ဖားကန့်ကျောက်စိမ်း လုပ်ကွက် ကမ်းပါး ပြိုပြန်ပြီ ရဲတပ်ဖွဲ့ဝင် (၃)ဦးနှင့် ကုမ္ပဏီဝန်ထမ်း (၁၅)ဦးပါသွား

ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ကောင်စံကျေးရွာ ၊ကရင်ချောင်ကျေးရွာ ၊ချောင်းဖျား ကျေးရွာ အနီးက အမြင့်ပေတထောင်ခန့်ရှိတဲ့ မနေ့ည ( ၂၈.၇.၂၀၁၉ နေ့နံက် ၀၂:၃၀နာရီခန့်က စိန်လုံတောင် ကျောက်စိမ်းကမ်းပါးယံကြီး ( ဒေသအခေါ် စိန်လုံ တောင်ကြော )ပြိုကျခဲ့တယ်လို့ အနီးအနားမှာရှိနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးထံက သိရပါတယ်။

အဆိုပါကမ်းပါးပြိုကျမှုကြောင့် ရာဇဌာနီ ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီဝန်ထမ်း (၁၅) ဦးသေဆုံးခဲ့ပြီး၊ လုပ်ကွက် လုံခြုံရေးစောင့်ကြပ်တဲ့ ယာယီရဲကင်း တခုလည်းမြေပြိုတဲ့အထဲပါသွားခဲ့တယ် လို့ လုံခြုံရေးရဲတပ်ရင်း က တာဝန်ရှိသူတဦးကပြောပါတယ် ။ ” ရဲတပ်ဖွဲ့ဝင် ငါးယောက်ပါသွားတာ နှစ်ဦးကတော့ အသက်ရှင်လျှက် ပြန်လွတ်လာတယ် ။ သုံးဦးကတော့ သေဆုံးတယ် ။

အလောင်းကတော့ ကျနော်တို့ ရဲတပ်ဖွဲ့ဝင် အလောင်းတလောင်းရှာတွေ့ပြီ ၊ ကုမ္မဏီလုံခြုံရေး ဝန်ထမ်းက (၁၅)ဦးပါသွားတာ (၆) လောင်းတော့ ပြန်ရပြီ ။ အားလုံးပေါင်း လောလောဆယ် (၇) လောင်းတော့ ရှာတွေ့ထားပြီ ” လို့ ပြိုကျသွားတဲ့ စိန်လုံတောင်ကြောအနီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ရင်း ၃၀ က ရဲမှူးကပြောပါတယ် ။

ဖားကန့်ကျောက်စိမ်းတွင်းဒေသ မြေကမ်းပါးပြိုကျမှု ၊ မြေစာပုံပြိုကျမှု ၊ နွံကန်ပေါက်ကျမှုဖြစ်စဉ်တွေထဲ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုဆိုတာ မရှိခဲ့ပါဘူးပါဘူး ။ ယခုဖြစ်စဉ်မှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် သုံးဦးပျောက်ဆုံးနေပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့တာဟာ ပထမဆုံးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ် ။ တပိုင်တနိုင် လက်ကျင်းတူးသူ လူပေါင်းများစွာ သေဆုံးနိုင်တယ်လို့ ပြောဆိုနေကြပေမဲ့ လောလောဆယ် အတည်ပြုချက်တွေ မရနိုင်သေးဘူးလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ် ။

” အဲ့နားမှာ လက်ကျင်းတူးတဲ့ လူတွေလည်း ရှိတယ်နော် ။ အနည်းဆုံးတော့ ၁၅ယောက်အယောက် နှစ်ဆယ်လောက်တော့ ပါသွားနိုင်တယ်နော် ” လို့ ဟင်းတင့်ရွာသားတဦးကလည်း သူ့ရဲ့ထင်ုမင်ယူဆချက်ကို ပြောဆိုခဲ့ပါတယ် ။ ကမ်းပါးပြိုကျမှုနဲ့ ပတ်သက်ပြီး ဖားကန့်ဒေသကို ၂၆.၇.၂၀၁၉ နေ့ကတည်းက ရောက်ရှိနေခဲ့တဲ့ ပြည်နယ် သယံဇာတဝန်ကြီး ဦးဒါရှီလှဆိုင်းကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်မရခဲ့ပါဘူး ။

မိုးရာသီမှာ မြေပြိုမှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးမှုတွေကို ကာကွယ်တာဆီးနိုင်ရန် ရည်ရွယ်ပြီး ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို ဇူလိုင်လ တစ်ရက်နေ့ကနေ စက်တင်ဘာလကုန်အထိ မိုးတွင်းကာလ သုံးလကို တရားဝင် ရပ်နားထားဘို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (မကလ) က ညွှန်ကြားထားခဲ့တဲ့ အချိန်လည်း ဖြစ်ပါတယ်။

ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဒါရှီလှဆိုင်းဟာလည်း ဖားကန့်ကျောက်စိမ်းတွင်းဒေကို ရောက်ရှိနေချိန်လည်း ဖြစ်ပါတယ် ။

Source: Zaw Moe Htet

Add a Comment

Your email address will not be published. Required fields are marked *