊ စဉ်းစားပြီး မှ လေ့လာပါ၊ လေ့လာပြီးမှလုပ်ဆောင်ပါ၊ လုပ်ဆောင်ပြီးရင်လည်း ပြန်လည်သုံးသပ်ပါ။

၂။ ကိုယ်နေချင် တဲ့ အဆင့်ကို ကိုယ် တိုင် သတ်မှတ်ပါ။

၃။ ကိုယ်မြင် သလောက်ပဲ ကိုယ်ရပါ လိမ့်မယ်။

၄။ မသိရင် မေးပါ။ မေးရင် အဖြေ ရပါတယ်။ တတ်ယောင်ကမ်း မလုပ် ပါနဲ့။

၅။ သင်ယူခြင်းဆိုတာ ဘဝတိုက်ပွဲ အတွက် လက်နက် ကောင်း တစ်ခုပါ။ များများသင်ယူလေလေ ကိုယ့်ဆီမှာ တိုက်ပွဲ အတွက် လက်နက်များလေလေ။ လက်နက်များလေလေ အနိုင်ရဖို့ သေချာ လေလေပါပဲ။

၆။ အချိန်တွေ ကို အရင်းအနှီး လုပ်ပြီး ပညာ တစ်ခုခု ရအောင်ယူပါ။ အလကား အချိန်တွေကို ဖြုန်းတီး မပစ်ပါနဲ့။

၇။ ငွေကို အရင်း အနှီး အတွက်ပဲ သုံးပါ။ အလကား ဖြုန်းမပစ် ပါနဲ့။

၈။ ချမ်းသာခြင်းဟာ ဘဝအဆုံး မဟုတ်ပါဘူး။ ချမ်းသာ ခြင်းတွေ့မှ ဘဝစတာပါ။

၉။ ချမ်းသာခြင်း မျိုးစေ့ ဆိုတာ အရင်ဆုံး စိုက်ပျိုးရတယ် ပြုစု စောင့်ရှောက်ရတယ် ပြီးမှ ရိတ်သိမ်းလို့ရမယ်။

၁၀။ ပြင်းပြ တဲ့ ဆန္ဒဟာ ဘဝရဲ့ သံလိုက် အိမ်မြောင်ပါပဲ။

၁၁။ မိမိ ရည်မှန်းချက်ကို ပုံဖော်သူသာ ဖြစ်ပါစေ။ ပတ်ဝန်းကျင်ရဲ့ ပုံဖော်ခြင်း ခံရသူ မဖြစ်ပါစေနဲ့။

ကိုလတ်

Credit. To. Ko Latt – page

Add a Comment

Your email address will not be published. Required fields are marked *