EverBestMM http://everbestmm.com Daily Special News Thu, 28 May 2020 16:56:13 +0000 en-US hourly 1 https://wordpress.org/?v=5.3.3 https://i1.wp.com/everbestmm.com/wp-content/uploads/2019/06/cropped-logo-for-web-icon.jpg?fit=32%2C32 EverBestMM http://everbestmm.com 32 32 158522021 ကိုယ်ဝန်ဆောင် မိခင်၊ နို့တိုက်မိခင် နဲ့ အ သက် ၈၅ အထက် အဖိုး အဖွားတွေကို ထောက်ပံ့မှုတွေ ပြုလုပ်တော့မယ်. http://everbestmm.com/archives/35519 http://everbestmm.com/archives/35519#respond Thu, 28 May 2020 16:56:13 +0000 http://everbestmm.com/?p=35519 COVID-19 ကပ်ရောဂါကာလအတွင်းမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊နို့တိုက်မိခင်တွေနဲ့ အသက် ၈၅ နှစ်အထက် အဖိုးအဖွားတွေကို ကျပ်သုံးသောင်းထောက်ပံ့မယ်လို့လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ် စန်းစန်းအေးက ပြောပါတယ်။

ငွေကြေးထောက်ပံ့မယ်အစီအစဉ်ကို အသက်မွေးဝမ်းကျောင်းမှုနဲ့ စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ(LIFT) အဖွဲ့နဲ့ မိတ်ဖက်အလှူရှင်နိုင်ငံတွေဖြစ်တဲ့ ဥရောပသမဂ၊ ဆွစ်ဇာလန်၊သြစတြေးလျ၊ အမေရိကန်၊ ကနေဒါစတဲ့ နိုင်ငံတွေက ကန်ဒေါ်လာ ကိုးသန်းထောက်ပံ့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင် တွေ၊ နို့တိုက်မိခင် နှစ်သိန်းလေးသောင်းကျော်အတွက် ကန်ဒေါ်လာ ငါးသန်းနီးပါးနဲ့ အသက် ၈၅ နှစ်အထက် အဖိုးအဖွား ၂သိန်းကျော်အတွက် ကန်ဒေါ်လာ လေးသန်းကျော်ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေကို ကလေးသူငယ်ပုညှက်မှုနှုန်းများတဲ့ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ ပါဝင်မှာဖြစ်ပါတယ်။

ထောက်ပံ့မှုတွေကို လာမယ့်ဇွန်လဆန်းမှာ စတင်မှာဖြစ်ပြီး သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တဆင့် အိမ်တိုင်ယာရောက်ပေးအပ်သွားမှာလည်းဖြစ်ပါတယ်။

အကျိုးခံစားခွင့်ရှိသူ လေးသိန်းလေးသောင်းကျော်ဟာ ကျပ်သုံးသောင်း တပေါင်းတည်းရရှိမှာဖြစ်ပြီး လူဦးရေ နှစ်သန်းနီးပါးအပေါ် ကပ်ရောဂါသက်သာမှုကိုလျော့ပါးစေဖို့ သွယ်ဝိုက်အထောက်အပံ့ဖြစ်စေမှာဖြစ်တယ်လို့ဆိုပါတယ်။

7Day TV

]]>
http://everbestmm.com/archives/35519/feed 0 35519
ဗစ်တိုးရီး ယား အမှု တစ်ဖန်ပြန် အသက်ဝင်လာတော့မှာလား http://everbestmm.com/archives/35514 http://everbestmm.com/archives/35514#respond Thu, 28 May 2020 16:53:12 +0000 http://everbestmm.com/?p=35514 နေပြည်ေ တာင်တွင် ဖြစ်ပွားခဲ့သော ဗစ်တိုးရီးယား အမှုကိစ္စ၌ ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူမှာ ကိုအောင်ကြီးဖြစ်ကြောင်း စွပ်စွဲခံသော်လည်း တရားရုံးမှ ပြစ်မှုမထင်ရှားသည့် အတွက် ပြန်လည်လွတ်မြောက်လာသော ကိုအောင်ကြီး နစ်နာမှုကို ကုစားသည့်အနေဖြင့် တရားမကြောင်းအရ ရဲတပ်ဖွဲ့ကို တရားစွဲဆိုသွားမည်ဖြစ် ကြောင်း ကိုအောင်ကြီးရှေ့နေ ဦးခင်မောင်ဇော်ကပြောဆိုသည်။

ကျွန်ေ တ်ာတို့က ကိုအောင်ကြီးကို စွဲချက်က လွှတ်တယ်ဆိုကတည်းက ကျွန်တော်တို့ပြောခဲ့ပါတယ်။ ကိုအောင်ကြီးနစ်နာမှုအတွက် ကျွန်တော်တို့အတွက် ကျွန်တော်တို့က တရားမကြောင်းအရ ကျွန်တော်တို့က ကိုအောင်ကြီး နစ်နာမှုအတွက် ကုစားမှု ရသမျှနည်းနဲ့ ကုစားမှုလုပ်မယ်ဆိုတာ အဲဒီပြောထားတဲ့စကားကို ကျွန် တော်တို့က အတည်အဖြစ်လုပ်တာပါပဲ” ဟု ၎င်းကပြောဆိုသည်။

ထိုသို့ တရားစွဲဆိုမှုပြုလုပ်ရာတွင် ဗစ်တိုးရီးယားအမှုကို စစ်ဆေးခဲ့သည့် နေပြည်တော်ရှိ ဒက္ခိဏခရိုင်တရား ရုံးတွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ “ ကျွန်တော်တို့က တရားမစွဲခင်ကြိုပြီးတော့ လုပ်ရမှာတွေရှိသေးတယ်။ ကျွန်တော်တို့က ဇွန်လ ပထမပတ်ထဲမှာလုပ်မှာပဲ ကျွန်တော်တို့က Notice ပေးမယ်။ ဒီအမှုမျိုးက တရားမကျင့်ထုံးအရ အစိုးရဌာနတို့ ဘာတို့ကို တရားမကြောင်းစွဲရင် ဘယ်သူ့ဆီမှ ခွင့်တောင်းစရာမလိုဘူး။ သို့သော် တစ်လကြိုတင်ပြီးတော့ အ ကြောင်းကြားရမယ်။

စွဲမယ့်ဌာနကို ကျွန်တော်တို့က Notice ပေးပြီးတော့ ဘာမှမတုံ့ပြန်ရင် ကျွန်တော်တို့ သတ်မှတ်ထားတဲ့အချိန်ပြည့်သွားတဲ့အခါ တရားရုံးမှာ တိုက်ရိုက်တရားစွဲတော့မှပေါ့။ တရားရုံးကို တရားမ မှု အနေနဲ့ တရားရုံးကို တိုက်ရိုက်လျောက်ပြီး တရားစွဲတာပေါ့။ ရဲတပ်ဖွဲ့ကိုစွဲမှာ ဘယ်သူတွေလဲဆိုတာက တော့ တရားစွဲရင်သိရပါလိမ့်မယ် ” ဟု ဦးခင်မောင်ဇော်ကပြောဆိုသည်။

ရဲတပ်ဖွဲ့က ကိုအောင်ကြီးကို ဗစ်တိုးရီးယားအမှု ကျူးလွန်သည်သူဟု စွပ်စွဲခံသော်လည်း သက်သေ ၂ဝ ခန့်စစ်ဆေးပြီးချိန်တွင် ကျူးလွန်သူဖြစ်ကြောင်း သက်သေမပြနိုင်သည့်အတွက် ၁၃ကြိမ်မြောက်ရုံးချိန်တွင် တရားရှင်လွှတ်ပေးရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဗစ်တိုးရီးယားအမှု ကိစ္စနှင့် ပတ်သက်ပြီး တရားခံအမှန်မပေါ်ပေါက်သည့်အတွက်

ရဲစည်းကမ်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဌာနတွင်းအရေးယူမှုများပြုလုပ်ထားကြောင်း နိုင်ငံတော် သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင်ပြောဆိုထားသော်လည်း မည်သည့်ရာထူးအ ဆင့်ရှိသူများနှင့်မည်သူကိုအရေးယူထားကြောင်းကို ပြောဆိုခြင်းမရှိပေ။

ဒုရဲချုပ် အောင်နိုင်သူသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ အတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဗစ်တိုးရီးယားအမှု ကျူးလွန်သူမှာ ကိုအောင်ကြီးဖြစ်ပြီး ကလေးငယ်တွင် ကိုအောင်ကြီး၏ သုတ်ပိုးတွေ့ရှိကြောင်း၊ အမှုစစ်ဆေးရာတွင် အဓိကသက်သေဖြစ်သည့် ဆရာမနှင်းနုသည် သက်ရှိသက်သေဖြစ်သည့်အ တွက် သူပြောချင်မှပြောလိမ့်မည်ဖြစ်ကြောင်း၊ ပြည်သူအများက ပြစ်မှုကျူးလွန်သူဟု ထင်မြင်ယူဆသူများသည် အမှုနှင့်မသက်ဆိုင်ကြောင်းစေသာ လူထု ဝေဖန်မှုများသော အချက်များကိုပြောဆိုခဲ့သူလည်းဖြစ် သည်။

]]>
http://everbestmm.com/archives/35514/feed 0 35514
မိဘသဘောမ တူသူ နဲ့ ခိုးရာလိုက်ပြေး လို့ ဖခင် ရဲ့ ခေါင်းဖြတ်သတ်မှု ကို ခံလိုက်ရတဲ့ အမျိုးသမီးလေး http://everbestmm.com/archives/35510 http://everbestmm.com/archives/35510#respond Thu, 28 May 2020 16:49:50 +0000 http://everbestmm.com/?p=35510 ”မ လုံခြုံ တဲ့ မိဘအိမ်” . . .။ ဒါကတော့ ပြုပြင်ပြောင်းလဲရေး လိုလားတဲ့ အီရန်သတင်းစာတစ်စောင်ရဲ့ သတင်းခေါင်းစဉ်ပါ။ မိဘသဘောမတူတဲ့ ချစ်သူနဲ့ ခိုးရာလိုက်ပြေးခဲ့တဲ့ ၁၄ နှစ် သမီးကို ဖခင်ကိုယ်တိုင် တံစဉ်နဲ့ ခေါင်းဖြတ်သတ်ခဲ့တဲ့ဖြစ်ရပ်အကြောင်း ရေးသားထားတာပါ။ ရှေးရိုးစွဲဆန်လွန်းတဲ့ လူ့အဖွဲ့အစည်းမှာတော့ ဒီလိုဖြစ်ရပ်မျိုးကို မိသားစုသိက္ခာဆည်တဲ့ သတ်ဖြတ်မှု(Honour killing)လို့ ခေါ်ကြပါတယ်။

အီရန်နိုင်ငံမြောက်ပိုင်း ဂီလန်ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် ရိုမီနာဟာ ဖခင်ဖြစ်သူ သဘောမတူတဲ့ ၃၅ နှစ်အရွယ် ချစ်သူအမျိုးသားနဲ့ ခိုးရာလိုက်ပြေးခဲ့ပါတယ်။ သူတို့စုံတွဲကို ရဲတပ်ဖွဲ့က တွေ့သွားချိန်မှာ ရိုမီနာက အိမ်ပြန်ရင် အသတ်ခံရလိမ့်မယ်၊ ပြန်မပို့ပါနဲ့လို့ တောင်းပန်ခဲ့ပေမဲ့ ရဲတပ်ဖွဲ့က အိမ်ပြန်ပို့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့ညမှာ သူ့အဖေက ရိုမီနာရဲ့ အိပ်ခန်းထဲဝင်၊ တံစဉ်နဲ့ လည်လှီးသတ်ပြီး အဖမ်းခံခဲ့ပါတယ်။ နာကျည်းခံပြင်းစရာ ဖြစ်စေခဲ့တဲ့ ဒီဖြစ်ရပ်ကြောင့် တွစ်တာပေါ်မှာ #Romina_Ashrafi လို့ ရေးသားဖော်ပြခဲ့သူ ၅၀၀၀၀ ကျော်ရှိခဲ့ပြီး အများစုကတော့ အဲဒီလူသတ်မှုနဲ့ အမျိုးသားတွေပဲ ဗိုလ်ကျကြီးစိုးနေတဲ့ အီရန်လူ့အဖွဲ့အစည်းရဲ့ သဘောသဘာဝကို ရှုတ်ချခဲ့ကြပါတယ်။

” ရိုမီနာက မိသားစုသိက္ခာဆည်ဖို့ အသတ်ခံရတဲ့ ပထမဆုံးနဲ့ နောက်ဆုံးတစ်ယောက် မဟုတ်ပါဘူး။ ဒေသတွင်းနဲ့ ကမ္ဘာ့လူ့အသိုက်အဝန်းမှာ ဗိုလ်ကျကြီးစိုးနေတဲ့ ဓလေ့ထုံးစံနဲ့ ဥပဒေကို ထိထိရောက်ရောက် မတားဆီးသရွေ့ ဒီလိုလူသတ်မှုတွေ ဖြစ်နေဦးမှာပဲ”လို့ အီရန်နိုင်ငံ အမျိုးသမီးအခွင့်အရေးကာကွယ်မှု လူ့အဖွဲ့အစည်းရဲ့ အတွင်းရေးမှူး မိုလာဗာဒီက ပြောပါတယ်။

အီရန်နိုင်ငံရဲ့ အစ္စလာမ်ပြစ်မှုစီရင်ထုံးအရ အိမ်တွင်းအကြမ်းဖက်မှု ဒါမှမဟုတ် မိသားစု သိက္ခာဆည်တဲ့ သတ်ဖြတ်မှုတွေမှာ ဖခင်နဲ့ တခြားမိသားစုဝင်တွေက ကလေးတွေကို သတ်တာ၊ ထိခိုက်ဒဏ်ရာရအောင်လုပ်တာ အစရှိတဲ့ စီရင်ချက်ချမှတ်ခံရရင် ပြစ်မှုလျှော့ပေါ့ပေးလေ့ရှိပါတယ်။ ပုံမှန်အတိုင်းဆိုရင် လူသတ်မှုအတွက် သေဒဏ်ဒါမှမဟုတ် နစ်နာကြေးပေးရပေမဲ့ ဖခင်တစ်ယောက်က သူ့သမီးကို သတ်လိုက်ရင်တော့ ထောင်ဒဏ် ၃ နှစ်ကနေ ၁၀ နှစ်ကြားပဲ ကျခံရမှာပါ။

အရှေ့အလယ်ပိုင်းနဲ့ အာရှတောင်ပိုင်း နိုင်ငံတွေမှာ မိသားစုသိက္ခာဆည်တဲ့ သတ်ဖြတ်မှုတွေ ဖြစ်လေ့ရှိပြီး နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝန်းမှာ အသတ်ခံရတဲ့ အမျိုးသမီး ၅၀၀၀ လောက်ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

]]>
http://everbestmm.com/archives/35510/feed 0 35510
အစိုးရ က ထောက်ပံ့မဲ့ လေးသောင်း နဲ့ ဖဲဝိုင်း ဟာသေ http://everbestmm.com/archives/35505 http://everbestmm.com/archives/35505#respond Thu, 28 May 2020 16:46:28 +0000 http://everbestmm.com/?p=35505 အစိုးရ က နိုင်ငံသားတစ်ဦးကို လေးသောင်း ထောက်ပံ့မယ်ဆိုတော့ ဖဲဝိုင်း ဟာသလေး တစ်ခုသွားသတိရတယ်။

တစ် ခါကပေါ့ အသုဘအိမ် ဖဲဝိုင်းတစ်ခုမှာ ကောင်လေးတစ်ယောက် ဖဲရိုက်နေတယ်။ ဘန့်ကိုင်တာ ဒိုင်အလှည့်ဆိုတော့ ကောင်လေးက ဒိုင်ပေါ့။ အစပိုင်း ဖဲကောင်းပြီး အတော်စားထားရတော့ ထိုးသားတွေက လက်ကြီးနေပြီ။ တစ်လှည့်လဲ ပြန်လျှော်ရရော စားထားသမျှ တစ်ခါတည်း ကုန်လုနီးပါး ဖြစ်သွားရော။

ရှုံးနေသူတွေက လိုက်ချင်တာပေါ့ ဒါပေမယ့် ဒိုင်မှာက ပိုက်ဆံက သိပ်မရှိတော့ဘူး။ အဲ့ဒါနဲ့ ထိုးဖို့ရာ တွန့်ဆုတ်နေကြတယ်။အဲ့ဒီ့ အချိန်မှာ လူကြီးတစ်ယောက် ပေါက်ချ လာပြီး ကောင်လေးရဲ့ နောက်မှာ ဝင်ထိုင်ပြီး ခုလိုပြောချလိုက်တယ်. . . . “ကဲ ထိုးကြစမ်းကွာ” ပြီးတော့ ကောင်လေးရဲ့ ပုခုံးကို တစ်ချက်ပုတ်လိုက်ပြီး “မပူနဲ့ချ ငါ့တူ နောက်မှာ လေးသောင်း ရှိတယ်”တဲ့ . . . . ဒီတော့ ထိုးသားတွေလဲ ဝုန်းကြတော့တာပေါ့။

ဖြစ်ချင်တော့ တစ်ဝိုင်းလုံး လျှော်ရပါလေရော။ လျှော်ဖို့က ပိုက်ဆံ မလောက်ဘူး ကောင်လေး က ပိုက်ဆံရေရင်း ပြတ်ပြီတဲ့။ အလျှော်မရသေးတဲ့ သူတွေက ကောင်လေးနောက်ကလူကြီးကို မျှော်လင့်တကြီး ကြည့်နေကြတယ်။ ဘဲကြီးက သူမဟုတ်သလို ခပ်တည်တည်ပဲ။

အဲ့မှာ မကျေမနပ် ဒေါသ သံတွေ ထွက်လာပါရော “ဟေ့လူ ခင်ဗျားပြောတော့ နောက်မှာ လေးသောင်း ရှိတယ်ဆို ထုတ်လေ။” လူကြီးက “အေး ရှိတယ်လေ ငါက ဘာကိုထုတ်ရမှာလဲ ” “ဟာ ဘာထုတ်ရမှာလဲ ပိုက်ဆံ ထုတ်ပေါ့ဗျ လျှော်ရမယ်လေ ” “လေးသောင်း ရှိတယ်ဆိုတာနဲ့ လျှော်ရမှာ ဘာဆိုင်လို့တုန်းဟ ” “ဟာ ဒီလူတော့ကွာ “ဆိုပြီး နဲနဲ လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။

လူကြီးလဲ ဒေါသ ဖြစ်သွားပုံရတယ် ငါ့တူကို ငါအားပေးတာလေကွာ နောက်မှာ လေးသောင်းရှိတယ်လို့ပြောတာ ဘာဖြစ်လဲ။ အဲ့ဒီချိန်မှာ သူ့တူ ဝင်ပြောလိုက်မှပဲ အားလုံး ရှင်းသွားတော့တယ်။

တော်ပါတော့ဦးလေးသောင်းရယ် တဲ့

]]>
http://everbestmm.com/archives/35505/feed 0 35505
ကျေး ဇူးပြုပြီး ဖြန့်ဝေပေးကြပါ…စကား မပြောတတ်သော ကလေးငယ်တ စ်ယောက် တွေ့ရှိထားပါတယ် သိရှိသူများဆက်သွယ်ပေးကြပါ http://everbestmm.com/archives/35500 http://everbestmm.com/archives/35500#respond Thu, 28 May 2020 16:42:25 +0000 http://everbestmm.com/?p=35500 28 . 5 . 2020 ရန်ကုန် သာကေတမြို့နယ် ၁၀/တောင် ၁၀၈ တောင် ဘုရားမြောက်ဘက်မုဒ် ရှေ့ကားမှတ်တိုင် တွင် နံနက် ၈ နာရီခန့် က ယောင်္ကျားလေး ကလေးငယ် တယောက် စကားလဲမပြောတက် မိဘ /နေရပ် လိပ်စာများ ကိုလဲမေးလို့ မရပါ သောကြောင့် သိရှိသူများ ဆက်သွယ်ပေးကြ ပါရန် မေတ္တာရပ်ခံ ပါသည် ။

Share ပေးခြင်းဖြင့် ကူညီကြ ပါအုံးနော်…

ဆက်သွယ်ရန်

ဖုန်း>09254498137

Toot Pe

သာကေတ

SH-Media

]]>
http://everbestmm.com/archives/35500/feed 0 35500
ကိုဗစ် ထက် ကြောက် ဖို့ကောင်း လာ လို့ ပါ…. မန္တေ လး ပြည်သူေ တွ ရဲ့ အသက်ကို ဒုက္ခပေးနေတဲ့ အရာတစ်ခု http://everbestmm.com/archives/35495 http://everbestmm.com/archives/35495#respond Thu, 28 May 2020 16:35:39 +0000 http://everbestmm.com/?p=35495 စိတ် ပူပေးကြတဲ့ သူငယ်ချင်းတွေ ကျေးဇူး ပါ ။မွေးကတည်း ပုရစ်ကြော် စားလာ တာ အသေကြိုက်တာ ဘာမှမဖြစ်ဘူး အခါပုရစ် မဟုတ် ခုကြမှ ဘယ်လို မတည့်တယ်မသိ မျက်နှာတွေယောင် ပီးမျက်လုံးတွေ နှစ် ဖက်လုံး ပိတ်ကုန် တယ်…

ပြီးတော့ အသက်ရှူတွေကြပ် အသက်ရှူမဝလို့ ဆေးရုံပြေးပီး အောက်စီ ဂျင်ပေး လိုအပ်တာ ဆရာဝန်တွေက ကုသ ပေးတော့ ခြေနေပြန်ကောင်း လာတာ နဲ့ ဆေးရုံကဆင်းခွင့်ပြုလိုက်တယ်။ကြောက်နေပါပီ လို့ အတော်လန့်သွား တယ်ဗျာ ။

ပြောချင်တာ က မန္တလေးက ပုရစ်တွေကို သေချာစီစဉ်ပေးဖို့လိုနေပါပြီ။ ယခုအခါပုရစ်တွေ ကို ဆေး နဲ့ဖမ်းလာတဲ့ အတွက် စားသုံးသူအသက်ကို အန္တာရာယ် ရှိလာလို့ပါ။

Credit U Htet Gyi

]]>
http://everbestmm.com/archives/35495/feed 0 35495
ဇနီးဖြစ်သူကိုယ်တိုင် ရေနွေး ပွက်ပွက် ဆူ နဲ့ လောင်းတာ ခံခဲ့ရပြီး ပတ်ဝန်းကျင် မှ ဆေးရုံတင်ပေးခဲ့ရ တဲ့ လူရွှင်တော် တော့ပ် http://everbestmm.com/archives/35490 http://everbestmm.com/archives/35490#respond Thu, 28 May 2020 16:30:13 +0000 http://everbestmm.com/?p=35490 နာ မည်ကြီး ဟာသလူရွှင်တော်ကြီး မော့စ်နဲ့တူတယ်ဆိုပြီး ပရိသတ်တွေက မှတ်ချက်ပေးကြတဲ့ လူရွှင်တော် တော့ပ်ကို သိတဲ့ပရိသတ်တွေကတော့ သိကြမယ် ထင်ပါတယ်။ လူရွှင်တော် တော့ပ်ဟာ အခုလက်ရှိအချိန်မှာတော့ ဇနီးဖြစ်သူရဲ့ ရေနွေးပူနဲ့လောင်းချတဲ့ ဒဏ်ရာကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။ လူရွှင်တော် တော့ပ်ရဲ့

အခြေအနေနဲ့ ပက်သတ်ပြီး မြန်မာနိုင်ငံလူရွှင်တော်အသင်းရဲ့ ပြန်ကြားရေးမှုးဖြစ်သူ ဦးကောင်းကျော်က အခုလိုပဲ ပြောပြလာပါတယ်။ “လင်မယား အချင်းများရာမှ ဇနီးဖြစ်သူမှ ယောကျာင်္းဖြစ်သူ အိပ်ပျော်နေစဉ် ရေနွေးပူဖြင့် လောင်းချခြင်းခံရပြီး ဇနီးမှ ဆေးဝါးကုသပေးခြင်းမပြုဘဲ ၁၀ရက်ကျော် အိမ်မှာထားရှိပြီး ဘေးပါတ်ဝန်းကျင်မှ အမြင်မတော်လို့ ဆေးရုံကို

ပို့ပေးကြရာတွင် ဇနီးဖြစ်သူမှ ဆေးရုံးလိုက်ပို့ပေးကြသူများအား သူ့လင်အားအိမ်သို့ ပြန် မခေါ်လာရန် လင်ယောကျာင်္းအဝတ်အစားများပါ တစ်ခါထည်း ထည့်ပေး လိုက်သည့်အတွက် ဆေးကုသရန်အခက်အခဲဖြစ်နေသော ဟာသလူရွှင်တော်တော့ပ် ၏ သတင်းအား ကြားသိရပါ၍” “မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်လှုမှုကူညီစောင့်ရှောက်ရေးကော်မတီ(ဗဟို) တို့နှင့်အတူ

မြန်မာ့စိတ်ရင်း ပရဟိတလူမှုကူညီရေးအသင်းမှ ဒု/ဥက္ကဋ္ဌ ဖြစ်သည့်( မင်းသားလေး) မိုးမာန် တို့၏ ပရဟိတအသင်းသားများစုပေါင်းပြီး ညောင်လေးပင်ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး ၅ထပ် ခွဲစိပ်ဆောင်သို့ ပို့ဆောင်ပေးခဲ့ကြပြီးမြန်မာ့စိတ်ရင်း ပရဟိတအသင်းမှ အနီးကပ်ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပါသည်။ ရေနွေးပူဖြင့် လောင်ခဲ့သော

လူရွှင်တော်တော့ပ် ၏ ဇနီးကို လည်း ကာယကံရှင် တော့ပ် ၏ ဆန္ဒအတိုင်း ညောင်လေးပင်ရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားကြောင်း သတင်းရ ရှိပါသည်။” ဆိုပြီး ပြောထားပါတယ်။ လင်မယားချင်း စိတ်အခန့်မသင့်လို့ စကားများရာမှ အခုလောက်ထိ အခြေအနေဖြစ်သွားခဲ့တာ စိတ်မကောင်းစရာပါပဲ။ လူရွှင်တော်တော့ပ်လည်း ခံစားနေရတဲ့ ဝေဒနာတွေ အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

]]>
http://everbestmm.com/archives/35490/feed 0 35490
သူေ ထာင်ကျနေ ချိန် မိဘတွေ ကွယ်လွန် ခဲ့ ရသည်ဟု အစ ချီကာ သူ့မိဘရဲ့ အကြောင်းကို ပြောပြ လာတဲ့ ဇာဂနာ http://everbestmm.com/archives/35485 http://everbestmm.com/archives/35485#respond Thu, 28 May 2020 16:25:46 +0000 http://everbestmm.com/?p=35485 ဟာ သလူရွှင်တော် အဖြစ် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့သလို ဦးဇာဂနာဟာ ငယ်စဉ်က ခေါင်းမာမှုတွေကြောင့် ထောင်ကိုမကြာခဏရောက်ခဲ့ရသူဖြစ်ပြီး အဲ့ဒီလို ထောင်ထဲရောက်နေချိန်မှာဘဲ မိဘနှစ်ပါးလုံးကွယ်လွန်ခဲ့ တာကြောင့် ယခုချိန်မှာ မိဘတွေ

သတိရရင်းနဲ့ မိဘတွေရဲ့ ခေါင်းမာခဲ့ပုံတွေ ကိုလဲ ပြောပြလာပါတယ်။ သူ ဒီအကြောင်းတွေပြောဖြစ်ခဲ့ပုံကို ” ကိုမြတ်ခိုင် တင်ထားတဲ့ ပုံက နေ ဆင့်ပွားလိုက်တာပါ။ ကျွန်တော့ အမေရော၊ အဖေရော ၊ ကျွန်တော်ထောင်ထဲ ရောက်နေတုန်းဆုံးပါးခဲ့ပါတယ်။ ကျွန်တော်

လိုက်မပို့ခဲ့ရသလို၊ သူတို့ ရုပ်ကလာပ် ကို မြင်ခွင့် မရခဲ့ပါဘူး။ သားသုံးယောက်မွေးထားတဲ့ မေမေဟာ၊သမီးတွေ ကို ချစ်တတ်ပါတယ်။ ရီရီ ၊ကလျာ၊အေးမိုး တို့ကတော့ သူ့သမီးတွေပေါ့။ အဲသည်သုံးယောက်လဲ နိုင်ငံရေးမှာ ခေါင်းမာကြလေရဲ့ သားအကြီးကလဲ ၅ ညနဲ့

ထောင်ကျ၊ သားအငယ် ကတော့ ၅ ည မကဘူး။ တစ်ထောင့်တစ်ည မကဘူး ထောင်ထဲရောက်ရ။ သားတွေနဲ့ပတ်သက်တဲ့ နိုင်ငံရေးသားတွေ သူ့မှာများတယ်။ ဘုန်းကြီးကစလို့ ဖိနပ်ချုပ်တဲ့သူအထိ။ ဖေဖေကတော့ ပြုံးနေတာ ကျွန်တော်သိတာပေါ့။ မေမေ့ထက်မာတယ်။

သေသည်ထိ ရဟန်းမတက်ဘူး။ ရွှေတိဂုံ ဖူးမသွားဘူး။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခြံထဲမှာ စာပေဟောပြောပွဲ သွားဟောလို့၊ သူ့နာမည် ကို စာရေးခွင့်ပိတ် ခဲ့တာ သူသေသည်ထိပဲ အဲ့သလို သွားဟောခဲ့တာ မှားပါတယ် လို့ လက်မှတ်ထိုး ပေးရင် ၊ စာ ရေးခွင့်ပြုမယ်ဆိုတော့၊

သူပြုံးတယ်။ သေသည်ထိ နန်းညွန့်ဆွေ နာမည် အသုံးပြုခွင့် ရမသွားဘူး။ သူဝမ်းနည်းမှာ မဟုတ်ဘူး။ သည်အဖေ သည်အမေက မွေးလာတဲ့သည်သားလဲ ခေါင်းမာတယ် ထင်ရဲ့။ အမေနဲ့ပိုတူတယ်လို့ ပြောကြသလို၊ သူများကိုနာအောင်လဲ ပြောတတ်တယ်။ ဟင် ဆိုပြီးရင်

လှည့်မကြည့်တတ်ဘူး။သေချာတာက ဘယ်အစိုးရ ပေးတာမှ မရဖူးသလို မယူဖူးဘူး။ ဘယ်သူ့မျက်နှာမှလဲ မထောက်ဘူး။သို့သော် မိဘအမွေ လူကဲခတ် မညံ့ တတ် ဘူး။လိုအပ်ရင် မီးလက်ဝါး ရေခဲတောင်သိုင်းတွေ ထုတ်သုံးမှာ။ စကားမစပ် ဇာဂနာ ဟာ လူဝင်စားပါ”

လို့ ဆိုကာ ပြောပြခဲ့ပါတယ်။ ဦးဇာဂနာကိုချစ်တဲ့ ပရိသတ်တွေ က သူပြောပြခဲတဲ့ သူ့ မိဘတွေရဲ့ အကြောင်းတွေကို သိရှိနိုင်စေဖို့အတွက် ​ပရိသတ်ကြီးကို ရေးသားဖော်ပြပေး လိုက်ပါတယ်။ ချစ်တဲ့ ပရိသတ်တွေအားလုံး ဖတ်ရူ့ပေးကြလို့ ကျေးဇူးအထူးတင်ရှိပါတယ်။

crd : urdufood

]]>
http://everbestmm.com/archives/35485/feed 0 35485
ကိုဗ စ်ကြောင့် ၀ယ်ယူသူ မရှိ လို့ဖျက်ဆီးရတော့မ ယ့် ဂေါ်ဖီထုပ်(၅)သိန်းကျော် ကိုဝယ်ယူကာ တစ်နိုင်ငံလုံး လိုက်ဝေနေတဲ့ KBZ ဘဏ် ဥက္ကဌကြီး http://everbestmm.com/archives/35477 http://everbestmm.com/archives/35477#respond Thu, 28 May 2020 16:13:30 +0000 http://everbestmm.com/?p=35477 ကိုဗစ်ကြောင့် ဒုက္ခရောက် ရတဲ့ ဂေါ်ဖီစိုက် တောင်သူတွေ ရဲ့ အခက်အခဲ ကို KBZ ဘဏ် ဥက္ကဌကြီး က ကူညီဖြေရှင်းပေး လိုက် ပါပြီ…

ကေ မ္ဘာဇဘဏ် သူဌေးကြီး ဦးအောင်ကိုဝင်း ရဲ့ သမီးဖြစ် သူ က ရှမ်းပြည်နယ်တောင်ပိုင်း မှာ ဒုက္ခရောက်နေ တဲ့ ဂေါ်ဖီစိုက်တောင် သူတွေ ရဲ့ အခက်အခဲ ကို ကူညီဖြေရှင်းပေး လိုက် တာ ကို ခုလို ရေး သား ထား ပါ တယ်

ဂေါ်ဖီထုပ်တောင် သူများ ကို ကူညီပံ့ပိုးခြင်း

ကျွန်မ ဖေဖေ ဦးအောင်ကိုဝင်းက ဝယ်ယူမယ့် သူမရှိလို့ ဖျက်ဆီးရတော့မယ် ဂေါ်ဖီထုပ် (၅) သိန်းကျော် ကို ဂေါ်ဖီထုပ်တောင်သူများတွေ အား ကူညီ ဖို့အတွက် ကိုယ်တိုင်သွားရောက်ဝယ် ယူခဲ့ပြီး ကုန်တင် ကားကြီးများ နဲ့ ဖြန့်ဝေလှူဒါန်းနေ ပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း က ပအိုဝ့်၊ တောင်ရိုးနှင့် ကယန်းတိုင်းရင်းသားတွေ စိုက်ပျိုးထားတဲ့ ဂေါ်ဖီထုပ်ရေ (၅) သိန်းလောက် ရှိမယ်လို့ ခန်မှန်းတာကြောင့် ဖေဖေက ဝယ်ယူပြီး နိုင်ငံ အနှံ အပြား က အကျဉ်းထောင်တွေနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပခုက္ကူ၊ မြင်းခြံ၊ ရမည်းသင်း၊ မော်လမြိုင်၊ အေးသာယာက မိဘမဲ့ဂေဟာများ နဲ့ အခြေခံပြည်သူတွေ ကို စနစ်တကျ ဖြန့်ဝေလျက်ရှိ ပါတယ် ။

“တစ်ရက်တစ်ရက် စိုက်ထာခဲ့တာတွေ ဘယ်ပို့ရမှန်းမသိတော့ စိတ်မကောင်းဘူး။ ဘယ်ရောင်းရမှန်းလည်း မသိဘူး။

အခုတော့ နောက်ရာသီဆက်ပြီး ရင်းနှီးစိုက်ပျိုးဖို့ ကျွန်မ အရင်းလေး ရပါပြီ။ ” ဆိုတဲ့ တောင်ရိုးလူမျိုး တောင်သူတစ်ဦးရဲ့ ပြောစကားကို ကြားတဲ့အခါမှာ ကျွန်မ စိတ်မကောင်းဖြစ်မိပါတယ်။ သူတို့ရဲ့အခက်အခဲကို တတ်နိုင်သမျှ ကူညီလိုက်နိုင်လို့လည်း ပီတိဖြစ်မိပါတယ်။

တောင်သူတွေ လတ်တလော အဆင်ပြေစေဖို့အတွက်လည်း ဆန်( ၃)ပြည်၊ ဆီ(၁)ဗူး၊ ဆား(၁)ထုပ်၊ ကုလားပဲ (၅၀) ကျပ်သား၊ ငွေကျပ်တစ်သောင်းစီကိုလည်း ပေးဝေခဲ့ပါတယ်။

တောင်သူများရဲ့ အခက်အခဲကို ကိုယ်တိုင်ယာခင်ထဲဆင်းပြီး ကူညီပေးတဲ့ ဖေဖေကို ကျေးဇူးတင်ပါတယ်။

ကုန်ကားတွေ သက် ဆိုင် ရာမြို့တွေရောက်လာချိန်မှာ လိုအပ်နေတဲ့ အခြေခံပြည်သူများ လက်ထဲအရောက် ထပ်ဆင့်ဖြန့်ချီပေးတဲ့ မိတ်ဆွေများ၊ ပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းများ အားလုံး ကိုလည်း ကျေးဇူးအထူး တင်ပါတယ် ။

ဒီလို ခက်ခဲတဲ့ကာလမှာ ကျွန်မတို့တတွေ တစ်ဦးကိုတစ်ဦး တတ်နိုင်သမျှ ကူညီရင်း အတူတကွ ဖြတ်ကျော်ကြမှာပါ။

Nang Lang Kham

]]>
http://everbestmm.com/archives/35477/feed 0 35477
နောက်ခံ အသံတုလော ကတွင် ကျော်ကြား ခဲ့သော အသံ တုဝိဇ္ဇာ ဦးရဲမြင့်လေး ကွယ်လွန်ပြီ http://everbestmm.com/archives/35472 http://everbestmm.com/archives/35472#respond Thu, 28 May 2020 15:15:41 +0000 http://everbestmm.com/?p=35472 တစ်ခေတ်တစ်ခါက နောက်ခံအသံတုလောကတွင် ပါးစပ်သေနတ်ပစ် အသံတု၊ တိရစ္ဆာန်အသံတု၊ လူအသံတုဖြင့် ကျော်ကြားခဲ့သောအသံတု ရဲမြင့်လေးသည် မေ ၂၄ ရက် ညနေ ၅နာရီက ၎င်းနေထိုင်ရာ သာကေတ မြို့နယ်ရှိ နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။အသံတုရဲမြင့်လေး၏ အမည်ရင်းမှာ ဦးမောင်မြင့်ဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီး ဒလမြို့နယ် ရခိုင်ချောင်ကျေးရွာတွင် အဖ ဦးကျော်ဆိုင်၊ အမိ ဒေါ်ချစ်မြတို့မှ မွေးဖွားခဲ့သည်။

၁၀ တန်းကျောင်းသားဘဝ သာကေတမြို့နယ်ရှိ အောင်ခေတ်မီ အနုပညာကျောင်း၌ ပညာဆည်းပူးနေစဉ် အနုပညာကျောင်းပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲတွင် ”ကျွန်တော်သာရုပ်ရှင်မင်းသားဖြစ်ခဲ့ရင်” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ရာ ပထမဆုရရှိခဲ့ပြီး ထိုအချိန်မှစ၍ အသံတု လုပ်ခြင်းကို ဝါသနာပါခဲ့ကြောင်း ၎င်း၏ အင်တာဗျူးတစ်ခုတွင် ဖြေကြား ထားသည်။

အသံတုရဲမြင့်လေးသည် မျက်လှည့်ပညာကို အကယ်ဒမီဖိုးပါကြီး၊ ဆရာပဏ္ဏဝ၊ ဆရာပြည်ဘိုလာ၊ အသံတုနှင့်မျက်လှည့် ချန်ပီယံ တင်ညွန့်တို့ ထံတွင် သင်ယူခဲ့ပြီးအသံတုပညာရှင် (ရွှေတံဆိပ်ဆုရှင်) ၊ စိတ်-အာရုံ- မနောပညာရှင်၊ မျက်လှည့်ပညာရှင်အဖြစ် ထင်ရှားသည်။ အသံတု လုပ်ရာတွင် ဗိုလ်ချုပ်အောင်ဆန်း ငါးဘဝပြဇာတ်အတွက် ဗိုလ်ချုပ်၏အသံနှင့် မိန့်ခွန်းများကို နောက်ခံအသံဖြင့် သရုပ်ဆောင်ခဲ့သည်။ တွံတေး သိန်းတန်၊ ဟင်္သာတထွန်းရင်၊အညာသားအေးလွင်၊ မောင်မောင်ညွန့်တို့ ၏ ကက်ဆက်တိပ်ခွေ ဇာတ်လမ်းများတွင် သရုပ်ဆောင်ပေးခဲ့သည်။

ယခုနောက်ပိုင်း MRTV 4 မျက်လှည့်အစီအစဉ်မှ သင်တန်းများ ပို့ချ ခဲ့ပြီး Channel 9 မှ ထုတ်လွှင့်ခဲ့သော ဤဘဝဝယ် အစီအစဉ်တွင် စည်သူ ဗိုလ်ကလေးတင့်အောင်၏တာဝန်ပေးချက်အရ ဥဩဘသောင်၏ ဘဲကျောင်းသားသီချင်းကို အသံတုဖြင့် သရုပ်ဆောင်ခဲ့ရကာ အသက် ၈၁ နှစ်အရွယ်တွင် ကျန်းမာရေးအရ အနားယူလျက်ရှိသည်။

အသံတုရဲမြင့်လေးသည် နဝမအကြိမ်မြောက် သက်ကြီးဂီတ ပညာရှင်များ ပူဇော်ကန်တော့ပွဲမှစပြီး ကန်တော့ခံအဖြစ် စတင်ပါဝင်ခဲ့ကာသာကေတမြို့နယ် (၃)ရန်ပြေရပ်ကွက် ၂ ဈေးလမ်း အမှတ် ၂၁/က နေအိမ်တွင် မိသားစုနှင့် နေထိုင်လျက်ရှိစဉ် အသက် ၈၂ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ကြေးမုံ

]]>
http://everbestmm.com/archives/35472/feed 0 35472