ရုပ်ရှင်ရုံများ (၃)ပတ် အတွင်း စောင့်ကြည့်ပြီး ကျန်းမာရေးအရ ပြင်ဆင်ထားမှု စစ်ဆေးပြီးပါက ပြန်လည် ဖွင့်လှစ်ခွင့်ပေးမည်……

ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ရေး ၃ ပတ်အတွင်း စောင့်ကြည့်ကာ ရုပ်ရှင်ရုံ များပြင်ဆင်ထားမှုကို စစ်ဆေးမှုများ ပြုလုပ်ပြီးပြန်လည်ဖွင့်လှစ်ခွင့်ပေးမည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောသည်။ COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလတွင် ရုပ်ရှင်လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးနှင့် စပ် လျဉ်း၍ နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်တို့ တိုက်ရိုက်ဆွးနွေးသည့်စကားဝိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

၃ ပတ်လောက်တော့ စောင့်ကြည့်ပါမယ်။ ၃ ပတ် အတွင်း ရုပ်ရှင်ရုံမှာ ဘာတွေစီစဉ်ထားသလဲလာကြည့်မယ်။ ကြားထဲမှာပြည်သူတွေကလည်း MASK ဝတ်ခြင်း၊ လက်ဆေးခြင်း တစ်ပြိုင်နက်ထဲ လုပ်ရမယ်။ ကြားထဲမှာ ကူး စက်မှုလည်း အသစ်မရှိဘူး။ အခြေအနေလည်းကောင်းတယ်ဆိုရင် အခြေအနေကောင်းတာ နဲ့ စဖွင့်လို့ရအောင် လုပ်မှာပါ။ အမြန်ဆုံးပြန်ဖွင့်နိုင်အောင် စီစဉ်ပေးပါမယ် ၎င်းကပြောသည်။ လက်ရှိတွင် COVID 19 ကာလအတွင်း ရုပ်ရှင်ရုံများ ပြန်ကြားရေး ဝန်ကြီးဌာနမှ ပိတ်ခိုင်းထားပြီး ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပါက မူလရုပ်ရှင်ရုံတင်ဇာတ်ကားများ ဆက်လက် ပြသမည်ဖြစ်ကြောင်းသိရသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှစတင်ကာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှကူးစက်ပြန့်ပွားခဲ့သောကိုရိုနာဗိုင်းရပ်စ်ပိုးသည်နိုင်ငံပေါင်းရာနှင့်ချီ ကူးစက်ပြန့်ပွားခဲ့ပြီး မြန်မာနိုင်ငံ တွင် ဇူလိုင် ၂၆ ရက်အထိ ရောဂါပိုးတွေ့ရှိသူ ၃၅၀ ဦး ၊ သေဆုံး၆ဦး၊ ရောဂါပိုးပြန်လည်ကင်းစင်သူ ၂၉၂ ဦးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ သိရသည်။

လက်ရှိတွင် COVID 19 ရောဂါ ဖြစ်ပွားမှုမှာ နိုင်ငံအားလုံး စုစုပေါင်းမှ ဓါတ်ခွဲအတည်ပြုလူနာ ဇူလိုင် ၂၇ ရက် အထိ၁၅၇၈၅၆၄၁ ဦး၊ သေဆုံးသူစုစုပေါင်း ၆၄၀၀၁၆ ဦးရှိကြောင်း သိရပြီး သေဆုံးမှုအမြင့်ဆုံးမှာ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့ ဖြစ်ကြောင်းသိရသည်။

ပိုပိုလေး

unicode

ရုပ်ရှင်ရုံများ (၃)ပတ် အတွင်း စောင့်ကြည့်ပြီး ကျန်းမာရေးအရ ပြင်ဆင်ထားမှု စစ်ဆေးပြီးပါက ပြန်လည် ဖွင့်လှစ်ခွင့်ပေးမည်

ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ရေး ၃ ပတ်အတွင်း စောင့်ကြည့်ကာ ရုပ်ရှင်ရုံ များပြင်ဆင်ထားမှုကို စစ်ဆေးမှုများ ပြုလုပ်ပြီးပြန်လည်ဖွင့်လှစ်ခွင့်ပေးမည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောသည်။ COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလတွင် ရုပ်ရှင်လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးနှင့် စပ် လျဉ်း၍ နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်တို့ တိုက်ရိုက်ဆွးနွေးသည့်စကားဝိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

၃ ပတ်လောက်တော့ စောင့်ကြည့်ပါမယ်။ ၃ ပတ် အတွင်း ရုပ်ရှင်ရုံမှာ ဘာတွေစီစဉ်ထားသလဲလာကြည့်မယ်။ ကြားထဲမှာပြည်သူတွေကလည်း MASK ဝတ်ခြင်း၊ လက်ဆေးခြင်း တစ်ပြိုင်နက်ထဲ လုပ်ရမယ်။ ကြားထဲမှာ ကူး စက်မှုလည်း အသစ်မရှိဘူး။ အခြေအနေလည်းကောင်းတယ်ဆိုရင် အခြေအနေကောင်းတာ နဲ့ စဖွင့်လို့ရအောင် လုပ်မှာပါ။ အမြန်ဆုံးပြန်ဖွင့်နိုင်အောင် စီစဉ်ပေးပါမယ် ၎င်းကပြောသည်။ လက်ရှိတွင် COVID 19 ကာလအတွင်း ရုပ်ရှင်ရုံများ ပြန်ကြားရေး ဝန်ကြီးဌာနမှ ပိတ်ခိုင်းထားပြီး ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပါက မူလရုပ်ရှင်ရုံတင်ဇာတ်ကားများ ဆက်လက် ပြသမည်ဖြစ်ကြောင်းသိရသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှစတင်ကာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ ကူးစက်ပြန့်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်ပိုး သည်နိုင်ငံပေါင်းရာနှင့်ချီ ကူးစက်ပြန့်ပွားခဲ့ပြီး မြန်မာနိုင်ငံ တွင် ဇူလိုင် ၂၆ ရက်အထိ ရောဂါပိုးတွေ့ရှိသူ ၃၅၀ ဦး ၊ သေဆုံး၆ဦး၊ ရောဂါပိုးပြန်လည်ကင်းစင်သူ ၂၉၂ ဦးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ သိရသည်။

လက်ရှိတွင် COVID 19 ရောဂါ ဖြစ်ပွားမှုမှာ နိုင်ငံအားလုံး စုစုပေါင်းမှ ဓါတ်ခွဲအတည်ပြုလူနာ ဇူလိုင် ၂၇ ရက် အထိ၁၅၇၈၅၆၄၁ ဦး၊ သေဆုံးသူစုစုပေါင်း ၆၄၀၀၁၆ ဦးရှိကြောင်း သိရပြီး သေဆုံးမှုအမြင့်ဆုံးမှာ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့ ဖြစ်ကြောင်းသိရသည်။

ပိုပိုလေး

Add a Comment

Your email address will not be published. Required fields are marked *